“လက်​ရှိ မြန်​မာပြည်​မှာက ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ပါဝါက ဘယ်​သူနဲ့ပဲ ယှဉ်​ယှဉ်​ သူ့ပါဝါကိုဘယ်​သူမှ လိုက်​လို့မရဘူး”

0
194

ဦးဇေယျာကို

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ ဖြစ်ပေါ်နေတဲ့ သမ္မတအပြောင်းအလဲနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အခြေအနေတွေကို စာဖတ်သူများ သိရှိနိုင်ဖို့အတွက် နက္ခတ်​​ဗေဒ ပညာရှင်​ ဦး​ဇေယျာကိုနဲ့ The Fifth Wave News တို့ တွေ့ဆုံမေးမြန်းထားမှုကို တင်ဆက်လိုက်ပါတယ်။

အ​မေး ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး အခြေအနေတွေအရ ဘယ်လိုနက္ခတ်တွေ ဖြစ်ပေါ်နေပါသလဲ။

အ​​ဖြေ ။ ၂၀၁၈ခုနှစ်​ ​အောက်​တိုဘာလ မတိုင်​ခင်​အထိ တိုင်းပြည်​မှာ စီးပွား​ရေးပိုင်းဆိုင်​ရာမှာလည်း ထင်​သ​လောက်​တိုးတက်​ဖွံ့ဖြိုးမှု မရ​နိုင်​​သေးဘူး။ နိုင်​ငံ​ရေးပိုင်း ၊ အုပ်​ချုပ်​​ရေးပိုင်းဆိုင်​ရာမှာလည်း နိုင်​ငံ့ကိုဦး​ဆောင်​​နေတဲ့ အထက်​အကြီးအကဲ​တွေရဲ့ စိတ်​ပင်​ပန်း၊လူပင်​ပန်းမှု များပြားတဲ့အ​ခြေ​နေ​တွေ၊ ပဋိပက္ခပြဿ
နာဖြစ်​စဉ်​​တွေဆက်​ပြီး​တော့ ရှိ​နေ​သေးတယ်​။အနီးစပ်​ဆုံး ဧပြီလ ၂ရက်​​နေ့မှာ အဂါင်္နဲ့ စ​နေ ဂြိုလ်​​တွေ ဓနုရာသီခွင်​မှာ ဂြိုလ်စစ်​ထိုးတဲ့ဖြစ်​စဉ်​ ဖြစ်​​ပေါ်မယ်​။ ဒီဖြစ်​စဉ်​​ကြောင့်​ တိုင်းပြည်​နိုင်​ငံ ဧရိယာအတွင်းမှာလည်း တပ်​မ​တော်​ရဲ့ စစ်​ဆင်​​ရေးပိုင်းဆိုင်​ရာ ထူးခြားဖြစ်​စဉ်​​တွေ ဖြစ်​​ပေါ်လာနိုင်​တယ်​။တပ်​မ​တော်​ပိုင်းဆိုင်​ရာ ထိပ်​တန်းအုပ်​ချုပ်​သူ​တွေအ​နေနဲ့လည်း ထူးခြားတဲ့အ​ပြောင်းအလဲ​တွေ ဖြစ်​​ပေါ်လာနိုင်​တယ်​။အဂါင်္ ၊ ​စ​နေဂြိုလ်​စစ်​ထိုးမှု​ကြောင့်​ အိန္ဒိယ သမုဒ္ဒရာနဲ့ ဘင်္ဂလားပင်​လယ်​အတွင်းမှာ မုန်​တိုင်းဖြစ်​စဉ်​တစ်​ခု ဖြစ်​​ပေါ်လာနိုင်​တယ်​။ ဒီအဂါင်္ ၊ စ​နေဂြိုလ်​ စစ်​ထိုးမှုဟာ ကမ္ဘာ့ အခင်းအကျင်းမှာလည်း အ​မေရိကန်​နိုင်​ငံနဲ့ အများကြီးပတ်​သတ်​​နေတာဖြစ်​တဲ့အတွက်​​ကြောင့်​ အ​မေရိကန်​နိုင်​ငံနဲ့ ပြိုင်​ဘက်​နိုင်​ငံ​တွေရဲ့ စစ်​​ရေးအားပြိုင်​မှု ၊ စစ်​​ရေးတင်းမာမှု ထူးခြားဖြစ်​စဉ်​​တွေ ​ပေါ်​ပေါက်​လာနိုင်​သလို အ​မေရိကန်​နိုင်​ငံရဲ့ ​နေရာ​ဒေသအချို့မှာ အကြမ်းဖက်​ တိုက်​ခိုက်​မှု​တွေ​ကြောင့်​ လူ​ပေါင်းများစွာထိခိုက်​တာမျိုး​တွေ ဖြစ်​​ပေါ်လာနိုင်​တယ်​။ ဖြစ်​​ပေါ်နိုင်​တဲ့ ကာလအပိုင်းအခြားက​တော့ ၂၀၁၈ ဧပြီလဆန်းက​နေစတင်​ပြီး​တော့ ၂၀၁၈​မေလအတွင်း ၂ လတာ ကာလအတွင်းမှာ တိုင်းပြည်​နိုင်​ငံရဲ့ အ​ရေးကိစ္စရပ်​​တွေမှာ​ရော ကမ္ဘာ့အခင်းအကျင်း​တွေမှာ​ရော သတိထားပြီး​တော့ ​စောင့်​ကြည့်​ရမယ့်​ ဖြစ်​စဉ်​​တွေရှိတယ်​။အဂါင်္ ၊ စ​နေ စစ်​ထိုးမှု​ကြောင့်​ပဲ လက်​ရှိမြန်​မာနိုင်​ငံမှာဖြစ်​​ပေါ်​နေတဲ့ ရခိုင်​ပြည်​နယ်​ ပဋိပက္ခ အ​ရေးအခင်း​တွေမှာ ထပ်​မံပြီး​တော့ ဆိုးရွားတဲ့ဖြစ်​စဉ်​​တွေ ​ပေါ်​ပေါက်​လာနိုင်​တယ်​။ အဂါင်္ ၊ စ​နေဂြိုလ်​စစ်​ထိုးမှုမှာ နိုင်​ငံရဲ့လက်​ရှိအတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ ဓနုရာသီလက်​​ပေါ်မှာ လာပြီး​တော့ ဂြိုလ်​စစ်​ထိုးမှုရယ်​ ၊ သူ့ရဲ့မူလ ဇာတာခွင်​မှာရှိတဲ့ စ​နေဂြိုလ်​ ၊ ရာဟုဂြိုလ်​​တွေကို ဂြိုလ်​စစ်​ထိုးတဲ့ အဂါင်္ ၊ စ​နေဂြိုလ်​​တွေက မြင်​ထားတယ်​။ သူ့ရဲ့မူလဇာတာမှာရှိတဲ့ ဓနုလက်​နဲ့ဂိတ်​​ပေါ်ကိုလည်း ဂြိုလ်​စစ်​ထိုးတဲ့ ​ကောဇာ အဂါင်္ ၊စ​နေဂြိုလ်​​တွေက စီးနင်းထားတာဖြစ်​တဲ့အတွက်​​ကြောင့်​ ​ဒေါ်​အောင်​ဆန်​စုကြည်​အ​နေနဲ့ ရုတ်​တရက်​ ကျန်းမာ​ရေးအညံ့ ​ပေါ်​ပေါက်​တာရယ်​ ကျန်းမာ​ရေးအညံ့​ကြောင့်​ ခွဲစိတ်​ကုသမှုခံယူရတာမျိုး​တွေရှိတယ်​။

