တရားရုံးကိုဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သော ရှေ့နေဦးဇော်ဝင်းအား ပထမဆုံး အကြိမ်ရုံးထုတ်

0
163

မန္တလေး၊ မတ် ၂၈၊ ၂၀၁၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးရှေ့မှ ဆိုင်းဘုတ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သဖြင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ဖမ်းဆီးခံရသည့် ရှေ့နေဦးဇော်ဝင်းကို မတ်လ ၂၈ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။

ရှေ့နေဦးဇော်ဝင်းကို ပြည်ကြီးတံခွန်မြို့နယ်မှ ဒုတိယအထွေထွေ အုပ်ချုပ် ရေးမှူး ဦးကျော်စိုးက တရားလိုပြုလုပ်၍ မတ်လ ၂၀ ရက်နေ့တွင် နိုင်ငံ တော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးသို့ ဦးတိုက် လျှောက်ခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ စတင်ရုံး ထုတ်ခြင်း လည်း ဖြစ်သည်။

“သူတို့ဆွဲတာက လူတစ်ယောက်ရဲ့ လူမှုကွန်ယက်မှာ တင်တဲ့ဟာကို စီဒီနဲ့သွင်းပြီး ဦးတိုက်လျှောက်တာ။တကယ်ဆို ၆၆ (ဃ) နဲ့ တရားစွဲရမှာ လူတိုင်းသိတယ်။ဘာလို့ ၅၀၅ (ခ) နဲ့ တရားစွဲလဲ မသိဘူး။ နောက်ပြီး ဒီပုဒ်မနဲ့စွဲရင် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ပါရမယ်။ ခုဟာက တောင်းထားစဲ လို့ပြောတယ်။ဒါဆို ဘာလို့ ဖမ်းပြီးရုံးတင်လဲ”ဟု ဖမ်းဆီးခံရသည့်
ရှေ့နေဦးဇော်ဝင်း က ပြောသည်။

ရှေ့နေဦးဇော်ဝင်းသည် မတ်လ ၁၅ ရက်နေ့က မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်တရားရုံးတွင် တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့် မပေးပဲ ထောင်ဒဏ် လေးလ ချမှတ်လိုက်သော အမှုအတွက် တရားခွင် စစ်ဆေးပြီးချိန်တွင် တရားခွင်ရှေ့မှ ဆိုင်းဘုတ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

“တရားလိုသက်သေ ခြောက်ဦးတင်တယ် ။ တရားလိုပြ သက်သေ (၆) ဦးတင်ထားတယ်”ဟု ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီး ဒေါ်ခင်မာဦး က ပြောသည်။

အဆိုပါ ဖိနပ်ဖြင့် ပစ်ပေါက်မှုအတွက် တွဲဘက်တရားသူကြီး ဒေါ်အေးယုမွန် မှ မတ်လ ၁၆ ရက်နေ့တွင် ဦးဇော်ဝင်းအား ပြည်ကြီးတံခွန် မြို့မ ရဲစခန်း တွင် (ပ)၁၆၀/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅၀၆ တို့ဖြင့်လည်း အမှုဖွင့်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply