ကမ္ဘာ့ဖလား စပိန်လူစာရင်းအတွက် မစိုးရိမ်ဖို့ မိုရာတာကို ကွန်တီအားပေးခဲ့

0
174

မတ် ၃၀ ၊ ၂၀၁၈

မိုရာတာအနေနဲ့ ဒဏ်ရာဖြင့်ရုန်းကန်နေရသော်လည်း ကမ္ဘာ့ဖလားဝင်စပိန်လူစာရင်းမှာ ပါဝင်လိမ့်မယ်လို့ ချယ်လ်ဆီး နည်းပြ ကွန်တီက ဆိုပါတယ်။

ယခုနှစ်အပြောင်းအရွေ့ဈေးကွက်မှာ ရီးရဲမက်ဒရစ် ကနေ ချယ်လ်ဆီး ကိုပြောင်းလာတဲ့ မိုရာတာဟာ ဒဏ်ရာကြောင့် ပွဲထွက်ခွင့်တွေ ဆုံးရှုံးနေခဲ့ပါတယ်။ သူဟာ ဒဏ်ရာကြောင့် ယခုတစ်ပတ်အတွင်းကစားခဲ့တဲ့ စပိန်အသင်းရဲ့ ကမ္ဘာ့ဖလား အကြိုပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

ချယ်လ်ဆီး နည်းပြကွန်တီဟာ သူ့ရဲ့ကစားသမားအတွက် အားပေးမှုတွေ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်လူစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် စိတ်မပူဖို့ ပြောကြားလိုက်ပါတယ်။

မိုရာတာဟာ ချယ်လ်ဆီးကစားသမားဘဝမှာ ဂိုးသွင်းစွမ်းရည်တွေ ကျဆင်းခဲ့ပြီး ချယ်လ်ဆီး အသင်းရဲ့ အထောင်တိုက်စစ်နေရာကို ဟာဇက်အား လွဲပေးခဲ့ရပါတယ်။ နည်းပြကွန်တီအနေနဲ့လည်း ဟာဇက်ကိုသာ အားကိုးပြီး လူစာရင်းကို ထုတ်ခဲ့ပါတယ်။

“အခုအချိန်ကာလဟာ မိုရာတာအတွက် အရမ်းကို အရေးကြီးတဲ့ကာလတစ်ခုဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်က သူ့ရဲ့ စွမ်းဆောင်မှုတွေက အရမ်းကောင်းခဲ့တယ်။ ကျွန်တော်ထင်ပါတယ်။ သူဟာ ပြသနာတွေ ထဲမှာ ရုန်းကန်နေရတာ အရမ်းကို ခက်ခဲပါလိမ့်မယ်။ အခုသူပြန်ကောင်းလာပြီဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ လက်ကျန်ပွဲစဉ်တွေမှာ ဝင်ကစားပေးပါလိမ့်မယ်။ ကမ္ဘာ့ဖလားအတွက်လည်း သူအဆင်သင့် ဖြစ်နေပါလိမ့်မယ်”လို့ ကွန်တီက ပြောပါတယ်။

ချယ်လ်ဆီး အသင်းဟာ ယခုတစ်ပတ်မှာ မြောက်လန်ဒန်ကို ခရီးဆက်ပြီး စပါးအသင်းနဲ့ အမှတ်ပေးပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

NN

Leave a Reply