အ​မေး။ မြန်မာနိုင်ငံရဲ့ သမ္မတ အပြောင်းအလဲအပေါ် ဆရာရဲ့ သဘောထားအမြင်လေး သိပါရစေ။

အ​ဖြေ ။ တိုင်းပြည်​မှာလည်း​ပြောင်းရမယ့်​အချိန်​​ပေါ့။ ဒါက နိုင်​ငံ​တော်​သမ္မတကြီးရဲ့ ဇာတာမှာလည်း ဒီလိုအဖြစ်​အပျက်​ဖြစ်​​ပေါ်မယ့်​အချိန်​ဖြစ်​တဲ့အတွက်​​ကြောင့်​ တိုင်းပြည်​နိုင်​ငံအတွက်​လည်း ​ကောင်းတဲ့ အ​ပြောင်းအလဲ အဖြစ်​လက်​ခံတယ်​။ ဒီလို​ပြောင်းလဲမှုကလည်း လွန်​ခဲ့နှစ်​ ၃၀၊ ၁၉၅၈ ခုနှစ်​မှာ ဝန်​ကြီးချုပ်​ဦးနုက​နေပြီး ဗိုလ်​ချုပ်​ကြီး ​နေဝင်းလက်​ထဲကို အိမ်​​စောင့်​အစိုးရ ဖွဲ့စည်းပြီး​တော့ တိုင်းပြည်​အာဏာကိုလွှဲ​ပြောင်း​ပေးအပ်​ခဲ့ရတယ်​။အဲ့ဒီမှာလည်း လက်​ရှိရှိ​နေသလိုပဲ မြန်​မာပြည်​ရဲ့ နိုင်​ငံ​ရေး ၊ အုပ်​ချုပ်​​ရေး အစိုးရအဖွဲ့အစည်းကို အထူးကိုယ်​စားပြုတဲ့ ဓနုရာသီခွင်​ထဲမှာရှိတဲ့ တနင်္ဂ​နွေဂြိုလ်​​ပေါ်ကို ​ကောဇာ စ​နေ လာပြီး​တော့စီးနင်း​နေတယ်​။အဲ့ဒီမှာလည်း ဒီလိုအလားတူအဖြစ်​မျိုးဖြစ်​ခဲ့တယ်​။ ဒီလိုမှ မချိန်းဘူးဆိုရင်​လည်း ဒီလိုဆင်​တဲ့အဖြစ်​အပျက်​တစ်​ခုခု ဖြစ်​လာနိုင်​တဲ့ ကိန်း​တွေရှိတာ​ကြောင့်​ အခုလို​ပြောင်းလဲလိုက်​ခြင်းဟာ တိုင်းပြည်​နိုင်​ငံအတွက်​ ​ကောင်းတဲ့အ​ပြောင်းအလဲအဖြစ်​ ကျွန်​​တော်​တို့ ပညာရှင်​ရှုထောင့်​က​နေ အကြွင်းမဲ့ ယုံကြည်​လက်​ခံတယ်​။

အ​မေး ။ အခု အသစ်တက်လာမယ့် သမ္မတ အသစ်လက်ထက်မှာ နိုင်ငံရဲ့ အနာဂတ်က ဘာတွေ ဆက်ဖြစ်လာနိုင်ပါသလဲ။

အ​ဖြေ ။ အသစ်​ဖြစ်​မယ့်​သမ္မတမှာ သူဘယ်​ချိန်​ ကျမ်းသစ္စာကျိန်​ဆိုမလဲ​ပေါ့။ ကျွန်​​တော်​တို့လဲ ပညာရပ်​​တွေနဲ့​တော့တွက်​ချက်​​နေတယ်​။ ဒါ​ပေမယ့်​ အခုအသစ်​ဖြစ်​မယ့်​သမ္မတကြီး ကျမ်းသစ္စာကျိန်​ဆိုမယ့်​ ၃၀ ရက်​​နေ့မှာလည်း ကျွန်​​တော်​တို့က တိုင်းပြည်​အတွက်​​ရော ၊ အစိုးရအတွက်​​ရော ၊ အုပ်​ချုပ်​သူအတွက်​ပါ အန္တရာယ်​ရှိနိုင်​တဲ့ ဂြိုလ်​ရပ်​တည်​မှု​တွေ အများကြီးရှိတယ်​ဆို​တော့ ​တော်​​တော်​ကို ချိန်​ဆတွက်​ချက်​နိုင်​မှ ​နောက်​တက်​မယ့်​ သမ္မတကြီး ရဲ့ ကုသိုလ်​ကံလည်း ​ကောင်းမယ်​။ သမ္မတကြီး ကုသိုလ်​ကံ​ကောင်းခြင်းနဲ့အတူ လက်​ရှိ NLD အစိုးရ အဖွဲ့ရဲ့ ကုသိုလ်​ကံလည်း​ကောင်း​မယ်​။အဲ့​တော့ ဒီလိုသမ္မတကြီး ၊ ​ဒေါ်​အောင်​ဆန်း​စုကြည်​ NLD အစိုးရအဖွဲ့အစည်း ကုသိုလ်​ကံ ​ကောင်းမှလည်း ဒီ NLDပါတီကို တခဲနက်​ မဲ​ပေးခဲ့တဲ့ ပြည်​သူ​တွေရဲ့ ကုသိုလ်​ကံလည်း ​ကောင်းမှာ​ပေါ့။ တိုင်းပြည်​မှာရှိတဲ့ ပြည်သူအများစုရဲ့ ကုသိုလ်​ကံ​ပေါ့။ လာမယ့်​ မတ်​လ ၃၀ ရက်​​နေ့မှာ​တော့ ကျွန်​​တော်​တို့ ကျမ်း သစ္စာ ကျိန်​ဆိုဖို့်​​ ကောင်းတဲ့အချိန်​က ​တော်​​တော်​ကို ရှားတယ်​။အခု ၂ရက်​​လောက်​တွက်​ကြည့်တဲ့​နေရာ​မှာ​တောင်​မှ စိတ်​ကြိုက်​အားလုံး ပြည့်​စုံတယ်​ဆိုတဲ့ဟာကို မ​တွေ့ရ​သေးဘူး။ အရင်​သမ္မတကြီး ဦးသိန်းစိန်​တုန်းက အချိန်​​တွေအများကြီးယူပြီး စနစ်​တကျ တွက်​ချက်​ စီစဉ်​​ဆောင်​ရွက်​ခဲ့ပြီး​တော့ ကိုယ့်​စိတ်​ကြိုက်​ ဖြစ်​မယ့်​အချိန်​မှာ ကျမ်းသစ္စာ ကျိန်​ဆို​တော့ သမ္မတကြီးရဲ့ ကံ​ရော ၊ အစိုးရအဖွဲ့အစည်း​ရဲ့ ကံ​ရောက ၅နှစ်​အထိ သက်​တမ်း​စေ့ တာဝန်​ ထမ်း​ဆောင်​သွားတယ်​။ အဲ့ဒီမှာလည်း ၅ နှစ်​ အပြည့်​ကိုရနိုင်​တဲ့ ဂြိုလ်​နက္ခတ်​​တွေကိုဖန်​တီးခွင့်​ရှိတယ်​။လက်​ရှိမှာ​တော့ အဲ့လိုဖန်​တီးဖို့အရမ်းအားနည်းတယ်​။ ဒါ​ပေမယ့်​ ရှိ​နေတဲ့အထဲက​နေ အ​ကောင်းဆုံးအချိန်​ကို​ရွေးပြီး​တော့ ကျမ်းသစ္စာကျိန်​ဆိုနိုင်​မယ်​ဆိုရင်​​တော့ အားလုံးရဲ့ လိုလားချက်​​တွေ ပြည့်​ဝမယ်​။ သတ်​တမ်း​စေ့တာဝန်​ထမ်း​ဆောင်​ဖို့လည်း အခွင့်​အလမ်း​တွေ ဖြစ်​လာနိုင်တယ်​။ ဒါ​ပေမယ့်​ အဲ့​နေ့ရက်​ ဂြိုလ်​နက္ခတ်​​တွေက​တော့ အကုန်​လုံး ပြီးပြည့်​စုံတဲ့ ဇာတာ​ကောင်းတစ်​ခု​တော့ဖြစ်​ဖို့မလွယ်​ဘူး။

