ေဂ်႐ုဆလင္အား အစၥေရးၿမိဳ႕ေတာ္အျဖစ္သတ္မွတ္မႈကုိ အၾကမ္းဖက္မႈ ပါဝင္ေသာ ဆန္႔က်င္ဆႏၵျပမႈမ်ားျပဳလုပ္

0
230

ဂါဇာ ဒီဇင္ဘာ ၉

အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေဂ်႐ုဆလင္အား အစၥေရးၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္လိုက္ျခင္းကုိ မေက်နပ္သည့္အတြက္ အာရပ္ႏွင့္ မြတ္စလင္အမ်ားစုေဒသမ်ားတြင္ အၾကမ္းဖက္မႈပါဝင္ေသာ ဆန္႔က်င္ဆႏၵျပမႈမ်ားကုိ ျပဳလုပ္ေနၿပီျဖစ္သည္။

ဂါဇာနယ္စပ္နား၌ အစၥေရးစစ္သားမ်ားက ဆႏၵျပသူမ်ားကုိ ပစ္ခတ္မႈေၾကာင့္ ပါလက္စတုိင္းသားတစ္ဦးေသဆံုးခဲ့ၿပီး အျခားတစ္ဦးသည္လည္း ေဆး႐ုံသို႔ေရာက္ရွိခ်ိန္တြင္ ေသဆံုးခဲ့ေၾကင္း ဂါဇာရွိ ေဆး႐ုံတစ္႐ုံမွ ဆရာဝန္တစ္ဦးကေျပာဆုိခဲ့သည္။ ကမာၻတစ္ဝန္းရွိ မြတ္စလင္မ်ားသးည္ ထရမ့္၏လုပ္ရပ္ကို မေက်နပ္သည့္အတြက္ မြတ္စလင္မ်ား၏ ျမင့္ျမတ္ေသာေန႔ျဖစ္သည့္ ေသာၾကာေန႔ကုိ ေဒါမာန္ဟုန္ေန႔ဟု သတ္မွတ္ကာ ဆူပူဆႏၵျပခဲ့ၾကျခင္းျဖစ္သည္။

ဂါဇာနယ္စပ္တစ္ေလွ်ာက္တြင္ ပါလက္စတုိင္းသားရာေပါင္းမ်ားစြာသည္ ကားတာယာမ်ားကို မီး႐ႈိ႕ျခင္း၊ အစၥေရးစစ္သားမ်ားအား ေက်ာက္ခဲမ်ားျဖင့္ ပစ္ခတ္ျခင္းတို႔ကို ျပဳလုပ္ခဲ့ေၾကာင္း အစၥေရးစစ္တပ္ကေျပာဆုိခဲ့သည္။ အဓိက႐ုဏ္းအတြင္း အၾကမ္းဖက္လိုေသာ ပါလက္စတုိင္းသားႏွစ္ဦးကို အစၥေရးကာကြယ္ေရးတပ္ဖဲြ႕ဝင္မ်ားက အေသပစ္သတ္ခဲ့ရေၾကာင္း စစ္တပ္၏ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

အေနာက္ဘက္ကမ္းေျခႏွင့္ ဂါဇာတုိ႔၌ အစၥေရးစစ္သားမ်ားက က်ည္ဆန္အစစ္မ်ား၊ ရာဘာက်ည္ဆန္မ်ားျဖင့္ ပစ္ခတ္ခဲ့မႈေၾကာင့္ ပါလက္စတုိင္းသား ၈၀ ေက်ာ္ ဒဏ္ရာရရွိခဲ့သည္။ ပါလက္စတုိ္င္းသား ဒါဇင္ေပါင္းမ်ားစြာသည္လည္း မီးခိုးဗံုးေငြ႕မ်ားကို ႐ွဴ႐ႈိက္ခဲ့ရသည္။ ဒီဇင္ဘာ ၇ ရက္တြင္ ၃၁ ဦးဒဏ္ရာရရွိခဲ့သည္။

ေဂ်႐ုဆလင္ရွိ အယ္လ္အက္ဆာဗလီႀကီး၌ ေသာၾကာေန႔ ဝတ္ျပဳ ဆုေတာင္းမႈမ်ားၿပီးေနာက္တြင္ ပါလက္စတုိင္းသားမ်ားသည္ ၿမိဳ႕ေဟာင္းနံရံဂိတ္တံခါးဘက္သို႔ ခ်ီတက္ၿပီး ေဂ်႐ုဆလင္သည္ ငါတုိ႔ၿမိဳ႕ေတာ္ ဟု ေၾကြးေၾကာ္ခဲ့ၾကသည္။ “လက္ေတြ႕မပါတဲ့ စကားလံုးေတြကိုမလုိခ်င္ဘူး၊ ေက်ာက္ခဲနဲ႔ ကာလက္ရွ္နီေကာ့ဗ္ ေသနတ္ေတြပဲ လိုခ်င္တယ္” ဟု တခ်ိဳ႕က ေၾကြးေၾကာ္ခဲ့သည္။
ဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖဲြ႕တို႔ၾကား ထိပ္တိုက္ဆံုမႈရွိခဲ့သည္။

