ရိုးမားဂိုးသမား အယ်လ်လီဆန်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားထဲမှာ ပါတယ်ဟု ကွန်တီဆို

0
163

မတ် ၂၉ ၊ ၂၀၁၈

ရိုးမားအသင်းရဲ့ ဂိုးသမား အယလ်လီဆန်ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြ ကွန်တီက ချီးကျူးလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိတဲ့ ရိုးမားဂိုးသမားဟာ ယခုနှစ်ရဲ့ အီတလီစီးရီး အေ ပြိုင်ပွဲမှာ ၃၇ ပွဲကစားပြီး ပေးဂိုးမရှိစံချိန်ကို ၁၇ ပွဲ ရယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အယ်လ်လီဆန်ဟာ ရိုးမားအသင်းကို ၂၀၀၈ ခုနှစ်ကတည်းက ကွာတားဖိုင်နယ်မရောက်ဖူးတဲ့ အခြေအနေကနေ ရုန်းထွက်ပြီး ပထမဆုံး အကြိမ် ကွာတားဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။

“အယ်လ်လီဆန်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲမှာ တစ်ယောက် အပါအ၀င် ဖြစ်လာပါပြီ။ဒါပေမယ့် သူ့ရဲ့ တန်ကြေးက ဈေးကွက်မှာတော့ မဖြစ်သင့်တဲ့ ဈေး ဖြစ်နေတယ်။ ဒီကိစ္စဟာ ရူးသွပ်မှုတစ်ခုလိုပါပဲ”လို့ ချယ်လ်ဆီးနည်းပြ ကွန်တီက ဆိုပါတယ်။

အယ်လ်လီဆန်ဟာ ဘောလုံးကစားရာမှာ အကောင်းဆုံး လက်စွမ်းတွေကို ကာလကြာရှည်စွာ ထုတ်ဖော်ပြသခဲ့ပေမယ့်လည်း သူ့ရဲ့ တန်ဖိုးဟာ မြင့်တက်လာခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် သူ့အနေနဲ့ ကိုယ်နဲ့ ထိုက်တန်တဲ့ အသင်းတစ်သင်းကို ပြောင်းရွှေ့သင့်တယ်လို့ ကွန်တီက ဆိုလိုက်ပါတယ်။

NN

Leave a Reply