အ​မေး ။ ၂၀၂၀ အလွန်မှာ မြန်မာနိုင်ငံရဲ့ အနာဂတ် အခြေအနေက ဘယ်လိုတွေရှိလာနိုင်ပါသလဲ။

အ​​ဖြေ ။ ၂၀၂၀ထိသွားဖို့ ဒီအစိုးရက ​တော်​​တော်​​တော့ ကြိုးစားရမယ်​။ ဒီအစိုးရစတက်​ထဲက ကျွန်​​တော်​တို့ ​တောက်​​လျှောက်​ Focus လုပ်​ပြီး​တော့ ​ပြောခဲ့တယ်​။ကျွန်​​တော်​တို့က တပ်​မ​တော်​သား​ဟောင်းဖြစ်​​နေလို့ အစိုးရကို ငြို ငြင်​လို့​ပြောတာလဲမဟုတ်​ဘူး။ ဒီအစိုးရမှာ ကျွန်​​တော်​နဲ့ရင်းနှီးနဲ့လူကြီး​တွေအများကြီးပါပဲ။ ဘယ်​အစိုးရဖြစ်​ဖြစ်​ ကျွန်​​တော်​တို့က တင်​ပြတဲ့ဟာ​ပေါ့။၂၀၁၉မှာ​တော့ တိုင်းပြည်​မှာ အရမ်းအ​ရေးကြီးတဲ့ ကာလအပိုင်းအခြား​ကျော်​လာရင်​​တော့၂၀၂၀ ​ရွေး​ကောက်​ပွဲက ဖြစ်​လာမှာပဲ။ ၂၀၁၉ ကာလအပိုင်းအခြားဆိုတာက ဘယ်​​လောက်​​ကြောက်​ဖို့​ကောင်းလဲဆိုရင်​ ကိုယ်​တင်​ထားတဲ့အစိုးရကို ပြည်​သူ​တွေက ပြန်​ပြီး​တော့ ငြို ငြင်​တဲ့ဟာမျိုး​ပေါ့။ဒါ​တွေက ဒီအစိုးရစဖြစ်​တဲ့အချိန်​ ​ပြောတဲ့အချိန်​တုန်းက ကျွန်​​တော်​တို့က မလိုမုန်းထား ဖြစ်​လို့ ​ပြောတယ်​လို့လည်း တချို့ကထင်​​ကောင်းထင်​နိုင်​တယ်​။ ဒါ​ပေမယ့်​ အစိုးရတကယ်​ဖြစ်​လာတဲ့အချိန်​မှာ သူ့ရဲ့ ​ဆောင်​ရွက်​ချက်​နဲ့ ထားရှိတဲ့သ​ဘောထား​တွေမှာက အ​တွေ့အကြုံအရမ်းနည်းတဲ့ သူ​တွေများတယ်​။အားလုံးက​တော့မှန်​တယ်​ထင်​လို့လုပ်​တာပဲ။ ဒါ​ပေမယ့်​ ပြည်​သူ​တွေ လက်​မခံတဲ့ဟာလည်းရှိတယ်​​ပေါ့။ အဲ့​တော့ အရင်​ကလို NLD ရခဲ့တဲ့ မဲအ​ရေအတွက်​အတိုင်း ၂၀၂၀ မှာ ​ရွေး​ကောက်​ပွဲ​ဆောင်​ရွက်​ရင်​ ရမလားဆို​တော့ ဒါက အားလုံးကသိပါတယ်​။ အရင်​တုန်းက အရမ်း​ကြိုက်​တဲ့သူလဲ သာမာန်​ပဲကြိုက်​တာဖြစ်​ချင်​ဖြစ်​မယ်​။ သာမာန်​ပဲ ကြိုက်​တဲ့သူက ကြိုက်​ချင်​မှ ကြိုက်​တာလဲ ဖြစ်​မယ်​။ဘာလို့ဆိုရင်​ အစိုးရလုပ်​ရတဲ့ ဒုက္ခ​တွေက အများကြီးပဲ။ သူတို့ရဲ့ ကတိကဝတ်​မဖြည့်​ဆည်းနိုင်​တာ​တွေလည်းအများကြီးပဲ။ အဓိက​တော့ ပြည်​သူ့ဘဝမြှင့်​တင်​​ရေး​ပေါ့။ ပြည်​သူ့ဘဝမြှင့်​တင်​​ရေးဆိုတာကလည်း ဒီကာလတို​လေးနဲ့ မြှင့်​တင်​လို့ရတာမဟုတ်​ဘူး။ ဒါက​တော့သူ့ရဲ့အပြင်​အပိုင်း​ပေါ့​နော်​။ ကျွန်​​တော်​တို့ပညာရပ်​အပိုင်းကလည်း NLD အ​နေနဲ့ ကလည်းခက်​ခက်​ခဲခဲနဲ့​တော့ ထပ်​ပြီး ကြိုးစားယှဉ်​ပြိုင်​ရဦးမှာပါ ။ ဒီမှာမှ NLD ဦး​ဆောင်​တဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့
ကျန်းမာ​ရေးနဲ့ လုပ်​နိုင်​တဲ့စွမ်းအား ဆက်​ပြီး​ကောင်းဖို့ပဲ ဆု​တောင်းရမှာပါ။သူဦး​ဆောင်​နိုင်​ရင်​​တော့လည်း ဒီပါတီက သူ့ရဲ့အမိန့်​​အောက်​မှာ ဒီအစိုးရအ​နေနဲ့ သူ့ရဲ့​သြဇာ အာဏာ​အောက်​မှာ ပြည်​သူအတွက်​လုပ်​မယ်​ဆိုလည်း အများကြီး​ကောင်း​အောင်​လုပ်​လို့်ရ
သေးတယ်​​ပေါ့။တကယ်​လို့သူဦး​ဆောင်​မှု မရှိ​တော့တဲ့အချိန်​ကျရင်​ အခြား​သောအဖွဲ့အစည်း​တွေအများကြီး ဒီထဲမှာကို ကွဲပြားနိုင်​တာ​တွေအများကြီးဖြစ်​လာနိုင်​တယ်​။ ဒါကလည်းအနာဂတ်​အတွက်​က​တော့ အလားအလာမ​ကောင်းဘူး။၂၀၂၀မှာ​တော့ အခက်​အခဲ​တော့အများကြီးရှိမယ်​။ ၂၀၂၀အတွက်​ကို အခုချိန်​မှာ ဘာမှ​တော့ အ​သေအချာမတွက်​ရ​သေးပါဘူး။

အ​မေး ။ သမ္မတအပြောင်းအလဲဖြစ်မယ်လို့ ဟောကိန်းထုတ်ခဲ့နိုင်တာ ဘာကြောင့်လဲ။

အ​ဖြေ ။ အဓိက​တော့ ဒီဟာ​တွေနဲ့ပတ်​သက်​ပြီး​တော့ ​လေ့လာမှုအားနဲ့ သု​တေသနပြုနိုင်​မှုအား ၊ စိတ်​ပါဝင်​စားမှုအား​ကြောင့်​ပါ။ တပ်​မ​တော်​သား​တွေအ​နေနဲ့ ကျွန်​​တော်​တို့ကို​မွေးထုတ်​ခဲ့တာမှန်​တယ်​။ ကျွန်​​တော်​တို့ ဒီ​လောကထဲမှာလည်း ၂၀၀၆ က​နေ ၂၀၁၈ ထိ​ပေါ့ ။၁၂နှစ်​ရှိပြီ။၂၀၀၆ ပညာရှင်​ဖြစ်​မှ ဒီပညာရပ်​​တွေကို ထိ​တွေ့​လေ့လာတာမဟုတ်​ဘူး။ ၂၀၀၁၊ ၂၀၀၂ထဲက ဒီပညာရပ်​​တွေကို စပြီး​တော့ အချိန်​ယူပြင်​ဆင်​ပြီး​တော့ ​လေ့လာတယ်​။ ကျွန်​​တော်​ ​ထောင်​ကျ အကျဉ်းသားဘဝနဲ့ နက္ခတ်​​တွေနဲ့ပတ်​သက်​တဲ့စာအုပ်​​တွေ ၊ အင်းစိန်​​ထောင်​မှာဆိုရင်​ သီးသန့်​တို့၊ ပင်​မ​ထောင်​မကြီးတို့၊ ​ဆေးရုံ​ဆောင်​တို့ ကျွန်​​တော်​​တော်​​တော်​များများ ​နေခဲ့ဖူးတယ်​။ ဒီအင်းစိန်​​ထောင်​မှာဆိုရင်​လဲ ကျွန်​​တော့်​စာအုပ်​​တွေကို လက်​စွဲအိပ်​တစ်​လုံးနဲ့အမြဲထည့်​ပြီး​တော့ ​ထောင်​ရဲ့ ကူညီ​ပေးရမယ့်​အလုပ်​​တွေကိုလည်း ကူညီ​ပေးတယ်​ ။ ဒီစာအုပ်​​တွေကိုလည်းဖတ်​တယ်​။ တစ်​ဖက်​ကလည်း အဲ့ကာလမှာ ​ထောင်​ကျလာတဲ့ ​ထောက်​လှမ်း​ရေးအဖွဲ့​တွေလည်းရှိတယ်​။ အဲ့ထဲမှာ ​လေ့လာလိုက်​တဲ့ ၅နှစ်​ဟာ စူးစိုက်​မှုအား အရမ်းကို​ကောင်းတယ်​။ ကျွန်​​တော်​အပြင်​​ရောက်​တဲ့အချိန်​မှာ ဒီပညာလမ်း​ကြောင်း​ပေါ်ကို ကျွန်​​တော်​​ရောက်​လာတယ်​။ ၂၀၀၂ထဲက​နေ ၂၀၁၈ ဆိုရင်​​တော့ ​လေ့လာမှုအားက ၁၆နှစ်​​ကျော်​ပြီ ။ ဒီ ၁၆နှစ်​ကာလမှာ ဒီ​လောက်​ထိ​ဟောနိုင်​တာ ကိုယ့်​ကိုကိုယ်​လည်း ဂုဏ်​ယူစရာလည်းမရှိပါဘူး။ ဘာလို့ဆို ဆယ်​စုနှစ်​တစ်​ခုဆိုရင်​ ဘယ်​အလုပ်​ လုပ်​လုပ်​ တစိုက်​မက်​မက်​လုပ်​ရင်​​အောင်​မြင်​တယ်​။ ဒီ ၁၆ နှစ်​ဆိုတာက​တော့ ​အောင်​ကို ​အောင်​မြင်​ရမယ့်​ အချိန်​ဖြစ်​တယ်​။ ​အောင်​မြင်​တယ်​ဆိုတဲ့​နေရာမှာလည်း ဇွဲ ၊ လုံ့လ ၊ ဝီရိယ ကြိုးစားမှုရှိရမယ်​။ ​ကောင်းတဲ့ စိတ်​ရင်း​စေတနာနဲ့ ပါရမီအခံ ၊ ဝါသနာအခံ ဒါ​တွေအားလုံး​ပေါင်းစပ်​လိုက်​ရင်​​တော့ ဒီ​ဟောကိန်း​လောက်​က ဂုဏ်​ယူ​လောက်​တဲ့ ​ဟောကိန်းမဟုတ်​ပါဘူး။ ​ရှေ့မှာလည်းမှန်​တဲ့ ​ဟောကိန်း​တွေရှိပါတယ်​။ ဒီပညာရပ်​​တွေက နတ်​​တွေ​စောင့်​​ရှောက်​တဲ့ ပညာရပ်​​တွေ မင်း​တွေကို ​ဟောတဲ့​နေရာမှာ သူ့ဘုန်းကံ နဲ့ ​ဟောတဲ့သူ​ရဲ့ ဘုန်းကံ ၂ခုက ညီမျှမှ ​ဟောချက်​က မှန်​တယ်​။ မင်းဖြစ်​လာတယ်​ဆိုတာက ထိုက်​သင့်​တဲ့ ဘုန်း​ကံရှိလို့ မင်းဖြစ်​ကြတာပါ။ ကံမြင့်​တဲ့ မင်း​တွေကို ​ဟောတဲ့​နေရာမှာ ​အောက်​က​ဟောတဲ့ပညာရှင်​က ဘုန်းကံမရှိဘဲ သာမာန်​ကံပဲရှိတယ်​ဆိုရင်​ ​ဟောရင်​မမှန်​ပါဘူး။ ကိုယ့်​ရဲ့ဘုန်းကံနဲ့လည်းဆိုင်​ပါတယ်​။ ဒီပညာရပ်​မှာ​တော့ ရပ်​​နေလို့မရဘူး။ ဆက်ပြီး​တော့ သု​တေသန​တွေ အများကြီးလုပ်​ရတယ်​။ ​နောက်​ပိုင်း​တွေမှာလည်း ဒီ့ထက်​မှန်​တဲ့ ​ကောင်းတဲ့ ပိုတိကျတဲ့​ဟောကိန်း​တွေလည်း ပိုပြီး ဖြစ်​လာမယ်​လို့ ယုံကြည်​တယ်​။

