စတော့ဈေးကွက် အား​ကောင်းလာ​စေရန်​ Special Task Force ဖွဲ့စည်းမည်

0
211

ရန်ကုန် ၊ မတ်လ ၂၈ ၊၂၀၁၈

စတော့ဈေးကွက်အားကောင်းခိုင်မာလာစေရန်​ နှင့်​​ အရှိန်မြှင့်တင် လုပ်ဆောင် လာနိုင်စေရန်အ တွက်​ Special Task Force ကို ဧပြီလ အတွင်း စတင်ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေး သက်သေခံ ကြီးကြပ်ရေး ကော်မရှင် ဥက္ကဌ ဦးမောင်မောင်ဝင်း က ပြောသည်။

Special Task Force ဖွဲ့စည်း​​ရေးကိုရန်​ကုန်​စ​တော့အိတ်​ချိန်းနှင့် JICA တို့ ပူးပေါင်း၍ လုပ်ဆောင်သွားမည်ဖြစ်​ပြီး ဖွဲ့စည်းပြီးပါက စ​တော့​ဈေးကွက် ​တိုးတက်​လာနိုင်​မည်ဖြစ်​​​ကြောင်းသိရသည်​။

” Special Task Force ဖွဲ့ ပြီး မူလ ကုမ္ပဏီ ထက် တိုးတက်လာဖို့ အားထုတ် ကြိုးပမ်းနေပါတယ် ။ စတော့မှာ စာရင်းဝင်မယ့် ကုမ္ပဏီ တွေကို လွယ်လွယ်ကူကူ စာရင်းဝင်နိုင်လို့ရအောင် ပညာပေးတာတွေ ထပ် အရှိန်မြှင့် တာတွေ လုပ်ဖို့ရှိပါတယ် ။”ဟု ၎င်းက​ပြောသည်​။

ထို့ပြင်စတော့အိတ်ချိန်းသို့ဝင်ရောက်လာမည့်ကုမ္ပဏီများအနေဖြင့်
ဈေးကွက်​အတွင်း ဝင်ရောက်လာပါက မည်ကဲ့သို့ လုပ်ဆောင်ရမည် များနှင့်​လိုအပ်သည့် အချက်များ ၊အခက်အခဲ များ ကို အကြံပေး လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အခုဆိုရင် ရန်ကုန်စတော့ အိတ်ချိန်း ကို လာဖို့ အတွက် အခွင့်အလမ်း ကောင်းတဲ့ ကုမ္ပဏီတွေ အများကြီး ရှိတယ်။ သူတို့အနေနဲ့ စတော့ ကို ဝင်လာဖ်ို့ဆိုရင် အတတ်ပညာရှင်အဖွဲ့ငှါး ရတယ်။ Law fan တွေ Accounting fan​တွေ ရှာဖွေရတယ်။ ဘယ်ဟာက တော်လည်း ​ကောင်း လည်း စရိတ်သက်သာလည်းဆိုတာ ရှာရတာ အရမ်းခက်တယ် ခေါင်းစားတယ် ။ အဲ့လိုတွေ မဖြစ်ရအောင် Task Force က group
ဖွဲ့ထားမယ် ။ အဲ့အဖွဲ့ထဲ က​နေ အဆင့်ဆင့် လုပ်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။”ဟု ရန်​ကုန်​စ​တော့အိတ်​ချိန်းမှ အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦး က ပြောသည်။

စတော့ဈေးကွက်တစ်ခု အောင်မြင်လာစေရန်မှာ သီးခြားရပ်တည်ရန် မလွယ်ကူ​သည့်​အတွက်​ အာဆီယံဒေသတွင်းရှိ ဖွံ့ဖြိုးပြီး စတော့အိတ်ချိန်း များ နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်လို​သော​ကြောင့်​ အာဆီယံ စတော့အိတ်ချိန်း စီအီးအို များ ညီလာခံ ၊အာဆီယံ အရင်းအနှီးဈေးကွက် ဖိုရမ် ၊မဲခေါင်ဒေသ စတော့အိတ်ချိန်းများ ညီလာခံ စသည်တို့ နှင့်လည်း ပူးပေါင်းဆောင်ရွက် လျှက်ရှိ​ကြောင်း သိရသည်။

လက်​ရှိတွင်​ ရန်ကုန်စတော့အိတ်ချိန်း၏ ဈေးကွက်ဖွံ့ဖြိုးရေး ဌာနမှ စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရေး အတွက် အလားအလာကောင်းသော အများပိုင် ကုမ္ပဏီများ ၊ နာမည်ကျော်ကြား သည့် ပုဂ္ဂလိက ကုမ္ပဏီ များနှင့်​သွားရောက်တွေ့ဆုံ၍ စတော့ဈေးကွက်သို့ ဝင်ရောက်ရေး အတွက် အကြံဥာဏ်များ ပေးခြင်း၊ စည်းရုံးဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်လျှက်ရှိ​သည်။

ဝေ​ဝေဖြိုး

Leave a Reply