လီဗာပူးလ်နည်းပြ ဂျာဂျန်ကလော့သည် ဘိုင်ယန်မြူနစ်အတွက် အသင့်တော်ဆုံးဟု အေးဂျင့်ဆို

0
174

မတ် ၂၈ ၊ ၂၀၁၈

ဂျာဂျန်ကလော့ရဲ့ အေးဂျင့်ဖြစ်တဲ့ ကိုဆစ်ကီက နည်းပြအသစ် ရှာဖွေနေသော ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လီဗာပူးလ်နည်းပြ ဂျာကင်ကလော့ကို နည်းပြအဖြစ် ခန့်အပ်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

ဂျာမနီနိုင်ငံသား ဂျာဂျန်ကလော့ဟာ ဒေါ့မွန်အသင်းကို နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌနဲ့လည်း ဆက်ဆံရေး ကောင်းတွေ တည်ဆောက်ထားနိုင်သူ ဖြစ်ပါတယ်။ဒါကြောင့် ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌအနေနဲ့ နွေရာသီမှာ နည်းပြရှာပုံတော်ဖွင့်မယ်ဆိုရင် ကလော့ကို နည်းပြအဖြစ် ခန့်သင့်တယ်လို့ ကိုဆစ်ကီက ဆိုပါတယ်။

ကလော့ဟာ လီဗာပူးလ်အသင်းကို ၂၀၁၅ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၇/၁၈ ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းကို အမှတ်ပေးဇယားရဲ့ အဆင့်၎ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

“၂၀၂၂မှ လီဗာပူးလ်နဲ့ သူ့ရဲ့စာချုပ်က ပြည့်မှာပါ။ကျွန်တော်ကတော့ ဒါကို မတွေးချင်ဘူး။နည်းပြတစ် ယောက်ဟာ ကလပ်အသင်းတစ်သင်းလောက် ကြီးကျယ်ခမ်းနားမှု မရှိနိုင်ပါဘူး။အခု ဘိုင်ယန်က နွေရာသီမှာ နည်းပြ အသစ်ရှာနေတယ်။ ဒါပေမယ့် ကလော့က လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကျန်နေတယ်။ ကလော့ အနေနဲ့ တခြားအသင်းတစ်ခုကို နည်းပြဖို့ တွေးမှာ တော့ မဟုတ်ဘူး။ဘိုင်ယန်ဟာ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ် သင်းဖြစ် တယ်။ ဒါကြောင့် ဒီအသင်းနည်းပြအဖြစ် ကလော့ဟာ အသင့်တော် ဆုံးပဲ”လို့ အေးဂျင့် ကိုဆစ်ကီက ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြအန်ဆယ်လော့တီကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ယခင်နည်းပြဟောင်း ဖြစ်သော ဂျက်ဟေးနက်ကို ကာလတိုစာချုပ်ဖြင့် နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဂျာဂျန်ကလော့ဟာ ဒေါ့မွန်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ဘွန်ဒက် လီဂါ အမှတ်ပေးချန်ပီယံဆုနဲ့ ဂျာမန်ပိုကယ်ဖလားတွေကို ဆွတ်ခူးရရှိ ထားခဲ့သူ ဖြစ်ပါတယ်။

NN

Leave a Reply