PPP ကိစ္စရပ်​များကို စီမံကိန်းစစ်ဆေးရေးနှင့် တိုးတက်ရေး အစီရင်ခံရေး ဦးစီးဌာနမှ ဆက်​လက်​ကိုင်​တွယ်​မည်

0
164

ရန်ကုန်၊ မတ်လ ၂၉ ၊ ၂၀၁၈

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင်​ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်ရေး အစီရင်ခံရေးဦးစီးဌာနကိုပြန်လည်ဖွဲ့စည်း ထားပြီးဖြစ်​ရာ ယင်းဌာနမှPublic – Private – Partnership (PPP) နှင့် ပတ်သက်သည့်လုပ်ငန်းကိစ္စအားလုံးကိုဆက်လက်ကိုင်တွယ်ဆောင်ရွက် မည်ဖြစ် ​ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောသည်။

အဆိုပါ ဦးစီးဌာနကို ဖွဲ့စည်းရာတွင်​PPP နှင့် ပတ်သက်သော ယူနစ်ကို ထည့်သွင်းဖွဲ့စည်းထားပြီး မူဘောင်အပါအဝင် ကျန်လုပ်ငန်းစဉ်များအတွက် ပြင် ဆင်ထားသည်များကိုလည်းလွှဲပြောင်းပြီးဖြစ်​ကြောင်းသိရသည်​။

“PPP နဲ့ ပတ်သက်တဲ့ မူဘောင် ရေးဆွဲတာ အကုန်ပြီးသွားပါပြီ။ PPP နဲ့
ပတ်သက်လာရင် နိုင်ငံတော်တော်များများမှာ ဒီကိစ္စတွေကို ကိုင်တွယ်တဲ့ PPPယူနစ်ဆိုတာ ရှိတယ်။ PPP ယူနစ်ဆိုတာ PPP နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ အားလုံးကို ကိုင်တွယ်တာ။ကျွန်တော်တို့ တိုင်းပြည်မှာ အရင်တုန်းက PPP ယူနစ်က မရှိခဲ့ဘူး။ MIC ကပဲ ဒီဟာ နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ အားလုံးကို ဦးဆောင်ပြီးတော့ ကျွန်တော်တို့ကမူပိုင်း ဆိုင်ရာတွေကို တောင်းတယ်။ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ဆွဲတယ်။ အခုမူဘောင်ဆွဲပြီးတဲ့အဆင့်ရောက်သွားပါပြီ။ကျွန်တော်တို့ရဲ့ မူဘောင်ရော စံပြစာချုပ်ပုံစံရော အားလုံးကိုကျွန်တော်တို့ လွှဲပြီးသွားပါပြီ။ အဲ့ဌာနက ဆက်ပြီး တော့ အကောင်အထည်ဖော်ပါမယ်။”ဟု ၎င်းက​ပြောသည်​။

Public – Private – Partnership (PPP) အရ အစိုးရနှင့်ရင်းနှီးမြှုပ်နှံသူ အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူ စာချုပ်မူဘောင်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ၁၀၀ရာခိုင်နှုန်းအပြည့် ရင်းနှီးမြှုပ်နှံခွင့်ပေး သွားမည် ဖြစ်ကြောင်းသိရသည်​။

ထို့ပြင်​ဆိပ်ကမ်းလုပ်ကိုင်မည်ဆိုပါက ဆိပ်ကမ်းလုပ်ငန်းတွင် အစိုးရနှင့်
ရင်းနှီးမြှုပ်နှံသူတို့အကြား ချုပ်ဆိုမည့် စာချုပ်၊ အမြန်လမ်းအပါအဝင် လမ်း/တံတား ​ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့်​ပတ်​သက်​၍ အစိုးရဘက်နှင့်ရင်းနှီးမြှုပ်နှံသူ မည်ကဲ့သို့ ပူးပေါင်းလုပ်ကိုင်မည်ဟူသော စာချုပ်နှင့်​လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းနှင့် ပတ်သက်သည့် စံပြစာချုပ် နမူနာကိုလည်းရေးဆွဲထားပြီးဖြစ်ကြောင်း ၎င်းက​ပြောသည်​။

နို​င်​ငံခြားရင်းနှီးမြှုပ်​နှံမှု၊အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုး တက်မှုနှင့်​ပတ်သက်ပါက ကန့်​သတ်​ချက်​မထားဘဲ ၁၀၀ ရာခိုင်​နှုန်း ခွင့်​ပြုထားပြီး အစိုးရ ၊ ပုဂ္ဂလိကကဏ္ဍများနှင့်​လည်း ဖက်​စပ်​လုပ်​ကိုင်​ခွင့်​​ပေးထား​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply