မက်ဆီမပါတဲ့ အာဂျင်တီးနားကို ဂိုးပြတ်သွင်းပြီး အနိုင်ရခဲ့တဲ့ စပိန်အသင်း

0
173

မတ် ၂၈ ၊ ၂၀၁၈

ယနေ့မနက်က ယှဉ်ပြိုင်ခဲ့တဲ့ စပိန်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာ စပိန်အသင်းက ၆-၁ ရလဒ်နဲ့ အာဂျင်တီးနား အသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ စပိန်အသင်းမှာ ဒီဂီယာ၊ ကာဗာဂျယ် ၊ ပီကေး ၊ ရာမို့စ် ၊ ဂျော်ဒီအယ်လ်ဘာ ၊ အယ်လ်ကန်တာရာ ၊ ကိုကီ အင်နီယေစတာ ၊ အစ္စကို ၊ ဒီယေဂိုကော်စတာနဲ့ အေဆန်ဆီအိုတို့ပါဝင်ပွဲထွက်ခဲ့ပြီး ၄ -၃ -၃နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းကတော့ ရိုမီရို၊ ဘတ်စတို့စ်၊ အော်တာမန်ဒီ ၊ ရိုဂျို ၊ တက်လီဖီကို၊ ဘီဂလီယာ ၊ မာရှေးယာနို၊ လိုဆီဆို ၊ ဘာနီဂါ ၊ မီဇာ နဲ့ ဟီဂူအင်တို့ ပါဝင်ခဲ့ပြီး ၄ – ၂- ၃-၁ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပါတယ်။

ပွဲအစ ၁၂ မိနစ်မှာပဲ စပိန်အတွက် အဖွင့်ဂိုးကို ဒီယေဂိုကော်စတာက စတင်သွင်းယူခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ အစ္စကိုက သွင်းယူခဲ့ပါတယ်။ အဆိုပါသွင်းဂိုး နှစ်ဂိုးလုံးကို အေဆန်ဆီအိုရဲ့ ဖန်တီးပေးပို့မှုတွေကတဆင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ၃၉ မိနစ်မှာတော့ အာဂျင်တီးနား အသင်းအတွက် ချေပဂိုးကို အော်တာမန်ဒီက ပြန်လည် သွင်းယူ ပေးခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ၅၂ မိနစ်မှာ အစ္စကို က လည်းကောင်း၊ ၅၅ မိနစ်မှာ အယ်လ်ကန်တာရာ က လည်းကောင်း၊ ၇၃မိနစ် ၊ ၇၄ မိနစ် တွေမှာ အစ္စကိုကလည်းကောင်း စပိန်အသင်းအတွက် ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ရီးရဲမက်ဒရစ် ကွင်း လယ်လူ အစ္စကိုအနေနဲ့ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ဟက်ထရစ် သွင်းဂိုး ကိုပါ ရရှိခဲ့ပါတယ်။

စပိန်အသင်းဟာ ယူရို ၂၀၁၆ နောက်ပိုင်း နည်းပြ ဂျူလီယန် လိုပီတီဂူ လက်ထက်မှာ နောက်ဆုံး ၁၈ပွဲအတွင်း ရှုံးပွဲမရှိတဲ့ စံချိန်တစ်ရပ်ကို တင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

NN

Leave a Reply