ေနျပည္ေတာ္၊ ပ်ဥ္းမနား၊ ဆင္႐ုပ္အနီးရွိ ေစ်းဆုိင္ခန္းအခ်ဳိ႕ အင္အားသုံး ဖယ္ရွားရွင္းလင္းခံရ

0
237

ေနျပည္ေတာ္။ဒီဇင္ဘာ ၉။၂၀၁၇

ေနျပည္ေတာ္၊ ပ်ဥ္းမနား၊ ဆင္႐ုပ္အနီးရွိ ေစ်းဆုိင္ခန္းအခ်ဳိ႔ကုိ ဒီဇင္လာ ၉ ရက္ေန႔က အင္အားသုံးဖယ္ရွားရွင္း လင္းခံခဲ႔ရသည္။

အဆုိပါဆုိင္ခန္းမ်ားကုိ လယ္ယာစုိက္ပ်ဳိးေရးႏွင္႔ ဆည္ေျမာင္း၀န္ႀကီးဌာနလက္ေအာက္ရွိ စက္မႈလယ္ယာ ဦးစီးဌာနပုိင္ေျမ ရုံးမ်က္ႏွာသာတြင္ ၂၀၀၃ ခုႏွစ္က ကန္ထရိုက္တာႏွင္႔ ၁၀ ႏွစ္ ငွားရမ္းသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆုိ ေဆာက္လုပ္ခဲ႔ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ကန္ထရိုက္ကုိ ၁၀ ႏွစ္စာခ်ဳပ္နဲ႔ ေျမငွားရမ္းေပးခဲ႔ပါတယ္။ ၁၀ ျပည့္ရင္ စက္မႈလယ္ယာပုိင္ျဖစ္တယ္ဆုိတာလဲ ထည့္ျပီးခ်ဳပ္ထားၿပီးသားပါ။ ၂၀၁၃ ခုႏွစ္က ၁၀ ႏွစ္ျပည့္သြားတဲ႔ အခ်ိန္မွာ ကန္ထရုိက္ကလည္း စက္မႈလယ္ယာကုိ ျပန္လည္အပ္ႏွံသလုိ က်ေနာ္တုိ႔ကလည္း ဒီဆုိင္ခန္းေတြ ျပန္လည္အပ္ႏွံပါဆုိၿပီး လက္ရွိ ေရာင္းခ်ေနထုိင္ေနတဲ႔သူေတြအပါအ၀င္ေပါ႔ စာနဲ႔ပဲအေၾကာင္းၾကားခ႔ဲပါတယ္”ဟု စက္မႈလယ္ယာဦးစီးဌာန၊ ခရုိင္ဦးစီးမွဴး ဦး၀င္းသန္႔က ေျပာသည္။

စက္မႈလယ္ယာ၏ မ်က္ႏွာသာ႐ွိ ဆုိင္ခန္းေပါင္း ၁၅ ခန္းကို ကန္ထရိုက္တာႏွင္႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိ ၿပီး ေဆာက္လုပ္ခဲ႔ကာ ထုိအခ်ိန္က ၂ ခန္းကုိ ဌာနပုိင္အေနျဖင႔္ရရွိခဲ႔ၿပီး က်န္သည္႔ ၁၃ ခန္းအား ကန္ထရုိက္တာကုိ ၁၀ ႏွစ္ ငွားရမ္းလုပ္ကုိင္ခြင္႔ေပးထားခဲ႔ေၾကာင္း သိရွိသည္။

