ေျမာက္ကုိရီးယား၏ ရန္ကုိ ကာကြယ္ရန္ တာလတ္ပစ္ဒုံးက်ည္မ်ား တပ္ဆင္မည္ဟု ဂ်ပန္ကာကြယ္ေရးဝန္ႀကီးေျပာဆုိ

0
208

တုိက်ိဳ ဒီဇင္ဘာ ၉

ေျမာက္ကိုရီးယားက တုိက္ခိုက္လာပါက တန္ျပန္ တိုက္ခိုက္နုိင္စြမ္း ျမင့္မားေစရန္ ဂ်ပန္သည္ တာလတ္ပစ္ ေဝဟင္မွ ေျမျပင္ပစ္ ဒံုးက်ည္မ်ားကုိ တပ္ဆင္ရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီး အီဆူႏိုရီအိုႏိုဒဲရာက ဒီဇင္ဘာ ၈ ရက္အေႏွာင္းပိုင္းတြင္ ထုတျ္ပန္ခဲ့သည္။

ေျမာက္ကိုရီးယားက ဒံုးက်ည္မ်ား စမ္းသပ္ပစ္လႊတ္မႈမ်ားကို ပံုမွန္ ျပဳလုပ္ေနမႈေၾကာင့္ ကိုရီးယားကၽြန္းဆြယ္တြင္ တင္းမာမ်ားျမင့္တက္ လာခ်ိန္တြင္ ဂ်ပန္သည္လည္း လက္နက္အင္အားကို တိုးျမႇင့္လိုက္ျခင္း ျဖစ္သည္။

ဒံုးက်ည္မ်ားကုိ ဂ်ပန္ရွိ တိုက္ေလယာဥ္မ်ားတြင္ တပ္ဆင္မည္ျဖစ္သည္။ တာလတ္ပစ္ဒံုးက်ည္မ်ားသည္ ကီလိုမီတာ ၁၀၀၀( ၆၂၁ မုိင္) အထိ ေရာက္ရွိႏုိင္သည္။ ဂ်ပန္၏ၿငိမ္းခ်မ္းေရးလုိလားေသာ ဖဲြ႕စည္းပံု အေျခခံဥပေဒအရ ကိုယ့္ႏိုင္ငံကာကြယ္ေရးကုိသာ အဓိက ထားရမည္ ျဖစ္သျဖင့္ တာလတ္ပစ္ဒံုးက်ည္မ်ားတပ္ဆင္ရန္ စီစဥ္ျခင္းကို ေဝဖန္မႈမ်ား ရွိလာမည္ျဖစ္သည္။

မၾကာေသးမီလမ်ားအတြင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးသည္ စစ္တပ္၏ လုပ္ေဆာင္ႏုိင္စြမ္းအား ကန္႔သတ္ထားျခင္းကို ေျဖေလွ်ာ့ႏုိင္ရန္ ႀကိဳးပမ္း ခဲ့သည္။ အာေဘး၏အစိုးရက လႊတ္ေတာ္သို႔ တင္သြင္းထားသည့္ ဥပေဒၾကမ္း၌ ဖဲြ႕စည္းပံုအေျခခံဥပေဒကုိ က်ယ္က်ယ္ျပန္႔ျပန္႔ သံုးသပ္ မႈမ်ားကိုျပဳလုပ္မည့္ အခ်က္မ်ားပါဝင္သည္။ ယခုေလာေလာဆယ္တြင္ ဂ်ပန္ရွိ အေဝးအေရာက္ဆံုး ဒံုးက်ည္မ်ားသည္ ကီလိုမီတာ ၃၀၀ အထိသာ ေရာက္ရွိႏုိင္ေသးသည္။

အက္ဖ္-၃၅ ေအ ( အသံတိတ္ေလယာဥ္မ်ား) တြင္ တပ္ဆင္ႏုိင္သည့္ ဒံုးက်ည္မ်ားကို အသံုးျပဳရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္း အိုႏိုဒဲရာ ကေျပာဆုိခဲ့သည္။ ဂ်ပန္သည္ ရန္သူ၏အေျခစိုက္စခန္းမ်ားကုိ တုိက္ခိုက္ေရးအတြက္ အေမရိကန္ကုိအားကိုးေနဦးမည္ျဖစ္ၿပီး ဒံုးက်ည္သစ္မ်ားသည္ ကာကြယ္ေရးအတြက္သာျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆုိခဲ့သည္။

ထို႔ျပင္ အေမရိကန္လုပ္ အက္ဖ္-၁၅ တုိက္ေလယာဥ္မ်ားတြင္ အေမရိကန္လုပ္ ေျမျပင္မွ ေဝဟင္ပစ္ ပူးတဲြကာကြယ္ေရးဒံုးက်ည္မ်ားကို တပ္ဆင္မည္ျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးကေျပာဆုိခဲ့သည္။

ဂ်ပန္၏ၿငိမ္းခ်မ္းေရးလုိလားေသာ ဖဲြ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ျဖည့္စြက္ရန္ ဝန္ႀကီးခ်ဳပ္အာေဘးက ႀကိဳးပမ္းေနျခင္းသည္ လႊတ္ေတာ္တြင္းဆန္႔က်င္မႈမ်ားႏွင့္ ႀကံဳေနရသည္။ သို႔ေသာ္ ဂ်ပန္သည္ ေျမာက္ကိုရီးယား၏တိုက္ခိုက္မႈကိုတားဆီးရန္ ထိေရာက္ေသာ နည္းလမ္းမ်ားကုိ လိုအပ္ေနေၾကာင္း အစိုးရကေျပာဆုိခဲ့သည္။

ေျမာက္ကိုရီးယားသည္ ဂ်ပန္ႏုိင္ငံကိုျဖတ္ၿပီး ဒံုးက်ည္ႏွစ္စင္း စမ္းသပ္ပစ္လႊတ္ခဲ့ၿပီးျဖစ္သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ ဂ်ပန္ရွိ အေမရိကန္လုပ္ အက္ဖ္-၁၅ တိုက္ေလယာဥ္အုပ္စုတစ္စု။

တိုကျို ဒီဇင်ဘာ ၉

မြောက်ကိုရီးယားက တိုက်ခိုက်လာပါက တန်ပြန် တိုက်ခိုက်နိုင်စွမ်း မြင့်မားစေရန် ဂျပန်သည် တာလတ်ပစ် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များကို တပ်ဆင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အီဆူနိုရီအိုနိုဒဲရာက ဒီဇင်ဘာ ၈ ရက်အနှောင်းပိုင်းတွင် ထုတြ်ပန်ခဲ့သည်။

မြောက်ကိုရီးယားက ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုများကို ပုံမှန် ပြုလုပ်နေမှုကြောင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာများမြင့်တက် လာချိန်တွင် ဂျပန်သည်လည်း လက်နက်အင်အားကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ဒုံးကျည်များကို ဂျပန်ရှိ တိုက်လေယာဉ်များတွင် တပ်ဆင်မည်ဖြစ်သည်။ တာလတ်ပစ်ဒုံးကျည်များသည် ကီလိုမီတာ ၁၀၀၀( ၆၂၁ မိုင်) အထိ ရောက်ရှိနိုင်သည်။ ဂျပန်၏ငြိမ်းချမ်းရေးလိုလားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ့်နိုင်ငံကာကွယ်ရေးကိုသာ အဓိက ထားရမည် ဖြစ်သဖြင့် တာလတ်ပစ်ဒုံးကျည်များတပ်ဆင်ရန် စီစဉ်ခြင်းကို ဝေဖန်မှုများ ရှိလာမည်ဖြစ်သည်။

မကြာသေးမီလများအတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စစ်တပ်၏ လုပ်ဆောင်နိုင်စွမ်းအား ကန့်သတ်ထားခြင်းကို ဖြေလျှော့နိုင်ရန် ကြိုးပမ်း ခဲ့သည်။ အာဘေး၏အစိုးရက လွှတ်တော်သို့ တင်သွင်းထားသည့် ဥပဒေကြမ်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် မှုများကိုပြုလုပ်မည့် အချက်များပါဝင်သည်။ ယခုလောလောဆယ်တွင် ဂျပန်ရှိ အဝေးအရောက်ဆုံး ဒုံးကျည်များသည် ကီလိုမီတာ ၃၀၀ အထိသာ ရောက်ရှိနိုင်သေးသည်။

အက်ဖ်-၃၅ အေ ( အသံတိတ်လေယာဉ်များ) တွင် တပ်ဆင်နိုင်သည့် ဒုံးကျည်များကို အသုံးပြုရန် စီစဉ်နေပြီဖြစ်ကြောင်း အိုနိုဒဲရာ ကပြောဆိုခဲ့သည်။ ဂျပန်သည် ရန်သူ၏အခြေစိုက်စခန်းများကို တိုက်ခိုက်ရေးအတွက် အမေရိကန်ကိုအားကိုးနေဦးမည်ဖြစ်ပြီး ဒုံးကျည်သစ်များသည် ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

ထို့ပြင် အမေရိကန်လုပ် အက်ဖ်-၁၅ တိုက်လေယာဉ်များတွင် အမေရိကန်လုပ် မြေပြင်မှ ဝေဟင်ပစ် ပူးတွဲကာကွယ်ရေးဒုံးကျည်များကို တပ်ဆင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးကပြောဆိုခဲ့သည်။

ဂျပန်၏ငြိမ်းချမ်းရေးလိုလားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ရန် ဝန်ကြီးချုပ်အာဘေးက ကြိုးပမ်းနေခြင်းသည် လွှတ်တော်တွင်းဆန့်ကျင်မှုများနှင့် ကြုံနေရသည်။ သို့သော် ဂျပန်သည် မြောက်ကိုရီးယား၏တိုက်ခိုက်မှုကိုတားဆီးရန် ထိရောက်သော နည်းလမ်းများကို လိုအပ်နေကြောင်း အစိုးရကပြောဆိုခဲ့သည်။

မြောက်ကိုရီးယားသည် ဂျပန်နိုင်ငံကိုဖြတ်ပြီး ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီးဖြစ်သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ဂျပန်ရှိ အမေရိကန်လုပ် အက်ဖ်-၁၅ တိုက်လေယာဉ်အုပ်စုတစ်စု။

 

 

Leave a Reply