Grab ယာဉ်စီးနင်းခတိုးမြှင့်ပါက အရေးယူခံရမည်ဟု မလေးရှားအစိုးရ သတိပေး

0
179

ကွာလာလမ်ပူ မတ် ၂၈

စင်ကာပူအခြေစိုက် အွန်လိုင်းတက္ကစီဝန်ဆောင်မှုကုမ္ပဏီ Grab သည် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုအခြေစိုက် Uber ကုမ္ပဏီ၏ အရှေ့တောင်အာရှရှိ လုပ်ငန်းကို ဝယ်ယူလိုက်ပြီဖြစ်ရာ Grab သည် ယင်းကဲ့သို့ လုပ်ငန်းကိုလက်ဝါးကြီးအုပ်နိုင်ခဲ့မှုကြောင့် မလေးရှားရှိ အငှားယာဉ်စီးနင်းခများကို တိုးမြှင့်မည်ဆိုပါက တရားစွဲဆို ခံရမည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်ရုံးဝန်ကြီး နန်စီရှူကရီကပြောဆိုခဲ့သည်။

Grab-Uber လုပ်ငန်းပူးပေါင်းမှုကို အခွင့်ကောင်းယူပြီး ယာဉ်စီးနင်းခများကို တိုးမြှင့်မည်ဆိုပါက အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းက မတ် ၂၈ ရက် အနှောင်းပိုင်းတွင်ထုတ်ပြန်ပြောဆိုခဲ့သည်။

လက်ဝါးကြီးအုပ်ခွင့်ရထားသည့် လုပ်ငန်းကြီးများက ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်ကျစရိတ်များကို ထင်သလိုချယ်လှယ်ခြင်းကို တားဆီးရန်အတွက် ပြဌာန်းထားသည့် ၂၀၁၀ ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေအရ အစိုးရသည် Grab ကိုအရေးယူနိုင်မည်ဖြစ်သည်။

Uber ၏အရှေ့တောင်အာရှလုပ်ငန်းကို လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပြီးနောက် မတ် ၂၆ ရက်တွင် မလေးရှားရှိ Grab ကုမ္ပဏီ အကြီးအကဲနှင့် တွေ့ဆုံခဲ့ပြီး ယာဉ်စီးနင်းခများ တိုးမြင့်မည်မဟုတ်ကြောင်း ကုမ္ပဏီက အတည်ပြုပေးခဲ့သည်ဟု နန်စီကပြောဆိုခဲ့သည်။

လုပ်ငန်းလွှဲပြောင်းမှုကြောင့် Uber ဝန်ထမ်းများ ထိခိုက်မှုရှိခဲ့ကြောင်း ပြောဆိုမှုများနှင့်ပတ်သက်၍ နန်စီက Uber ဝန်ထမ်းများသည် ယာယီသည် အလုပ်အကိုင်နေရာဆုံးရှုံးခြင်းဖြစ်ပြီး မကြာမီတွင် Grab ဝန်ထမ်းများအဖြစ် သင့်လျော်သည့်နေရာများတွင် ပြန်လည်ခန့်ထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Grab သည် Uber ဝန်ထမ်းများအတွက် အလုပ်အကိုင်နေရာများကို ရှာဖွေနေသောကြောင့် ယင်းဝန်ထမ်းများအား ကျန်းမာရေး အာမခံ အပါအဝင် ခံစားခွင့်များဖြင့် လစာဖြင့် သုံးလခွင့်ပေးထားကြောင်း ဝန်ကြီးကပြောဆိုခဲ့သည်။

မလေးရှား၌ Uber ဝန်ထမ်း ၈၀ ကျော်ရှိနေသည်။ Uber သည် အရှေ့တောင် အာရှတွင် ဝန်ထမ်း ၅၀၀ ကျော်ကို ခန့်ထားခဲ့သည်။

Source:CNA

ရိုးမြေ

Leave a Reply