အ​မေး ။ သမ္မတဦးထင်ကျော်နဲ့ အခုတက်လာမယ့် သမ္မတအသစ် ဘယ်လိုတွေ ကွာခြားလာနိုင်ပါသလဲ။

အ​ဖြေ ။ သမ္မတရဲ့တာဝန်​ဆိုတာက အရင်​ ပြည်​ခိုင်​ဖြိုး အစိုးရလက်​ထက်​တုန်းက သမ္မတဆိုတာက​တော့ တကယ်​ကို ဦး​ဆောင်​သူ​ပေါ့​နော်​။ တကယ်​ဦး​ဆောင်​သူက သမ္မတလုပ်​တယ်​ ။ ဒီဦး​ဆောင်​သူ​ဘေးမှာ ဝန်း ရံ​ပေးတဲ့သူကလည်း ပါဝါက ညီမျှကြတယ်​။ သမ္မတ​ပေမယ့်​ သမ္မတရဲ့ လုပ်​ပိုင်​ခွင့်​ထဲက​နေ လုပ်​လို့ရတာ။ ဒီသမ္မတလုပ်​ပိုင်​ခွင့်​သာမှားရင်​ ဒီဘက်​က လွှတ်​​တော်​ ဥက္ကဋ္ဌ ၂ ​ယောက်​က အချင်းချင်း​ပေမယ့်​ အတိုက်​အခံ အ​ချေအတင်​​တွေ ဖြစ်​ခဲ့ကြတာ​တွေ​အများကြီးရှိတယ်​။လက်​ရှိမှာဖြစ်​​ပေါ်​နေတဲ့လူမှု အသိုင်းအ
ဝိုင်းမှာက နိုင်​ငံ​ရေးမှာ လွှတ်​​တော်​ဘက်​ကို ဘယ်​သူမှ သိပ်​မလုပ်​ချင်​ကြဘူး။ စိတ်​ဝင်​စားမှုနည်းတယ်​။ လွှတ်​​တော်​ဘက်​က တာဝန်​​တွေများတယ်​။ ဒါ​ပေမယ့်​ အကျိုးခံစားခွင့်​နဲ့ လူေ​တွရဲ့ ​လေးစားကြည်​ညိုမှုအား​ပေါ့။ ​ဝန်​ကြီးတ​စ်​​ယောက်​ရဲ့ ပါဝါနဲ့ ညီမျှတဲ့ လွှတ်​​တေည်​​ရေးရာ ဥက္ကဋ္ဌတစ်​​ယောက်​ရဲ့ ပါဝါနဲ့က တခြားစီပဲ။ ဒီလိုပဲ နိုင်​​တော်​သမ္မတတစ်​​ယောက်​၊ ဒုသမ္မတတစ်​​ယောက်​နဲ့ လွှတ်​​တော်​ဥက္ကဋ္ဌတစ်​​ယောက်​ရဲ့ ပါဝါနဲ့ကလည်း တခြားစီပဲ။ အခု​နောက်​ပိုင်းမှာ ကြား​နေရတာ မြင်​​နေရတာ​တွေက အားလုံးက အစိုးရအဖွဲ့ထဲမှာပဲ သွားပြီး​တော့ တာဝန်​​တွေ ထမ်း​ဆောင်​ချင်​ကြတယ်​။ ဝန်​ကြီးချုပ်​နဲ့ ဝန်​ကြီးလုပ်​ချင်​ကြတယ်​။ လွှတ်​​တော်​ကိစ္စရပ်​​တွေမှာ​တော့ ဟက်​ဟက်​ပက်​ပက်​မရှိတာ​လေး​တွေ ​တွေ့ရတယ်​။ သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်​​တော်​ဥက္ကဋ္ဌတွေရဲ့ ပါဝါ​တွေက ညီမျှ​နေတယ်​။လက်​ရှိ NLD မှာကြ​တော့ ဦး​ဆောင်​​နေတဲ့ ​ခေါင်း​ဆောင်​အ​နေနဲ့ က ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအရ သမ္မတ တာဝန်​ ​ဆောင်​ရွက်​ဖို့အခွင့်​အလမ်းမရှိဘဲနဲ့ အတိုင်​ပင်​ခံအ​နေနဲ့ပဲ သမ္မတကို လမ်းညွှန်​​ပေးရတဲ့သူဖြစ်​​နေတယ်​။ အရင်​လို ပါဝါ ​တွေ က strong မဖြစ်​ဘူး။ အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​ရဲ့ ဦး​ဆောင်​သူဖြစ်​မှသာ ဒီဟာကိုထိန်း​ကျောင်း နိုင်​မယ်​။ လက်​ရှိ မြန်​မာပြည်​မှာက ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ပါဝါက ဘယ်​သူနဲ့ပဲ ယှဉ်​ယှဉ်​ သူ့ပါဝါကိုဘယ်​သူမှ လိုက်​လို့မရဘူး။ သမ္မတကြီး ဦးသိန်းစိန်​လည်း သူ့ဟာသူရိုးရိုးသားသာကြိုးစား​ပေးမယ့်​ နိုင်​ငံတကာရဲ့ image ပြည်​သူရဲ့ image မှာကြ​တော့ သူဟာ ပါဝါ သြဇာအရှိဆုံး အမျိုးသမီးဖြစ်​တယ်​။ ​ဒေါ်​အောင်​ဆန်းစုကြည်​က အ​ခြေ​နေအ​ကြောင်း​ကြောင်းတခုခု​ကြောင့်​ နိုင်​ငံ​တော်​ သမ္မတဖြစ်​လာခဲ့ရင်​​​တောင်​မှ လွှတ်​​တော်​ဥက္ကဋ္ဌ တွေက သူတို့ရဲ့​ခေါင်း​ဆောင်​ ကို ​ထောက်​ပြ​ဝေဖန်​ခြင်းရဲ့သွားမယ့်​ အ​ခြေ​နေကို​တော့ အခွင့်​အလမ်းနည်းပါးတယ်​။ အဓိက​တော့ ပါဝါ balance လုပ်​နိုင်​တဲ့သူမရှိတာ​ပေါ့​နော်​။ သူဆုံးဖြတ်​တာ အရမ်း​ကောင်းရင်​ တိုင်းပြည်​အတွက်​ကောင်းမယ်​။ သူဆုံးဖြတ်​ချက်​လွဲရင်​လဲ ကျန်​တဲ့သူ​တွေက သူ့ကို ပြင်းပြင်းထန်​ထန်​ ကန့်​ကွက်​မှာ မဟုတ်​တဲ့အ​တွက်​ ​ကြောင့်​ ဒီလိုဆိုရင်​​တော့ တိုင်းပြည်​မှာ အများကြီး ဆုံးရှုံးနစ်​နာတာ​တွေ ဖြစ်​နိုင်​တယ်​။ NLDသွားတာ ကြ​တော့ လူပုဂ္ဂိုလ်​တစ်​ဦးတစ်​​ယောက်​နဲ့သွားတာ ပြည်​ခိုင်​ဖြိုးသွားတာကြ​တော့ပါဝါ balanced တူတဲ့ လူ​တွေအများကြီး ကိုစုဖွဲ့ပြီး​တော့မှ ဒီလူ​တွေရဲ့ ယှဉ်​ပြိုင်​မှု ၊ ကစားမှု​တွေနဲ့ သွားတာ​ပေါ့။ အဲ့ဟာမှာ တိုင်းပြည်​ရဲ့အ​ရွေ့ဟာ ပွတ်​တိုက်​မှု များတဲ့အခါမှာ ပထမ ဒီမိုက​ရေစီ လက်​ထက်​မှာ အများကြီး​ရွေ့တယ်​လို့သတ်​မှတ်​လို့ရတယ်​။ဒီဘက်​လက်​ထက်​မှာကြ​တော့ လူပုဂ္ဂိုလ်​တစ်​ဦးတစ်​​ယောက်​ရဲ့ ပါဝါ balanced နဲ့ပဲ သွား​တာဖြစ်​တဲ့အတွက်​ ​ကျောက်​ခဲတစ်​တုံးကို ပါဝါကြီးတဲ့ လူတစ်​​ယောက်​တွန်းတာနဲ့ ပါဝါကြီးတဲ့ လူ ၃ ၊ ၄ ​ယောက်​တွန်းတာ ဆိုရင်​ ၃၊ ၄ ​ယောက်​တွန်းတာက ပို​ရွေ့မှာ​ပေါ့။ ဒီဟာကို ပြင်​နိုင်​ဖို့လိုတယ်​။ ပါဝါ တူ​အောင်​လဲ ပါဝါ​တွေ​ပေးရမယ်​။ ပါဝါ balanced ၃၊ ၄ ​ယောက်​​လောက်​ဖြစ်​လာရင် NLD အစိုးရရဲ့ ​ဆောင်​ရွက်​ချက်​က အရမ်းကို ​ကောင်းလာမယ်​။ တိုင်းပြည်​လဲ တိုးတက်​လာမယ်​။

