နိုင်​ငံ​တော်​သမ္မတအဖြစ်​ ဦးဝင်းမြင့်​ကို ​ရွေးချယ်​တင်​​မြှောက်

0
237

နေပြည်​​တော်​၊ မတ်​ ၂၈၊ ၂၀၁၈

ယ​နေ့(မတ်​ ၂၈)တွင်​ ပြုလုပ်​သည့်​ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် နိုင်ငံတော်သမ္မတအဖြစ်​ ဦးဝင်းမြင့်​ကို ​ရွေးချယ်​တင်​​မြှောက်​လိုက်​ကြောင်း သတင်းရရှိသည်။

သမ္မတ အသစ်ကို နိုင်ငံတော်သမ္မတရွေးချယ်​ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များမှ ဆန္ဒမဲလက်မှတ်များဖြင့် လျှို့ဝှက်​ဆန္ဒမဲများ​ပေးကာ ​ရွေးချယ်​ခဲ့ကြပြီး ဆန္ဒမဲ( ၄၀၃)မဲ ဖြင့် ဦးဝင်းမြင့်​က မဲအများဆုံးရရှိကာ ရွေးချယ် တင်မြှောက် ခံခဲ့ရခြင်း ဖြစ်​သည်​။

သမ္မတရွေးချယ်ပွဲသို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များမှလည်းလေ့လာသူများအဖြစ်တက်
ရောက်ခဲ့ကြသည်။

နိုင်​ငံတော်သမ္မတအဖြစ်​ ​ရွေးချယ်​တင်​​မြှောက်​ရာတွင်​ ၀င်​​ရောက်​ယှဉ်​ပြိုင်​သည့် ဦးမြင့့်​ဆွေမှာ ဆန္ဒမဲ ( ၂၁၁ ) မဲနှင့်​ ဦးဟင်​နရီဗန်​ထီးယူမှာ ဆန္ဒမဲ ( ၁၈ ) မဲ အသီးသီးရရှိခဲ့ကြသည်​။

ဒုတိယမဲအများဆုံးရရှိသည့် ဦးမြင့်ဆွေအား ဒုတိယသမ္မတ(၁) နှင့် တတိယမဲအများဆုံးရရှိသည့် ဦးဟင်နရီဗန်ထီးယူအား ဒုတိယသမ္မတ (၂) အဖြစ်ရွေးချယ်သတ်မှတ်လိုက်ကြောင်းသိရှိရသည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မတ်လ ၂၁ ရက်နေ့တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်ခဲ့ခြင်း ဖြစ်​သည်​။

နိုင်ငံတော်သမ္မတဖြစ်လာသော ဦးဝင်းမြင့်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် (၈.၁၁.၁၉၅၁ ခုနှစ်)တွင် မွေးဖွားခဲ့ပြီး ပုသိမ်မြို့အမှတ်(၆) အထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့ကာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် B.scဘွဲ့နှင့်​ H.G.P..RL များ ရရှိခဲ့သည်​။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်​မြို့နှင့် ဓနုဖြူမြို့များတွင် အထက်တန်း ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေတို့အဖြစ်​ ​ဆောင်ရွက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင်​ ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်းစည်းရုံးရေးအဖွဲ့အတွင်းရေးမှူးတို့အဖြစ်​ တာဝန်များ ထမ်းဆောင်​ခဲ့သည်​။

လက်​ရှိအချိန်​တွင်​ NLD ပါတီ၏ ဗဟိုအလုပ်​အမှုေ​ဆာင်​အဖွဲ့ဝင်​တစ်​ဦးလည်းဖြစ်​ကာ ​ဒေါ်​အောင်​ဆန်းစုကြည်​၏ ယုံကြည်​စိတ်​ချမှုကို ရရှိထားသူတစ်​ဦးလည်း ဖြစ်​သည်​။

ဦးဝင်းမြင့်​သည်​ ပြည်​သူ့လွှတ်​​တော်​တွင်း ​ကောင်းမွန်​စွာ ထိန်းကျောင်းနိုင်​သည့်​ ​ပုံရိပ်​​ကောင်းရှိသူတစ်​ဦးဖြစ်​ကာ လွှတ်​​တော်​ဥက္ကဋ္ဌအဖြစ်​မှ အနားယူမှု​ကြောင့်​ လွှတ်​​တော်​တွင်​ အားနည်းမှုများရှိနိုင်​သည်​ဟု NLD ပါတီ၏ဗဟိုအလုပ်အမှု​ဆောင်တစ်ဦးဖြစ်သူဦးဝင်းထိန်ကလည်း ​ပြောကြားထားသည်​။

ယဉ်​​ကေနွယ်

ဓာတ်ပုံ – MOI

Leave a Reply