ပါက်ဲ႕လိုဝတ္ဆင္္ၿပီး စိတ္က်န္းမာေရးမေကာင္းမြန္ေသာ ခင္ပြန္းႏွင့္ သားအတြက္ ေဆးကုစရိတ္ရွာေဖြ။

0
187

ေပက်င္း ဒီဇင္ဘာ ၉

တ႐ုတ္ႏုိင္ငံ ဆုက်ိဳးခ႐ို္င္ရွိ မိခင္တစ္ဦးသည္ စိတ္က်န္းမာေရး ေကာင္းမြန္ျခင္း မရွိသည့္ ခင္ပြန္းႏွင့္ သားျဖစ္သူတို႔ကို ေဆးကုသ
ေပးႏုိင္ေရး အတြက္ အေနာက္သို႔ခရီးသြားျခင္း အမည္ရွိ မဟာ ဇာတ္လမ္းပါ လူတစ္ပိုင္း၊ ဝက္တစ္ပိုင္း ပါက်ဲ႕ကဲ့သို႔ဝတ္ဆင္ၿပီး သူစိမ္းမ်ားနွင့္ ဓာတ္ပံု႐ိုက္ကာ ေငြရွာေဖြေနေၾကာင္း ဘီဘီစီသတင္းအရ သိရသည္။

အသက္ ၅၈ ႏွစ္အရြယ္ ဝူရွီယူးက ပါက်ဲ႕ကဲ့သို႔ ဝတ္ဆင္ၿပီး ေငြရွာေနပံု ဗီဒီယုိသည္ တ႐ုတ္ရွိ လူမႈမီဒီယာတစ္ခုျဖစ္ေသာ မီေယာက္ပုိင္တြင္ ပ်ံ႕ႏွံ႔သြားၿပီး ဒီဇင္ဘာ ၇ ရက္အထိ ၾကည့္႐ႈသူရွစ္သန္းရွိခဲ့သည္။ အေနာက္သို႔ ခရီးသြားျခင္း သည္ ၁၆ ရာစုက ဝတၳဳျဖစ္ၿပီး ႐ုပ္သံ အစီအစဥ္မ်ားျဖင့္ ျပန္လည္တင္ဆက္ခဲ့ရာ ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့သည္။

မိသားစုဝင္မ်ားအတြက္ ေဆးကုသစရိတ္မတတ္ႏုိင္ေတာ့ေၾကာင္း ဝူက ေဒသခံမီဒီယာမ်ားအားေျပာဆုိခဲ့သည္။ ဆုက်ိဳးခ႐ိုင္ရွိ လက္လုပ္လက္ စားအလုပ္သမားတစ္ဦးသည္ တစ္လလွ်င္ ယန္း ၅၅၁၄
( ၈၂၂ ေဒၚလာ) သာ ရရွိေၾကာင္း တ႐ုတ္အမ်ိဳးသားစာရင္းအင္းျဗဴ႐ို၏ ထုတ္ျပန္ခ်က္အရ သိရသည္။

“စေနနဲ႔ တနဂၤေႏြေန႔ေတြမွာဆိုရင္ ယန္း ၂၀၀ ( ေဒၚလာ ၃၀ ) ေလာက္ရတယ္။ တစ္ျပားတစ္ခ်ပ္္မွမရတဲ့ ေန႔ေတြလည္းရွိခဲ့တယ္။ ကၽြန္မသားက ေဆး႐ုံတက္ေနရတယ္၊ ကၽြန္မရဲဲ႕ က်န္းမာေရးဆိုင္ရာလူမႈဖူလံုေရးေထာက္ပံ့ေၾကးက တစ္လမွ ယန္း ၃၀၀၀၊ ၄၀၀၀ ( ၄၅၃ ေဒၚလာမွ ၆၀၄ ေဒၚလာ) ေလာက္ပဲရွိတာ၊ ကၽြန္မသိပ္ပင္ပန္းေနၿပီ၊ ကၽြန္မသားေလး အေျခအေနပိုေကာင္းလာေစခ်င္တာပါ” ဟု ဝူကေျပာဆုိခဲ့သည္။