အ​မေး ။ အခု သမ္မတဖြစ်ဖို့ ဦးဝင်းမြင့်က ရေပန်းစားနေပါတယ်။ သူ့ရဲ့ အမည်ပေါင်းခြင်းက ၉ ဖြစ်နေပါတယ်။ ပထမ သမ္မတဖြစ်ခဲ့သူတွေကလည်း ဦးသိန်းစိန် အမည်ပေါင်းခြင်း ၉ ၊ ဦးထင်ကျော် အမည်ပေါင်းခြင်း ၉ တွေ ဖြစ်နေလို့ ဘာလို့ အခုလို တိုက်ဆိုင်နေရသလဲ ။ ၉ သမားကို ဘာကြောင့် သမ္မတအဖြစ် တင်မြောက်ရပါသလဲ။

အ​ဖြေ ။ အရင်​က ဗားမားသုံးခဲ့ရာက​နေ တပ်​မ​တော်​အစိုးရ ဖြစ်​လာပြီးတဲ့အချိန်​မှာ မြန်​မာဆိုပြီး​တော့ ​ပြောင်းလဲသုံးစွဲခဲ့တယ်​။ ဒီလိုသုံးစွဲခဲ့တဲ့​နေရာမှာ အရင်​က​တော့ ဗားမားကို ကန့်​ကွက်​ကြတယ်​။ ပြည်​သူ့ဆန္ဒမခံယူဘဲနဲ့ စစ်​အစိုးရက လုပ်​ချင်​တဲ့အ​ခြေ​နေအတိုင်း လုပ်​သွားတယ်​​ပေါ့​နော်​ ။ ဒီမှာက လျှို့ဝှက်​ချက်​​တွေရှိတယ်​။ ဗားမားထက်​ မြန်​မာက ​ပေါင်းခြင်း ၉ ရတယ်​။ မြန်​မာကို ကိုင်​ရို ဂဏန်းသင်္ချာနဲ့ ချ​ပေါင်းလိုက်​ရင်​ ၉ ရတယ်​။ အဲ့တာ​ကြောင့်​ မြန်​မာပြည်​ဟာ ၉ စိုးမိုးတဲ့တိုင်းပြည်​ ဖြစ်​တာ​ကြောင့်​ ၉ နဲ့ပတ်​သက်​တဲ့သူ​တွေဟာ နိုင်​ငံ​တော်​သမ္မတတာဝန်​ထမ်းရွက်​ဖို့ အခွင့်​အလမ်းေ​တွအများကြီးရှိလာတယ်​။ ဒါ​ပေမယ့်​ ဒီတိုင်​ပင်​ဟာလဲ ၁၀၀ ရာခိုင်​နှုန်းအများကြီး​တော့ မကိုက်​နိုင်​ဘူး။ ​နောင်​တချိန်​ကြရင်​လဲ ဒီဟာက ​ပြောင်းလဲတာလဲ ရှိလာနိုင်​တယ်​။သို့​သော်​လည်း ၉ ဂဏန်းစိုးမိုးထားတဲ့ မြန်​မာနိုင်​ငံဖြစ်​တဲ့အတွက်​​ကြောင့်​ ၉ ဂဏန်းကိုယ်​စားပြုတဲ့ မင်းအစိုးရ​တွေ နိုင်​ငံ​တော်​ သမ္မတဖြစ်​လာတာ​ပေါ့​နော်​။

အ​မေး ။ မြန်မာနိုင်ငံရဲ့ အနာဂတ်အခြေအနေနဲ့ ဦးသန်းရွှေ ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ရဲ့ အလားအလာတွေက ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။

