နွေရာသီမှာ ရှော်ကေးက ထွက်မယ့် မက်မီရာကို လီဗာပူးလ် အလိုရှိနေ

0
150

မတ် ၃၀ ၊ ၂၀၁၈

လီဗာပူးလ်အသင်းဟာ လာမယ့်နွေရာသီမှာ ဂျာမနီကလပ် ရှော်ကေးအသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ မက်မီရာကို ခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ ဂျာမနီကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံထားခဲ့ရသူ ဖြစ်ပါတယ်။
မက်မီရာဟာ ရှော်ကေးအသင်းနဲ့ စာချုပ်သက်တမ်းတိုးရေးအတွက် ဆွေးနွေးနေသော်လည်း ယခုအချိန်အထိ အဆင်မပြေဖြစ်နေပါတယ်။
သတင်းများအရ နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ်လို့ သိရပါတယ်။

“သူ့ကို စာချုပ်ထပ်ချုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကစားသမားက အသင်းကနေ ထွက်ဖို့ပဲ ဆန္ဒရှိနေပါတယ်။ သူနွေရာသီမှာ အသင်းကနေ ထွက်ပါလိမ့်မယ်”လို့ ရှော်ကေးအသင်းရဲ့ အားကစားဒါရိုက်တာ ခရစ္စတီယန် ဟီးဒဲလ် က ဆိုပါတယ်။

NN

Leave a Reply