သားျဖစ္သူသည္ စိတ္ကစင့္ကလ်ားေရာဂါရရွိေနၿပီး အသက္ ၁၁ ႏွစ္ကတည္းက က်န္းမာေရးေကာင္းမြန္ျခင္းမရွိေခ်။ သားျဖစ္သူကုိ ေဆး႐ုံ ၁၁ ႐ုံသုိ႔ျပခဲ့ရၿပီးျဖစ္ကာ ေငြေၾကးမတတ္ႏုိင္ေတာ့ေၾကာင္း ဝူကေျပာဆုိခဲ့သည္။ သားျဖစ္သူ ေပ်ာ္ရႊင္လာေရးအတြက္ ပါက်ဲ႕ကဲ့သို႔ ဝတ္ဆင္ျပခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆိုခဲ့သည္။

ဝူ ပါက်ဲ႕ကဲ့သို႔ ဝတ္ဆင္ၿပီး ေငြရွာေနသည့္ ပန္းၿခံထဲတြင္ သစ္သီးေရာင္းသူတစ္ဦးကလည္း ဝူ၏အေၾကာင္းကို ေျပာျပခဲ့သည္။ ဝူ၏အိမ္တြင္လည္းအေျခအေနမေကာင္းေၾကာင္း၊ ခင္ပြန္းျဖစ္သူ ကုိယ္တုိင္သည္လည္း စိတ္က်န္းမာေရးမေကာင္းမြန္ေသာေၾကာင့္ ဝူ႔ကုိမကူညီႏုိင္ေၾကာင္း သစ္သီးေရာင္းသူကေျပာဆုိခဲ့သည္။

ဝူ၏ျဖစ္ရပ္ လူမႈမီဒီယာတြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ကိုယ္ခ်င္းစာသူမ်ားႏွင့္ တုန္လႈပ္သူမ်ားရွိခဲ့သည္။ ရန္ပံုေငြထူေထာင္ေပးၿပီး ဝူကို ကူညီသင့္ေၾကာင္း အြန္လုိင္းအသံုးျပဳသူတစ္ဦးကေျပာဆုိခဲ့သည္။ သားျဖစ္သူ ျပန္လည္ က်န္းမာလာေစေရး ဆုေတာင္းပါေၾကာင္း အျခားတစ္ဦး ကေျပာဆုိခဲ့သည္။ အျခားတစ္ဦးကလည္း တ႐ုတ္၌ ဝူကဲ့သို႔ ဒုကၡႀကံဳေနရသူမ်ားစြာရွိေနေၾကာင္း ေျပာဆုိခဲ့သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ ပါက်ဲ႕ကဲ့သို႔ဝတ္ဆင္ထားသည့္ တ႐ုတ္အမ်ိဳးသမီး ဝူရွီယူး။

ပေကျင်း ဒီဇင်ဘာ ၉

တရုတ်နိုင်ငံ ဆုကျိုးခရို်င်ရှိ မိခင်တစ်ဦးသည် စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း မရှိသည့် ခင်ပွန်းနှင့် သားဖြစ်သူတို့ကို ဆေးကုသ
ပေးနိုင်ရေး အတွက် အနောက်သို့ခရီးသွားခြင်း အမည်ရှိ မဟာ ဇာတ်လမ်းပါ လူတစ်ပိုင်း၊ ဝက်တစ်ပိုင်း ပါကျဲ့ကဲ့သို့ဝတ်ဆင်ပြီး သူစိမ်းများနှင့် ဓာတ်ပုံရိုက်ကာ ငွေရှာဖွေနေကြောင်း ဘီဘီစီသတင်းအရ သိရသည်။

အသက် ၅၈ နှစ်အရွယ် ဝူရှီယူးက ပါကျဲ့ကဲ့သို့ ဝတ်ဆင်ပြီး ငွေရှာနေပုံ ဗီဒီယိုသည် တရုတ်ရှိ လူမှုမီဒီယာတစ်ခုဖြစ်သော မီယောက်ပိုင်တွင် ပျံ့နှံ့သွားပြီး ဒီဇင်ဘာ ရ ရက်အထိ ကြည့်ရှုသူရှစ်သန်းရှိခဲ့သည်။ အနောက်သို့ ခရီးသွားခြင်း သည် ၁၆ ရာစုက ဝတ္ထုဖြစ်ပြီး ရုပ်သံ အစီအစဉ်များဖြင့် ပြန်လည်တင်ဆက်ခဲ့ရာ အောင်မြင်မှုများစွာ ရရှိခဲ့သည်။

