ဂါရက်ဘေးလ်ဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့လို ကမ္ဘာ့အဆင့်ရှိသူဟု ဂစ်ချီးကျူး

0
145

မတ် ၂၉ ၊ ၂၀၁၈

ဝေးလ်အသင်းရဲ့နည်ပြဖြစ်တဲ့ ရွိုင်ယန်ဂစ်က ဂါရက်ဘေးလ်ဟာ မက်ဆီ နဲ့ စီရော်နယ်ဒိုတို့လို ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။

ဂါရက်ဘေးလ်ဟာ ရီးရဲမက်ဒရစ်နဲ့အတူ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေရသော်လည်း ၂၉ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူထားနိုင် ခဲ့ပါတယ်။

သူဟာ ကမ္ဘာကျော်ဘောလုံးသမားတွေထဲမှာ ဈေးကြီးတဲ့ အတန်းအစားထဲ က တစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်လည်း သူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့အတွက် ရီးရဲမက်ဒရစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်နေခဲ့သူ ဖြစ်ပါတယ်။

“ကစားသမားတွေအားလုံးကတော့ သူတို့ ပွဲထွက်ခွင့်ရဖို့အတွက် အမြဲတိုက်ပွဲဝင်နေကြရပါတယ်။ အထူးသဖြင့် အသင်းကြီးတွေမှာဆိုရင် ပွဲထွက် ၁၁ ယောက်စာရင်းမှာ ပါဖို့အတွက် ပိုပြီး တိုက်ပွဲဝင်ရတာတွေ ရှိပါတယ်။ ဒါပေမယ့် ဘေးအတွက်တော့ ဘာသံသယမှ မရှိဘူး။ သူဟာ ကမ္ဘာ့အဆင့်ရှိတဲ့ ထိပ်တန်း ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့လို အဆင့်ရှိပါတယ်။”ဟု ဂစ်က ဆိုပါတယ်။

ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဝေးလ်အသင်းနဲ့ တရုတ်အသင်းတို့ ပဲါစဉ်မှာ ဝေးလ်က ၆-၀ နဲ့ တရုတ်ကို အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဂါရက်ဘေးလ်ဟာ ဝေးလ်အသင်းအတွက် ဟက်ထရစ် ဂိုး သွင်းယူပေး ခဲ့ပါတယ်။ ဘေးလ်ဟာ ဝေးလ်အသင်းအတွက် အချိန်တိုင်းမှာ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

NN

Leave a Reply