“ကန္ထရုိက္နဲ႔ စက္မႈလယ္ယာနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတာက ၁၀ ႏွစ္ေပါ႔။ ၁၀ ျပည္႔ရင္ စက္မႈလယ္ယာက အခန္းပုိင္ မယ္။ အဲ႔အခါက်ရင္ အခုလက္ရွိေနတဲ႔ ပုိင္ရွင္သမားေတြကုိ သင္႔ေတာ္တဲ႔ ေစ်းႏႈန္းနဲ႔ ျပန္ၿပီးေတာ႔ အငွားခ်ေပး မယ္ဆုိၿပီးေတာ႔ ေျပာထားတယ္။ အဲဒီလုိ သင္႔ေတာ္တဲ႔ ေစ်းႏႈန္းနဲ႔ ညိွၿပီးေနဖုိ႔ကုိ အထက္ထက္ကုိ စာေတြတင္တယ္။ စာေတြတင္ေပမယ္႔ သူတုိ႔က အမတုိ႔ကုိ ျပန္ၿပီးေတာ႔ ေျဖၾကားခ်င္းမရွိဘူး။ ညွိႏႈိင္းခံျခင္းမရွိဘူး။ အဲဒီလုိမရိွပဲနဲ႔ အစ္မတုိ႔ကုိ အခုလိုေခြးေမာင္းေမာင္းသလုိဆြဲထုတ္တာ”ဟု မွ်စ္ခ်ဥ္ ေရာင္းခ် ေနသူ ေဒၚမုိးျမင္႔စမ္းဦးမွ ေျပာသည္။

ဆုိင္ခန္းမ်ားကုိ ၁၉၅၅ ခုႏွစ္၊ အစုိးရအိမ္ဥပစာ (ႏွင္ထုတ္ျခင္း) အက္ဥပေဒပုဒ္မ ၃ (၂) အရ ေဆာင္ရြက္ခဲ႔ၿပီး ယခုကဲ႔သုိ႔ ဖယ္ရွားရွင္းလင္းရျခင္းသည္ စက္မႈလယ္ယာမွ ၀န္ထမ္းအင္အားတုိးပြားလာခဲ႔ျခင္းေၾကာင္႔ ေနထုိင္ရာ ေနရာခ်ထားေပးရန္ စီစဥ္ရျခင္းျဖစ္ေၾကာင္း၊ ဆုိင္ခန္းမ်ားထဲမွ ၂ ခန္းတြင္လည္း ၀န္ထမ္းမ်ား လက္ရွိေနထုိင္ေနၿပီျဖစ္ေၾကာင္း ကုိလည္း ဦး၀င္းသန္႔က ေျပာသည္။

ဆုိင္ခန္းမ်ားကုိ ကန္ထရုိက္တာႏွင္႔ သေဘာတူညီခ်က္ စာခ်ဳပ္ (၁၀ႏွစ္) ျပည္႔ၿပီးကတည္းက ငွားရမ္းခ ေကာက္ခံျခင္းမရွိခဲ႔ေၾကာင္းႏွင္႔ ဆုိင္ခန္း တစ္ခန္းငွားရမ္းခ ၁ ႏွစ္လွ်င္ က်ပ္ ၉ သိန္း၀န္းက်င္ ေပါက္ေစ်းရွိၿပီး ဆုိင္ခန္း ၁၀ ခန္းအတြက္ ၄ ႏွစ္စာ က်ပ္ သိန္း ၃၆၀ ခန္႔ ႏွစ္နာမႈရွိခဲ႔ေၾကာင္း စက္မႈလယ္ယာဦးစီးဌာနက ေျပာသည္။

ယဥ္ေကႏြယ္ (ေနျပည္ေတာ္)

 

နေပြည်တော်။ဒီဇင်ဘာ ၉။၂၀၁၇

နေပြည်တော်၊ ပျဉ်းမနား၊ ဆင်ရုပ်အနီးရှိ စျေးဆိုင်ခန်းအချို့ကို ဒီဇင်လာ ၉ ရက်နေ့က အင်အားသုံးဖယ်ရှားရှင်း လင်းခံခဲ့ရသည်။

အဆိုပါဆိုင်ခန်းများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စက်မှုလယ်ယာ ဦးစီးဌာနပိုင်မြေ ရုံးမျက်နှာသာတွင် ၂၀၀၃ ခုနှစ်က ကန်ထရိုက်တာနှင့် ၁၀ နှစ် ငှားရမ်းသဘောတူစာချုပ် ချုပ်ဆို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကန်ထရိုက်ကို ၁၀ နှစ်စာချုပ်နဲ့ မြေငှားရမ်းပေးခဲ့ပါတယ်။ ၁၀ ပြည့်ရင် စက်မှုလယ်ယာပိုင်ဖြစ်တယ်ဆိုတာလဲ ထည့်ပြီးချုပ်ထားပြီးသားပါ။ ၂၀၁၃ ခုနှစ်က ၁၀ နှစ်ပြည့်သွားတဲ့ အချိန်မှာ ကန်ထရိုက်ကလည်း စက်မှုလယ်ယာကို ပြန်လည်အပ်နှံသလို ကျနော်တို့ကလည်း ဒီဆိုင်ခန်းတွေ ပြန်လည်အပ်နှံပါဆိုပြီး လက်ရှိ ရောင်းချနေထိုင်နေတဲ့သူတွေအပါအဝင်ပေါ့ စာနဲ့ပဲအကြောင်းကြားခဲ့ပါတယ်”ဟု စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းသန့်က ပြောသည်။

