သမ္မတအသစ်​ဦးဝင်းမြင့်​ကို FPNCCကြိုဆို

0
164

ရန်ကုန်၊မတ်​ ၂၈ ၊ ၂၀၁၈

သမ္မတအသစ်​အဖြစ်​ ​ရွှေးချယ်​တင်​​မြှောက်​ခဲ့သည့်​ ဦးဝင်းမြင့်​အား ၀ ပြည်​​သွေးစည်းညီညွတ်ပါတီ UWSA ဦး​ဆောင်​သည့်​ တိုင်းရင်းသားလက်​နက်​ကိင်​ ၇ဖွဲ့ဖြင့်​ဖွဲ့စည်းထားသည့်​ ​မြောက်​ပိုင်းမဟာမိတ်​အဖွဲ့ FPNCC ကကြိုဆို​ကြောင်း ထုတ်​ပြန်​ချက်​တစ်
စောင်​အားထုတ်​ပြန်​ခဲ့သည်​။

FPNCC ၏ ဒုတိယအကြိမ်​ အမြဲတမ်း​ကော်​မတီအစည်းအ​ဝေးအား မတ်​လ၂၆ရက်​မှ ၂၈ရက်​​နေ့အထိ UWSA ဌာနချုပ်​ ပန်​ခမ်းမြို့တွင်​ပြုလုပ်​ခဲ့ပြီး အစည်း အ​ဝေးအပြီးထုတ်​ပြန်​ချက်​တွင်​ သမ္မတအသစ်​ဦးမြင့်​အားကြိုဆိုလိုက်​ပြီး သမ္မတအသစ်​လက်​ထက်​တွင်​ ငြိမ်းချမ်း​ရေးကို​ဆောလျင်​စွာ အ​ကောင်​အထည်​​ဖော်​ရန်​​မျှော်လင့်​​ကြောင်း​ ဖော်​ပြထားသည်​။

ထု​ပြန်​ချက်​တွင်​ ၂၁ရာစုပင်​လုံညီလာခံ တတိယအကြိမ်​ကျင်းပရာတွင်​ အစိုးရအ​နေဖြင့်​တရားဝင်​ဖိတ်​ကြားပါက FPNCCအဖွဲ့ဝင်​များအ​နေဖြင့်​စုံညီစွာတက်​​ရောက်​မည်​ဖြစ်​ပြီး အစည်းအ​ဝေးတက်​​ရောက်​သည့်​အခါလုံခြုံ​ရေးအာမခံချက်​ရရှိရန်​အတွက်​ တရုတ်​နိုင်​ငံမှ ခရီးစဉ်​အတွက်​ကူညီ​ထောက်​ပံ့​ပေးရန်​ ​မေတ္တာရပ်​ခံ​ကြောင်းထုတ်​ပြန်​ချက်​တွင်​ထည့်​သွင်း​ဖော်​ပြထားသည်​။

ကချင်​ တအန်း ကိုးကန့်​ ရခိုင်​ ​ဒေသများတွင်​ထိုးစစ်​ဆင်​​နေသည့်​ တပ်​မ​တော်​အားရှုံချ​ ပြီး တိုင်းရင်းသားပဋိပက္ခအား နိုင်​ငံ​ရေးအရ​တွေ့ဆုံ​ဆွေး​နွေးသည့်​နည်းဖြင့်​ ​ဖြေရှင်းရန်​​တောင်းဆို​ကြောင်း​ဖော်​ပြထား
သည်​။

ကိုဉာဏ်

Leave a Reply