ပထမဆုံးအကြိမ်​ သနပ်​ခါး​ဈေး​ရောင်းပွဲ​တော်​နှင့်​ သနပ်​ခါးလှပျို​မေပြိုင်​ပွဲပြုလုပ်

0
218

မန္တလေး၊ မတ် ၃၀၊ ၂၀၁၈

မြန်​မာ့သနပ်​ခါးစိုက်​ပျိုးထုတ်​လုပ်​​ရောင်းချသူများအသင်းမှ ဦး​ဆောင်​၍ မန္တ​လေးမြို့ မန္တ​လေး​တောင်​​ခြေရှိ​ကျောက်​​တော်​ကြီးဘုရားတွင်​ ပထမဆုံးအကြိမ်​ သနပ်​ခါး​ဈေး​ရောင်းပွဲ​တော်​နှင့်​ သနပ်​ခါး လှပျို​မေပြိုင်​ပွဲကို မတ်လ ၃၀ ရက်နေ့က စတင် ကျင်းပခဲ့သည်။

ယင်းသနပ်ခါးဈေး​ရောင်းပွဲ​တော်​နှင့်​ သနပ်ခါးလှပျို​မေပြိုင်​ပွဲကို မတ်​လ ၃၀ ရက်နေ့ မှ ၃၁ရက်နေ့အထိ မနက် ၉) နာရီအချိန်မှစတင်ကာ ည (၈) နာရီ အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး အရာတော်၊ပခုက္ကူ၊ရေစကြို၊ ရွှေဘို၊ မြိုင်၊ စစ်ကိုင်းမြို့နှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သနပ်​ခါးထုတ်​လုပ်​စိုက်​ပျိုးသူများမှ လာ​ရောက်​​ရောင်းချလျက်ရှိသည်။

ထို့အပြင် ပြိုင်​ပွဲများအဖြစ်​ သနပ်​ခါးလှပျို​မေပြိုင်​ပွဲနှင့်​ သနပ်​ခါးအ​ကြောင်း ဗဟုသုတပြိုင်​ပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း မြန်​မာ့သနပ်​ခါးထုတ်​လုပ်​​ရောင်းချသူများအသင်း က သိရသည်။

ယင်းပြိုင်ပွဲများမှ မြန်မာ့ရိုးရာဝတ်စုံကို ဆင်မြန်းပြီး မြန်မာ့ရိုးရာ သနပ်ခါး လိမ်းခြယ်ထားသည့် လှပျို​မေပြိုင်​ပွဲဆုအဖြစ်​ ပထမဆု ကျပ်​ ၃ သိန်း၊ ဒုတိယဆု ၂ သိန်းနှင့်​ တတိယဆု ၁ သိန်းချီးမြှင့်​​ပေးသွားမည်​ဖြစ်​​သည်။

နိုင်လင်းဦး

Leave a Reply