စက်မှုလယ်ယာ၏ မျက်နှာသာရှိ ဆိုင်ခန်းပေါင်း ၁၅ ခန်းကို ကန်ထရိုက်တာနှင့် သဘောတူစာချုပ်ချုပ်ဆို ပြီး ဆောက်လုပ်ခဲ့ကာ ထိုအချိန်က ၂ ခန်းကို ဌာနပိုင်အနေဖြင့်ရရှိခဲ့ပြီး ကျန်သည့် ၁၃ ခန်းအား ကန်ထရိုက်တာကို ၁၀ နှစ် ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားခဲ့ကြောင်း သိရှိသည်။

“ကန်ထရိုက်နဲ့ စက်မှုလယ်ယာနဲ့ စာချုပ်ချုပ်ထားတာက ၁၀ နှစ်ပေါ့။ ၁၀ ပြည့်ရင် စက်မှုလယ်ယာက အခန်းပိုင် မယ်။ အဲ့အခါကျရင် အခုလက်ရှိနေတဲ့ ပိုင်ရှင်သမားတွေကို သင့်တော်တဲ့ စျေးနှုန်းနဲ့ ပြန်ပြီးတော့ အငှားချပေး မယ်ဆိုပြီးတော့ ပြောထားတယ်။ အဲဒီလို သင့်တော်တဲ့ စျေးနှုန်းနဲ့ ညှိပြီးနေဖို့ကို အထက်ထက်ကို စာတွေတင်တယ်။ စာတွေတင်ပေမယ့် သူတို့က အမတို့ကို ပြန်ပြီးတော့ ဖြေကြားချင်းမရှိဘူး။ ညှိနှိုင်းခံခြင်းမရှိဘူး။ အဲဒီလိုမရှိပဲနဲ့ အစ်မတို့ကို အခုလိုခွေးမောင်းမောင်းသလိုဆွဲထုတ်တာ”ဟု မျှစ်ချဉ် ရောင်းချ နေသူ ဒေါ်မိုးမြင့်စမ်းဦးမှ ပြောသည်။

ဆိုင်ခန်းများကို ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၃ (၂) အရ ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းရခြင်းသည် စက်မှုလယ်ယာမှ ၀န်ထမ်းအင်အားတိုးပွားလာခဲ့ခြင်းကြောင့် နေထိုင်ရာ နေရာချထားပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ဆိုင်ခန်းများထဲမှ ၂ ခန်းတွင်လည်း ၀န်ထမ်းများ လက်ရှိနေထိုင်နေပြီဖြစ်ကြောင်း ကိုလည်း ဦးဝင်းသန့်က ပြောသည်။

ဆိုင်ခန်းများကို ကန်ထရိုက်တာနှင့် သဘောတူညီချက် စာချုပ် (၁၀နှစ်) ပြည့်ပြီးကတည်းက ငှားရမ်းခ ကောက်ခံခြင်းမရှိခဲ့ကြောင်းနှင့် ဆိုင်ခန်း တစ်ခန်းငှားရမ်းခ ၁ နှစ်လျှင် ကျပ် ၉ သိန်းဝန်းကျင် ပေါက်စျေးရှိပြီး ဆိုင်ခန်း ၁၀ ခန်းအတွက် ၄ နှစ်စာ ကျပ် သိန်း ၃၆၀ ခန့် နှစ်နာမှုရှိခဲ့ကြောင်း စက်မှုလယ်ယာဦးစီးဌာနက ပြောသည်။

ယဉ်ကေနွယ် (နေပြည်တော်)

Leave a Reply