တံကောက်ကြောဒဏ်ရာကြောင့် အာဂျင်တီးနား- စပိန်ခြေစမ်းပွဲကို မက်ဆီ ပါဝင်နိုင်မည်မဟုတ်

0
139

မတ် ၂၇ ၊ ၂၀၁၈

အသက်၃၀ အရွယ်ရှိတဲ့ မက်ဆီဟာအာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် စပိန်နဲ့ ကစားမယ့် ခြေစမ်းပွဲကို ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။

မက်ဆီဟာ အာဂျင်တီးနား ၂-၀ အီတလီပွဲစဉ်မှာလည်း ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ သူဟာ စပိန်နဲ့ ကစားမယ့် ပွဲစဉ်မှာ ပါဝင်နိုင်ဖို့အတွက် ဆန္ဒရှိနေပါတယ်။ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ သူဟာ ပုံမှန်လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲနီးကပ်လာချိန်မှာတော့ မက်ဆီဟာ စပိန်နဲ့ ပွဲစဉ်ကိုလည်း လွဲချော်မယ်လို့ မာကာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

“ကျွန်တော့်ဆန္ဒကတော့ စပိန်နဲ့ပွဲကို ပါဝင်ကစားချင်ပါတယ်။ကျွန်တော်ဟာ အသင်းအတွက် အရွေးခံထားရပေမယ့် အီတလီနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ အခု လေ့ကျင့်ရေးအစီအစဉ်မှာလည်း ပုံမှန်အတိုင်း ကစားနိုင်ပါတယ်။ ဒါကြောင့် ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်”ဟု မက်ဆီက တနင်္လာနေ့ နေ့လယ်ခင်းမှာ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ညပိုင်းမှာတော့ သူဟာ စပိန်နဲ့ ပွဲစဉ်ကို ပါဝင်နိုင်တော့မှာ မဟုတ်ဘဲ အီတလီနဲ့ ပွဲစဉ်ကလိုပဲ မန်စီတီး တိုက်စစ်မှူး အဂူရိုနဲ့အတူ ပွဲကြည့်စင်ကနေသာ ဒုတိယအကြိမ်မြောက် ထပ်မံကြည့်ရှုရတော့မယ်လို့ သိရပါတယ်။

NN

Leave a Reply