ဟီဘရြန္၊ ဘက္သလီဟင္းမ္ႏွင့္ နာဘလူစ္ၿမိဳ႕မ်ားတြင္ ပါလက္စတိုင္း သားမ်ားသည္ အစၥေရးစစ္သားမ်ားအား ေက်ာက္ခဲမ်ားျဖင့္ပစ္ခတ္ခဲ့ၿပီး စစ္သားမ်ားကလည္း မ်က္ရည္ယုိဗံုးသံုးကာ လူစုခဲြခဲ့သည္။

အစၥလာမ္ဝါဒီ ဟာ့မာ့စ္အဖဲြ႕ထိန္းခ်ဳပ္ထားေသာ ဂါဇာ၌ ဗလီမ်ားသည္ မြတ္စလင္မ်ားအား ခ်ီတက္ဆႏၵျပရန္ အသံခ်ဲ႕စက္္မ်ားမွ တစ္ဆင့္ တုိက္တြန္းေနသည္။ ၁၉၈၇-၁၉၉၃ ႏွင့္ ၂၀၀၀-၂၀၀၅ ခုႏွစ္မ်ားတြင္ ျဖစ္ပြားခဲ့သည့္ ပါလက္စတုိင္းသားမ်ား၏ပုန္ကန္မႈ အင္တီဖာဒါမ်ားကဲ့သို႔ ေနာက္ထပ္ အင္တီဖာဒါတစ္ခုကုိ လုပ္ေဆာင္ရန္ ဟာ့မာ့စ္အဖဲြ႕က တုိက္တြန္းထားသည္။

ေဂ်႐ုဆလင္သို႔ အေမရိကန္သံ႐ုံးေရႊ႕ေျပာင္းရန္ ညႊန္ၾကားသူသည္ ပါလက္စတိုင္းသားမ်ား၏ရန္သူျဖစ္ကာ တုိက္ခိုက္ခံရမည္ျဖစ္ေၾကာင္း ဟာ့မာ့စ္ေခါင္းေဆာင္ ဖာသီဟမ္မတ္က ေျပာဆုိခဲ့သည္။ ေဂ်႐ုဆလင္ႏွင့္ ပါလက္စတုိင္းလြတ္ေျမာက္သည္အထိ အင္တီဖာဒါလုပ္မည္ျဖစ္ေၾကာင္း ေၾကညာလုိက္သည္ဟု ဟမ္မတ္ကေျပာဆုိခဲ့သည္။

ဒီဇင္ဘာ ၈ ရက္တြင္ အင္ဒိုနီးရွားႏုိင္ငံၿမိဳ႕ေတာ္ ဂ်ကာတာႏွင့္ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕မ်ားတြင္လည္း ပါလက္စတုိင္းသားမ်ားကို ေထာက္ခံသည့္ ခ်ီတက္ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့သည္။ ဂ်ကာတာႏွင့္ ကြာလာလမ္ပူတို႔တြင္ ဆႏၵျပသူမ်ားသည္ အေမရိကန္သံ႐ုံးမ်ားေရွ႕သို႔ ခ်ီတက္ၿပီး အေမရိကန္အလံမ်ား၊ သမၼတထရမ့္ပံုတူ စကၠဴခ်ပ္ျပားမ်ားကုိ မီး႐ႈိ႕ျခင္းတို႔ကို ျပဳလုပ္ကာ ပါလက္စတုိင္းသားညီေနာင္မ်ားဘက္မွ ရပ္တည္ေၾကာင္း ေျပာဆုိခဲ့ၾကသည္။

Source:Reuters

႐ိုးေျမ

ပံုစာ။ ဂါဇာနယ္စပ္၌ ပါလက္စတိုင္းသားမ်ား ဆန္႔က်င္ဆႏၵျပခဲ့စဥ္။

 

ဂါဇာ ဒီဇင်ဘာ ၉

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်လိုက်ခြင်းကို မကျေနပ်သည့်အတွက် အာရပ်နှင့် မွတ်စလင်အများစုဒေသများတွင် အကြမ်းဖက်မှုပါဝင်သော ဆန့်ကျင်ဆန္ဒပြမှုများကို ပြုလုပ်နေပြီဖြစ်သည်။

