နေမာဟာ မက်ဆီနဲ့ ရော်နယ်ဒိုရဲ့ လောင်းရိပ်ကနေ လွတ်မြောက်ခဲ့ပြီလို့ ကားလို့စ်ဆို

0
177

မတ် ၂၉ ၊ ၂၀၁၈

ရီးရဲမက်ဒရစ်နဲ့ ဘရာဇီးအသင်းတို့ရဲ့ ဘောလုံးသမားဟောင်းဖြစ်တဲ့ ရောဘတ်တိုကားလို့စ်က နေမာဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ လောင်းရိပ် ကနေ ရအောင်ရုန်းထွက်နိုင်ခဲ့ပြီလို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော်ထင်ပါတယ်။ သူ PSG အတွက် လက်မှတ်ထိုးခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ”လို့ ရောဘတ်တိုကားလို့စ်က ဆိုပါတယ်။

အသက် ၂၆ နှစ်ရှိတဲ့ နေမာဟာ ဘာစီလိုနာအသင်းကနေ ပြင်သစ်ကလပ် PSG အသင်းဆီကို ယခုနှစ်အပြောင်းအရွှေ့မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ ကြေးဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ သူဟာ လက်ရှိ မှာ စပိန်ကို တစ်ကျော့ပြန်ဖို့ သတင်းတွေ ထွက်နေတဲ့အတွက် ရောဘတ်တို ကားလို့စ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ ဘာကာကနေ ဘာလို့ထွက်လဲဆိုရင် မက်ဆီကြောင့်ပေါ့။အခုဆို သူဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ အရိပ်ကနေ ထွက်နိုင်ခဲ့ပါပြီ။ သူ့အတွက် အဆင့်တစ်ခုမှာ ရပ်တည်နိုင်ခဲ့ပါပြီ”လို့ ရောဘတ်တိုကားလို့စ်က ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ရီးရဲမက်ဒရစ် ပရိသတ်တွေဟာ နေမာပကို ဘာနေဗျူးသို့ ရောက်ရှိလာဖို့အတွက် ဆန္ဒရှိနေကြပြီး ရောဘတ်တိုကားလို့စ်ကတော့ နေမာကို လက်ရှိအနေအထားမှာသာ နေဖို့ အကြံပေးလိုက်ပါတယ်။

နေမာဟာ ပြင်သစ်လီဂူးပွဲစဉ်တွေမှာ PSG နဲ့အတူ ၁၉ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီး သူဟာ ဂိုးဆာလောင်တတ်သူ တစ်ဦးဖြစ်တယ်လို့ ကားလို့စ်က ဆိုခဲ့ပါတယ်။

NN

Leave a Reply