ဂျပန်​အစိုးရနှင့့်​ OECD အကူအညီဖြင့်​ ​ကော်​ပိုရိတ်​စီမံအုပ်​ချုပ်​မှု စည်းမျဉ်း စည်းကမ်းများ ​ရေးဆွဲမည်

0
193

ရန်ကုန်​ ၊ မတ်​လ ၂၈ ၊ ၂၀၁၈

ဂျပန်​နိုင်​ငံအစိုးရနှင့်​ စီးပွား​ရေး ပူး​ပေါင်း​ဆောင်​ရွက်​မှုနှင့်​ ဖွံ့ဖြိုးတိုးတက်​မှုအဖွဲ့အစည်း (OECD) တို့၏ အကူအညီများဖြင့်​ ကော်​ပိုရိတ်​ စီမံအုပ်​ချုပ်​မှု
စည်းမျဉ်းစည်းကမ်းများ ​ကို ​ရေးဆွဲသွားမည်​ဖြစ်​​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ ကုမ္ပဏီများညွှန်​ကြားမှု ဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​ ဦး​အောင်​နိုင်​ဦး က​ပြောသည်​။

ကော်​ပိုရိတ်​ စီမံအုပ်​ချုပ်​မှု စည်းမျဉ်းစည်းကမ်းများ​ရေးဆွဲရန်​အတွက်​ ဂျပန်​အစိုးရမှ လိုအပ်​သည့်​ငွေ​ကြေးပိုင်းဆိုင်​ရာကို ကူညီ​ပေးမည်​ဖြစ်​ပြီး OECD က ပညာရပ်​ပိုင်းဆိုင်​ရာများကို အကူအညီ​ပေးသွားမည်​ဖြစ်​​သည်​။

“မြန်​မာနိုင်​ငံနဲ့ လိုက်​​လျောညီ​ထွေဖြစ်​မယ့်​ စည်းမျဉ်းစည်းကမ်း​တွေ ကို ​ရေး ဆွဲဖို့လုပ်​​နေတယ်​။ ဒါကို ၁ နှစ်​​လောက်​ အချိန်​ယူပြီး​ရေးဆွဲရမှာပါ။ မြန်​မာနိုင်​ငံမှာရှိတဲ့ ကုမ္ပဏီ​တွေ အထူးသဖြင့်​ အများပိုင်​ကုမ္ပဏီ​တွေလိုက်​နာရမယ့်​ ကော်​ပိုရိတ်​ စီမံအုပ်​ချုပ်​မှု စည်းမျဉ်း​စည်းကမ်း​တွေ ပြဌာန်းမယ်​။” ဟု ၎င်းက​ပြောသည်​။

ကော်​ပိုရိတ်​ စီမံအုပ်​ချုပ်​မှု စည်းမျဉ်း​စည်းကမ်း​တွင်​ အ​ခြေခံ အချက်​ ၅ချက်​ရှိပြီး ရှယ်​ယာဝင်​များ၏ အခွင့်​အ​ရေး ၊ မျှတစွာ ဆက်​ဆံသလား ၊ အစိုးရ ၊ ပုဂ္ဂလိက ၊ မီဒီယာ စသဖြင့်​ အားလုံးပါဝင်​သည့်​ State Holder များ၏ ပါဝင်​ပတ်​သက်​မှု ၊ ထုတ်​​ဖော်​ဖွင့်​ဟမှုနှင့်​ ပွင့်​လင်းမြင်​သာမှု ၊ ဒါရိုက်​တာများ၏ တာဝန်​များဖြစ်​​ကြောင်းသိရသည်​။

မြန်​မာနိုင်​ငံကုမ္ပဏီများကို ကြည့်​ပါက ဖွင့်​ဟ ထုတ်​​ဖော်​မှု နှင့်​ ပွင့်​လင်းမြင်​သာမှုတို့မှာ အားနည်း​နေပြီး ဒါရိုက်​တာများ၏ တာဝန်​ဝတ္တရားများနှင့်​ပတ်​သက်​၍လည်း နားလည်​မှုအားနည်း​နေ​သော​ကြောင့်​ အဆိုပါအချက်​ ၅ ချက်​ကို မည်​ကဲ့သို့ ထဲထဲဝင်​ဝင်​ဖြစ်​​စေရန်​နှင့်​ ကုမ္ပဏီများ လိုက်​နာလာ​စေရန်​ မည်ကဲ့သို့လုပ်​​ဆောင်မလဲဟူ​သောအချက်များကို ​ရေးဆွဲသွားမည်​ဖြစ်
ကြောင်း ၎င်းက​ပြောသည်​။

“အခုရက်ပိုင်းကစပြီးဆွဲ​နေပါပြီ။မကြာခင်မှာလည်းဒီစည်းမျဉ်းစည်းကမ်း
တွေနဲ့ပတ်​သက်​ပြီးမြန်​မာနိုင်​ငံနဲ့ လိုက်​​လျောညီ​ထွေဖြစ်​မယ့်​ စည်းမျဉ်း စည်းကမ်း​လုပ်​ရင်​ ဘယ်​လိုအချက်​​တွေပါဝင်​သင့်​တယ်​။ဘယ်​ဟာ​တွေကို အ​ခြေခံသင့်​တယ်​ဆိုတာ​​တွေကို ​လေ့လာသုံးသပ်​ဖို့ စစ်​တမ်း​တွေလုပ်​​သွားမှာပါ။”ဟု ဦး​အောင်​နိုင်​ဦးက​ပြောသည်​။

ထိုသို့ ​ရေးဆွဲရန်​အတွက်​ အကြမ်းဖျဉ်းကုမ္ပဏီ​ပေါင်း ၁၀၀ ခန့့်​ကို စစ်​တမ်း​ကောက်​ယူ သွားရန်​ လျာထားပြီး ယင်းစည်းမျဉ်းစည်းကမ်းများ ကျင့်​သုံးလာနိုင်​မည်​ဆိုပါက နို​င်​ငံခြားရင်းနှီးမြှုပ်​နှံသူများ၏ ယုံကြည်​မှုကိုပိုမိုရရှိမည်​ဖြစ်​ကာရင်းနှီးမြှုပ်​နှံသူများကိုလည်း ပိုမို ဆွဲ​ဆောင်​နိုင်​မည်​ဖြစ်​သည်​။

နိုင်​ငံပိုင်​စီးပွား​ရေးလုပ်​ငန်းများတွင်​ ဒါရိုက်​တာအဖွဲ့ဟူ၍ သိပ်​မရှိဘဲ ဦး​ဆောင်​ညွှန်​ကြား​ရေးမှူးနှင့်​ အ​ထွေ​ထွေမန်​​နေဂျာများသာရှိ​သော ​ကြောင့်​ ကော်​ပိုရိတ်​ စီမံအုပ်​ချုပ်​မှု စည်းမျဉ်း​ စည်းကမ်း​ကို စဉ်းစားလျှင်​ စွမ်းရည်​ရှိသည့်​ ဒါရိုက်​တာအဖွဲ့ ၁ ဖွဲ့လို​ကြောင်း ၎င်းကဆိုသည်​။

ဝေ​ဝေဖြိုး

Leave a Reply