မိသားစုဝင်များအတွက် ဆေးကုသစရိတ်မတတ်နိုင်တော့ကြောင်း ဝူက ဒေသခံမီဒီယာများအားပြောဆိုခဲ့သည်။ ဆုကျိုးခရိုင်ရှိ လက်လုပ်လက် စားအလုပ်သမားတစ်ဦးသည် တစ်လလျှင် ယန်း ၅၅၁၄ 
( ၈၂၂ ဒေါ်လာ) သာ ရရှိကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗြူရို၏ ထုတ်ပြန်ချက်အရ သိရသည်။

“စနေနဲ့ တနင်္ဂနွေနေ့တွေမှာဆိုရင် ယန်း ၂၀၀ ( ဒေါ်လာ ၃၀ ) လောက်ရတယ်။ တစ်ပြားတစ်ချပ််မှမရတဲ့ နေ့တွေလည်းရှိခဲ့တယ်။ ကျွန်မသားက ဆေးရုံတက်နေရတယ်၊ ကျွန်မရဲဲ့ ကျန်းမာရေးဆိုင်ရာလူမှုဖူလုံရေးထောက်ပံ့ကြေးက တစ်လမှ ယန်း ၃၀၀၀၊ ၄၀၀၀ ( ၄၅၃ ဒေါ်လာမှ ၆၀၄ ဒေါ်လာ) လောက်ပဲရှိတာ၊ ကျွန်မသိပ်ပင်ပန်းနေပြီ၊ ကျွန်မသားလေး အခြေအနေပိုကောင်းလာစေချင်တာပါ” ဟု ဝူကပြောဆိုခဲ့သည်။

သားဖြစ်သူသည် စိတ်ကစင့်ကလျားရောဂါရရှိနေပြီး အသက် ၁၁ နှစ်ကတည်းက ကျန်းမာရေးကောင်းမွန်ခြင်းမရှိချေ။ သားဖြစ်သူကို ဆေးရုံ ၁၁ ရုံသို့ပြခဲ့ရပြီးဖြစ်ကာ ငွေကြေးမတတ်နိုင်တော့ကြောင်း ဝူကပြောဆိုခဲ့သည်။ သားဖြစ်သူ ပျော်ရွှင်လာရေးအတွက် ပါကျဲ့ကဲ့သို့ ဝတ်ဆင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

ဝူ ပါကျဲ့ကဲ့သို့ ဝတ်ဆင်ပြီး ငွေရှာနေသည့် ပန်းခြံထဲတွင် သစ်သီးရောင်းသူတစ်ဦးကလည်း ဝူ၏အကြောင်းကို ပြောပြခဲ့သည်။ ဝူ၏အိမ်တွင်လည်းအခြေအနေမကောင်းကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုယ်တိုင်သည်လည်း စိတ်ကျန်းမာရေးမကောင်းမွန်သောကြောင့် ဝူ့ကိုမကူညီနိုင်ကြောင်း သစ်သီးရောင်းသူကပြောဆိုခဲ့သည်။

ဝူ၏ဖြစ်ရပ် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့ပြီးနောက် ကိုယ်ချင်းစာသူများနှင့် တုန်လှုပ်သူများရှိခဲ့သည်။ ရန်ပုံငွေထူထောင်ပေးပြီး ဝူကို ကူညီသင့်ကြောင်း အွန်လိုင်းအသုံးပြုသူတစ်ဦးကပြောဆိုခဲ့သည်။ သားဖြစ်သူ ပြန်လည် ကျန်းမာလာစေရေး ဆုတောင်းပါကြောင်း အခြားတစ်ဦး ကပြောဆိုခဲ့သည်။ အခြားတစ်ဦးကလည်း တရုတ်၌ ဝူကဲ့သို့ ဒုက္ခကြုံနေရသူများစွာရှိနေကြောင်း ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ပါကျဲ့ကဲ့သို့ဝတ်ဆင်ထားသည့် တရုတ်အမျိုးသမီး ဝူရှီယူး။

 

Leave a Reply