ဂျူဗင်တပ်ကိုပြောင်းရွှေ့ဖို့ ဆွေးနွေးနေတဲ့ မန်ယူတိုက်စစ်မှူး

0
152

မတ် ၃၀ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူး မာရှယ်ဟာ နွေရာသီ အပြောင်း အရွှေ့မှာ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်တဲ့ နက်ဗက်စ်ဟာ လန်ဒန် မြို့ ကို ရောက်ရှိခဲ့ပြီး မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံမှုတွေရှိခဲ့တဲ့ သတင်းဟာ မာရှယ်ရဲ့ အပြောင်းအရွှေ့ကို လှုပ်နိုးစေခဲ့ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ မာတူဒီကလည်း မာရှယ်ကို အီတလီမှာ လာကစားဖို့ စည်းရုံးမှုတွေ ပြုလုပ်နေပါတယ်။ မာရှယ်ဟာ နည်းပြမော်ရင်ဟိုရဲ့ ဒုတိယရာသီမှာ ပွဲထွက်လူစာရင်းကနေ မကြာခဏ ချန်လှပ်ခံထားရသူ ဖြစ်ပါတယ်။ ဘောလုံးကင်းထောက်တွေ ကတော့ မာရှယ်ဟာ နွေရာသီမှာ မန်ယူကနေ ထွက်ခွာနိုင်ဖွယ်ရှိနေ တယ်လို့ သုံးသပ်ကြပါတယ်။

မန်ယူအသင်းဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အလက်ဆစ်ဆန်းချက်ဇ်ကို အာဆင်နယ်ကနေ ခေါ်ယူခဲ့ပါတယ်။ ဆန်းချက်ဇ်ရောက်ရှိပြီး နောက်ပိုင်းမှာ မာရှယ်ဟာ ပုံမှန်ပွဲထွက်ခွင့်တွေ ပိုပြီး ဆုံးရှုံးလာခဲ့ပါတယ်။

နည်းပြမော်ရင်ဟိုရဲ့ ပြောစကားတွေအရ လာမယ့်နွေရာသီ အပြောင်း အရွှေ့မှာ ကစားသမား ၉ ဦးခန့် ရောင်းထုတ်ဖို့ ရှိနေတဲ့အတွက် မာရှယ်ရဲ့ အပြောင်းအရွှေ့ဟာ အမှန်တကယ် ဖြစ်လာဖို့ ရှိနေပါတယ်။

ဂျူဗင်တပ်ရဲ့ အားကစားဒါရိုက်တာ နက်ဗက်စ်နဲ့ မာရှယ်ရဲ့ အေးဂျင့်တို့ တွေ့ဆုံမှုမှာ မာရှယ်ရဲ့ အပြောင်းအရွှေ့အတွက် တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

NN

Leave a Reply