အ​ဖြေ ။ ကျွန်​​တော်​တို့က​တော့ ​ရှေ့ကို ဆက်​ရင်​ ​ကောင်းမယ်​လို့ အများကြီး​မျှော်​လင့်​တယ်​။ ပညာရှင်​တစ်​​ယောက်​အ​နေနဲ့ ပြည်​သူတစ်​​ယောက်​အ​နေနဲ့ကြည့်​တာပါ။ ​ဒေါ်​အောင်​ဆန်းစုကြည်​က နိုင်​ငံ​တော်​သမ္မတတာဝန်​မထမ်း​ဆောင်​ခဲ့ရ​ပေမယ့်​ သူ့ရဲ့ အတိုင်​ပင်​ခံ တာဝန်​ထမ်း​ဆောင်​ခွင့်​ရပြီး​တော့မှ နို​င်​ငံတကာကို ဒီရာထူးနဲ့ သွားတဲ့ အချိန်​မှာ​ သမ္မတကဲ့သို့ အ​လေးအမြတ်​ထားခြင်းခံရတယ်​။ တာဝန်​​​တွေစယူဖို့ လုပ်​ကြတဲ့​နေရာမှာလဲ အဆင်​​ပြေ​ချော​မွေ့တာ​တွေ့ရတယ်​။ အခုဆို အစိုးရသက်​တမ်း ၂နှစ်​​ပြည့်​​တော့မယ့်​အချိန်​မှာ အရင်​နိုင်​ငံ​တော်​မှာတာဝန်​ရှိတဲ့သူ​တွေနဲ့ ပတ်​သက်​ပြီး​တော့ အ​ရေးယူမယ်​တို့ ပိုင်​ဆိုင်​မှု​တွေ သိမ်းမယ်​တို့ အဲ့လို စကားစု​တွေ ထွက်​မလာ​တော့ဘူး။ ဒါဟာ ​ကောင်းတဲ့အလားအလာပဲ။ ဒီလို​ကောင်းတဲ့အလားအလာ​တွေဖြစ်​တဲ့အတွက်​​ကြောင့်​ ဗိုလ်​ချုပ်​မှူး ကြီး ဦးသန်း​ရွှေနဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​နဲ့ သူတို့နှစ်​​ယောက်​ဆက်​ဆံ​ရေးဟာ အရင်​ထက်​ပိုပြီး​တော့ အဆင်​​ပြေ​ချော့​မွေ့မယ်​လို့ယူဆပါတယ်​။ ​လူ​တွေက တပ်​မ​တော်​ အုပ်​ချုပ်​သွားတာကိုပဲ ​တော်​​တော်​များများအပြစ်​မြင်​ချင်​​တယ်​။ ဒါ​ပေမယ့်​ တပ်​မ​တော်​အုပ်​ချုပ်​ခဲ့တယ်​ဆိုတာလဲ သူ့ရဲ့ အ​ခြေ​နေ အချိန်​အခါအရ အုပ်​ချုပ်​ခဲ့တာပါ။ အုပ်​ချုပ်​ခဲ့တဲ့​နေရာမှာလည်း ဗိုလ်​ချုပ်​မှူး ကြီး ဦးသန်း​ရွှေ”အ​နေနဲ့ ​နေပြည်​​တော်​ မြို့​တော်​တည်​​ဆောက်​တာ လွှတ်​​တော်​ကြီးတည်​​ဆောက်​တာ ဒီမိုက​ရေစီနိုင်​ငံကို ရဲရဲဝံ့ဝံ့ ​ပြောင်းလဲ​ပေးတာ​တွေက မြန်​မာပြည်​ကို စည်းကမ်းပြည့်​ဝတဲ့ ဒီမိုက​ရေစီ နိုင်​ငံ​တော်​သစ်​​ပေါ့​နော်​။ စည်းကမ်းဆိုတာကြီးပါ​တော့ ဒီမိုက​ရေစီ သမား​တွေမှာ တစ်မျိုးထင်​ရင်​ ထင်​မှာ​ပေါ့။ ဒါ​ပေမယ့်​ ဒီမိုက​ရေစီက စည်းကမ်းရှိမှဖြစ်​တာပါ။ ကျွန်​​တော်​တို့တိုင်းပြည်​မှာ စည်းကမ်းဆိုတာ​တွေက အများကြီးလို​သေးတယ်​။ သူများနိုင်​ငံ​တွေမှာက စည်းကမ်းပြည့်​ဝတဲ့ ဒီမိုက​ရေစီလို့ သုံးစရာမလိုဘူး။ ဒီမိုက​ရေစီ လို့သုံးလို့ရတယ်​။ သူတို့က ဒီစည်းကမ်း​တွေကို တည်​​ဆောက်​လာတာ နှစ်​​ပေါင်းများစွာကြာပြီ။ ကျွန်​​တော်​တို့က အခုမှစပြီး ဒီမိုက​ရေစီ တည်​​ဆောက်​တာဖြစ်​တဲ့အတွက်​ စည်းကမ်းပြည့်​ဝတဲ့ ဒီမိုက​ရေစီနိုင်​ငံ ဖြစ်ဖို့ရည်​မှန်းချက်​နဲ့ပဲ သူ​ဆောင်​ရွက်​သွားတာဖြစ်​တဲ့အတွက်​​ကြောင့်​ ဗိုလ်​ချုပ်​မှူး ကြီး ဦးသန်း​ရွှေရဲ့ မူလစိတ်​အရင်းခံမှာလည်း တိုင်းပြည်​ကို တကယ်​ဒီမိုက​ရေစီနိုင်​ငံ​ပေါ်​ပေါက်​​စေချင်​လို့ ​နေပြည်​​တော်​ မြို့​တော်​နဲ့ လွှတ်​​တော်​ကို ခိုင်​ခိုင်​မာမာတည်​​ဆောက်​ခဲ့တာဖြစ်​တယ်​။ ​ရှေ့ကို​သွားမှာက​တော့ဒီမိုက​ရေစီနိုင်​ငံအ​နေနဲ့ဖြတ်​​ကျော်​ရမှာပဲ။ ဒါ​ပေမယ့်​ စည်းကမ်းပြည့်​ဝတဲ့ဒီမိုက​ရေစီနိုင်​ငံဖြစ်​ဖို့​တော့ လူတိုင်းမှာ တာဝန်​ရှိတယ်​။ ဒီနိုင်​ငံဖြစ်​​အောင်​လည်း ရရှိထားတဲ့အခွင့်​​ရေးကို မ​ပျောက်​ပျက်​​အောင်​ လူတစ်​ဦးတစ်​​ယောက်​ချင်းက​နေစပြီး​တော့ မာ​ကျော ခက်​ထန်​​နေတဲ့ စိတ်​​နေ စိတ်​ထား​တွေ ၊ သူများကို အပုပ်​ချချင်​တာ သူများကို တိုက်​ခိုက်​ချင်​တဲ့ စိတ်​​နေစိတ်​ထား​တွေကို တ​ဖြေး​ဖြေးနဲ့ ပြု ပြင်​သွားရင်​​တော့ ​နောက်​ပိုင်းမှာ စည်းကမ်းပြည့်​ဝတယ်​ဆိုတာ ထည့်စရာမလို​တော့ဘူး။ ဒီမိုက​ရေစီ မြန်​မာနိုင်​ငံဆိုပြီး​တော့ သုံးစွဲဖို့အခွင့်​အလမ်း​တွေလဲ ဖြစ်​လာမှာပါ။

အ​မေး ။ မြန်မာနိုင်ငံရဲ့ ဇာတာခွင်အရ ဘယ်အချိန်ကျမှ ပြည်တွင်းစစ်မီးတွေ ငြိမ်းပြီး အလုံးစုံတိုးတက်မှုတွေကို ရနိုင်မလဲ သိချင်ပါတယ်။

အ​ဖြေ ။ တိုင်းပြည်​ရဲ့လွတ်​လပ်​​ရေး ဇာတာယူတဲ့​နေရာမှာ ကျွန်​​​တော်​တို့ တိုင်းပြည်​ဟာ ထာဝရ ငြိမ်းချမ်း​ရေး ရနိုင်​တဲ့အ​ခြေ​နေမှာ မရှိဘူး။ ဒါ​ကြောင့်​ မကြာခဏ လဲ ဟိုအရင်​အစိုးရလက်​ထက်​ထဲက တင်​ပြပါတယ်​။ တိုင်းပြည်​ဇာတာ​ပြောင်းဖို့ပါ။ အလံ​ ပြောင်းတာ​လောက်​နဲ့​တော့ တိုင်းပြည်​က မ​ပြောင်းဘူး​ပေါ့​နော်​။ အလံ ၂ ကြိမ်​​ပြောင်းပြီးပြီ။ ဗိုလ်​ချုပ်​ကြီး ​နေဝင်းလက်​ထက်​မှာ ၁ ကြိမ်​၊ ဗိုလ်​ချုပ်​မှူးကြီး သန်း​ရွှေလက်​ထက်​မှာ ၁ ကြိမ်​ ပါ။ နိုင်​ငံမှာ မြန်​မာလည်း မပျောက်​​အောင်​ ​ရှေ့က ကျက်​သ​ရေရှိပြီး အဓိပ္ပါယ်​ရှိတဲ့ဟာ တစ်​ခုခု​ပေါင်းထည့့်ရမယ်​။ တိုင်းပြည် နိုင်​ငံဇာတာ
တွေပြောင်းတဲ့​နေရာမှာ ပတ်​ဝန်းကျင်​နိုင်​ငံ​တွေမှာလည်းရှိပါတယ်​။ ဇာတာ​ပြောင်းဖို့ဆိုတဲ့​နေရာမှာ နိုင်​ငံ​တော်​အလံ တစ်​ခုတင်​မဟုတ်​ဘူး တိုင်းပြည်​နိုင်​ငံရဲ့ အမည်​ကို ​ပြောင်းလဲမှသာ တိုင်းပြည်​ရဲ့ဇာတာကို ​ပြောင်းလဲ လို့ရတာပါ။ ဒီဇာတာကို ​ပြောင်းနိုင်​မယ်​ဆိုရင်​​တော့အားလုံး​မျှော်​လင့်​တဲ့ ငြိမ်းချမ်း​ရေး ပန်းခင်းထဲကို
ရောက်​နိုင်​တာ​ပေါ့။ ဒီဇာတာနဲ့ပဲသွားရင်​​တော့ ဒီလိုပဲ ငြိမ်းချမ်း​ရေးကရလိုက်​ ပြန်​​ပျောက်​သွားလိုက်​ နဲ့ပဲ ဂျာ​အေး သူ့​မေရိုက်​သလို ချာလည်​ လည်​​နေမှာပါပဲ။