ဂါဇာနယ်စပ်နား၌ အစ္စရေးစစ်သားများက ဆန္ဒပြသူများကို ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသားတစ်ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦးသည်လည်း ဆေးရုံသို့ရောက်ရှိချိန်တွင် သေဆုံးခဲ့ကြေင်း ဂါဇာရှိ ဆေးရုံတစ်ရုံမှ ဆရာဝန်တစ်ဦးကပြောဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များသးည် ထရမ့်၏လုပ်ရပ်ကို မကျေနပ်သည့်အတွက် မွတ်စလင်များ၏ မြင့်မြတ်သောနေ့ဖြစ်သည့် သောကြာနေ့ကို ဒေါမာန်ဟုန်နေ့ဟု သတ်မှတ်ကာ ဆူပူဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဂါဇာနယ်စပ်တစ်လျှောက်တွင် ပါလက်စတိုင်းသားရာပေါင်းများစွာသည် ကားတာယာများကို မီးရှို့ခြင်း၊ အစ္စရေးစစ်သားများအား ကျောက်ခဲများဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်ကပြောဆိုခဲ့သည်။ အဓိကရုဏ်းအတွင်း အကြမ်းဖက်လိုသော ပါလက်စတိုင်းသားနှစ်ဦးကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသေပစ်သတ်ခဲ့ရကြောင်း စစ်တပ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အနောက်ဘက်ကမ်းခြေနှင့် ဂါဇာတို့၌ အစ္စရေးစစ်သားများက ကျည်ဆန်အစစ်များ၊ ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပါလက်စတိုင်းသား ၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ပါလက်စတို်င်းသား ဒါဇင်ပေါင်းများစွာသည်လည်း မီးခိုးဗုံးငွေ့များကို ရှူရှိုက်ခဲ့ရသည်။ ဒီဇင်ဘာ ရ ရက်တွင် ၃၁ ဦးဒဏ်ရာရရှိခဲ့သည်။

ဂျေရုဆလင်ရှိ အယ်လ်အက်ဆာဗလီကြီး၌ သောကြာနေ့ ဝတ်ပြု ဆုတောင်းမှုများပြီးနောက်တွင် ပါလက်စတိုင်းသားများသည် မြို့ဟောင်းနံရံဂိတ်တံခါးဘက်သို့ ချီတက်ပြီး ဂျေရုဆလင်သည် ငါတို့မြို့တော် ဟု ကြွေးကြော်ခဲ့ကြသည်။ “လက်တွေ့မပါတဲ့ စကားလုံးတွေကိုမလိုချင်ဘူး၊ ကျောက်ခဲနဲ့ ကာလက်ရှ်နီကော့ဗ် သေနတ်တွေပဲ လိုချင်တယ်” ဟု တချို့က ကြွေးကြော်ခဲ့သည်။ 
ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ကြား ထိပ်တိုက်ဆုံမှုရှိခဲ့သည်။

ဟီဘရွန်၊ ဘက်သလီဟင်းမ်နှင့် နာဘလူစ်မြို့များတွင် ပါလက်စတိုင်း သားများသည် အစ္စရေးစစ်သားများအား ကျောက်ခဲများဖြင့်ပစ်ခတ်ခဲ့ပြီး စစ်သားများကလည်း မျက်ရည်ယိုဗုံးသုံးကာ လူစုခွဲခဲ့သည်။

အစ္စလာမ်ဝါဒီ ဟာ့မာ့စ်အဖွဲ့ထိန်းချုပ်ထားသော ဂါဇာ၌ ဗလီများသည် မွတ်စလင်များအား ချီတက်ဆန္ဒပြရန် အသံချဲ့စက််များမှ တစ်ဆင့် တိုက်တွန်းနေသည်။ ၁၉၈၇-၁၉၉၃ နှင့် ၂၀၀၀-၂၀၀၅ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် ပါလက်စတိုင်းသားများ၏ပုန်ကန်မှု အင်တီဖာဒါများကဲ့သို့ နောက်ထပ် အင်တီဖာဒါတစ်ခုကို လုပ်ဆောင်ရန် ဟာ့မာ့စ်အဖွဲ့က တိုက်တွန်းထားသည်။

ဂျေရုဆလင်သို့ အမေရိကန်သံရုံးရွှေ့ပြောင်းရန် ညွှန်ကြားသူသည် ပါလက်စတိုင်းသားများ၏ရန်သူဖြစ်ကာ တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း ဟာ့မာ့စ်ခေါင်းဆောင် ဖာသီဟမ်မတ်က ပြောဆိုခဲ့သည်။ ဂျေရုဆလင်နှင့် ပါလက်စတိုင်းလွတ်မြောက်သည်အထိ အင်တီဖာဒါလုပ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်ဟု ဟမ်မတ်ကပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့များတွင်လည်း ပါလက်စတိုင်းသားများကို ထောက်ခံသည့် ချီတက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ဂျကာတာနှင့် ကွာလာလမ်ပူတို့တွင် ဆန္ဒပြသူများသည် အမေရိကန်သံရုံးများရှေ့သို့ ချီတက်ပြီး အမေရိကန်အလံများ၊ သမ္မတထရမ့်ပုံတူ စက္ကူချပ်ပြားများကို မီးရှို့ခြင်းတို့ကို ပြုလုပ်ကာ ပါလက်စတိုင်းသားညီနောင်များဘက်မှ ရပ်တည်ကြောင်း ပြောဆိုခဲ့ကြသည်။

Source:Reuters

ရိုးမြေ

ပုံစာ။ ဂါဇာနယ်စပ်၌ ပါလက်စတိုင်းသားများ ဆန့်ကျင်ဆန္ဒပြခဲ့စဉ်။

Leave a Reply