ပေါ်တူဂီနောက်ခံလူကို နွေရာသီမှာ အပြိုင်ခေါ်မယ့် မန်ယူနဲ့ ဂျူဗင်တပ်

0
181

မတ် ၂၈ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်တို့ဟာ အင်တာမီလန်ရဲ့ ပေါ်တူဂီနောက်ခံလူ ဂျိုအို ကမ်ဆယ်လိုကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့အတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြပါတယ်။

အီတလီကလာတဲ့ သတင်းတွေအရ မန်ယူနဲ့ ဂျူဗင်တပ်ဟာ ကမ်ဆယ်လို အတွက် အပြိုင်အဆိုင်ဖြစ်နေပြီး အင်တာမီလန်ထံကနေ အရခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ကမ်ဆယ်လိုဟာ စပိန်ကလပ် ဗလင်စီယာကနေ အင်တာမီလန်မှာ အငှားလာရောက်ကစားနေသူဖြစ်ပါတယ်။ အင်တာမီလန်အသင်းကလည်း အဆိုပါ ကစားသမားကို ပေါင်သန် ၃၀ ၀န်းကျင်နဲ့ အပိုင်ဝယ်ဖို့ စိတ်ကူးနေပါတယ်။

အင်တာမီလန်ရဲ့ ဆန္ဒဟာ မန်ယူနဲ့ ဂျူဗင်တပ်တို့ကြောင့် ပြည့်ဝဖို့ မလွယ်ဘူးလို့ သတင်းတွေက ဖော်ပြနေပြီး ကမ်ဆယ်လိုရဲ့ ပြောင်းရွှေ့ကြေးဟာလည်း ပေါင်သန်း ၃၀ အထက်ကိုရောက်လာနိုင် တယ်လို့ ခန့်မှန်းနေကြပါတယ်။

ကမ်ဆယ်လိုဟာ နောက်တန်းနေရာအစုံမှာ ကစားနိုင်သူဖြစ်ပြီး မန်ယူနည်းပြမော်ရင်ဟိုကတော့ နောက်ခံလူ ဗလင်စီယာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ကမ်ဆယ်လိုကို အရလိုချင်နေတာ ဖြစ်ပါတယ်။

NN

Leave a Reply