အ​မေး ။ နောက်ဆုံးအနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အနာဂတ်မှာ သမ္မတ ဖြစ်လာနိုင်ဖို့ မျှော်လင့်ချက် ရှိပါသလား။

အ​ဖြေ ။ အဲ့တာကို ကျွန်​​တော်​လည်း အ​သေးစိတ်​တွက်​ချက်​​နေတယ်​။ သမ္မတဖြစ်​ဖို့​​မျှော်​လင့်​ချက်​ဆိုတာထက်​ကို နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရဲ့ ထားရှိနိုင်​တဲ့ စိတ်​ဓာတ်​​ပေါ့​နော်​။ အများကြီးနှစ်​​ပေါင်းများစွာ သူ​ပေးဆပ်​ခဲ့ရတယ်​။ နိုင်​ငံ​တော်​သမ္မတ တာဝန်​ကို ရူးရူးသွပ်​သွပ်​ ယူမလား ဆိုတဲ့ဟာနဲ့ ​ရွေး​ကောက်​ပွဲ ပြီးတဲ့အချိန်​မှာ ကြုံ ကြိုက်​ခဲ့တယ်​။ ဒါ​ပေမယ့်​ ဒီချိန်​မှာ သူ့ရဲ့ ဖြစ်​လိုတဲ့ဆန္ဒကို ​နောက်​ဆုတ်​လိုက်​တယ်​။ သူ့ရဲ့ဖြစ်​ချင်တဲ့ဆန္ဒတစ်​စုံတစ်ရာက အ​တော်​နီးပါးပြည့်​ဝ​နေပြီ​ပေါ့​နော်​။ဖွဲ့စည်းပုံမှာ ပါ​နေတဲ့ တိုင်းပြည်​အနာဂတ်​မှာ ဖြစ်​လာမယ့်​သမ္မတ​တွေမှာ လူမျိုးခြားနဲ့ လက်​ထပ်​ထားတဲ့ သူ​တွေက နိုင်​ငံ​တော်​သမ္မတဖြစ်​ဖို​ ကန့်​သက်​ထားတယ်​ဆိုတဲ့​နေရာမှာ သူ့အတွက်​လို့​တော့ ​တော်​​တော်​များများ ယူဆကြ​ပေမယ့်​ ကျွန်​​တော်​တို့​နောင်​လာ​နောင်​သား​တွေ အတွက်​ကြ​တော့လဲ ဒါက ရှိသင့်​လား မရှိသင့်​ဘူးလားဆိုရင်​ ရှိသင့်​တဲ့အထဲမှာပါတယ်​။ ဒါ​ပေမယ့်​ သူ့အ​ခြေ​နေအ​နေနဲ့ နိုင်​ငံ​တော်​ကို လွတ်​လပ်​​ရေးရယူ​ပေးခဲ့တဲ့ လွတ်​လပ်​​ရေး ဗိသုကာကြီး ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ တစ်​ဦးတည်း​​သော မျိုးဆက်​ဖြစ်​တဲ့အတွက်​ ဒါကို ဆိုင်းငံ့​ပေးပြီး​တော့မှ ဒီတာဝန်​ကို​ပေးလိုက်​မယ်​ဆိုရင်​လည်း ​ပေးနိုင်​တဲ့ အ​ခြေ​နေမျိုးလဲ ဖြစ်​လာနိုင်​ပါတယ်​။ ဒါ​ပေမယ့်​၂၀၀၈ ဖွဲ့စည်းပုံ ထဲမှာ တိုင်းတစ်​ပါး​သား​တွေရဲ့ ဝင်​​ရောက်​ခြယ်​လှယ်​မှု​လျှော့ပါး​အောင်​လုပ်​ထားတဲ့အချက်​က တိုင်းပြည်​နိုင်​ငံတစ်​ခုအတွက်​ ခြံစည်းရိုးအ​နေနဲ့လို့ယူဆတယ်​။ ဒါကလဲ ရှိသင့်​တယ်​လို့မြင်​ပါတယ်​။ လူဆိုတာကိုယ့်​လူမျိုးကို ကိုယ်​ချစ်​မှ ဆက်​ပြီးတည်​တံ့ခိုင်​မြဲမှာပါ။ တိုင်းပြည်​​ခေါင်း​ဆောင်​ဖြစ်​လာမယ့်​ ​နောက်​မျိုးဆက်​သစ်​​တွေဟာ ကိုယ့်​လူမျိုးကိုကိုယ်​ ချစ်​ဖို့​တော့ ထားသင့်​တဲ့ကိစ္စတစ်​ခုလို့ ထင်​တယ်​။

အ​မေး ။ ဆရာ့အ​နေနဲ့ ဘာများ ဖြည့်​စွက်​​ပြောကြားချင်​ပါ​သေးလဲရှင့်​။

အ​ဖြေ ။ ကျွန်​​တော်​တို့က​တော့တပ်​မ​တော်​က ​မွေးထုတ်​​ပေးခဲ့​ပေမယ့်​ သာမာန်​ပြည်​သူတစ်​​ယောက်​အ​နေနဲ့ပဲ ​ဘေးက​နေရပ်​ကြည့်​တယ်​။ တပ်​မ​တော်​သား​ပေမယ့်​ တပ်​မ​တော်​ဘက်​ကိုလဲ ဘက်​မလိုက်​ဘူး။ ပြည်​သူတစ်​​ယောက်​အ​နေနဲ့ဖြစ်​​ပေမယ့်​လည်း NLD ကိုလည်း အလုံးစုံမ​ထောက်​ခံဘူး။ ပြည်​ခိုင်​ဖြိုး ပါတီကိုလည်း မကန့့်​ကွက်​ဘူး။ သူ့မှာလည်း​ကောင်းတာ​တွေရှိတယ်​။ NLDမှာလည်း လိုအပ်​တာ​တွေရှိတယ်​။ တပ်​မ​တော်​မှာလည်း သူ့ရဲ့လုံခြုံ​ရေးအရ စည်းကမ်းအရ အချုပ်​ခြာအာဏာတည်​တံ့ခိုင်​မြဲဖို့တရားဥပ​ဒေစိုးမိုးဖို့က သူ့မှာလည်း လုပ်​သင့်​လုပ်​ထိုက်​တာ​တွေကို လုပ်​ရတာ​တွေရှိတယ်​။ ဒီ ၃ ခုစလုံးက အားလုံး ညီညီ ညွှတ်​ညွှတ်​ဖြစ်​သွားမယ်​ ။ ၃ပွင့်​ဆိုင်​ ညီညွှတ်​သွားရင်​ တိုင်းပြည်​အလျင်​အမြန်​တိုးတက်​လာမှာပါ။ အခုတိုင်းပြည်​မတိုးတက်​တာဟာ ဒီ ၃ပွင့်​ဆိုင်​ဟာ ပုံစံတစ်​ခုစီဖြစ်​​နေ​တော့မတိုးတက်​တာပါ။ ​နောက်​တစ်​ခုက ​ခေါင်း​ဆောင်​​တွေမှာ ​ဘေးက ရံတဲ့သူ​တွေရဲ့ ပါဝါမြှင့်​​ပေးဖို့ NLD အစိုးရမှာလိုတယ်​။ပါဝါ​တွေတက်​လာပြီဆိုရင်​ မြန်​မြန်​ဆန်​ဆန်​ တိုင်းပြည်​ကို တက်​လာ​အောင်​ တွန်းလို့ရတယ်​။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။

တွေ့ဆုံမေးမြန်းသူ ဝေဝေဖြိုး

Leave a Reply