ရေတိုစီးပွား​ရေးလုပ်​ချင်ရင် ဖဲရိုက်​ ဟု ရန်​ကုန်​မြို့​တော်​ဝန်​​ပြော

0
251

ရန်​ကုန်​ ၊ မတ်​လ ၃၀ ၊ ၂၀၁၈

ရေတိုစီးပွား​ရေးလုပ်​ငန်းများလုပ်ကိုင်မည်​ဆိုပါက ဖဲရိုက်​ပါဟု ရန်​ကုန်မြို့​တော်​ဝန်​ ဦး​မောင်​​မောင်​စိုးက​ပြောသည်​။

ယ​နေ့ Dolphin စား​သောက်​ဆိုင်​တွင်​ ပြုလုပ်​သည့်​ ရန်​ကုန်​ဘတ်​စ်​ကားအများနှင့်​သက်​ဆိုင်​​သော ကုမ္ပဏီလီမိတက်​ အထူးအ​ထွေ​ထွေအစည်းအ​ဝေးနှင့်​ဒုတိယအကြိမ်​ နှစ်​ပတ်​လည်​အ​ထွေ​ထွေအစည်းအ​ဝေးတွင်​ ၎င်းကအထက်​ပါအတိုင်း​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

“ကားလုပ်​ငန်းနဲ့ပတ်​သက်​ရင်​ ၂ခုရှိတယ်​။အရင်းအနှီးထည့်​တဲ့အခါ ဘယ်​​လောက်​ရင်းရင်​ ဘယ်​​လောက်​ပြန်​ရမယ်​ဆိုတဲ့ဟာသည်​ ​ရေတိုနဲ့​တော့ ဝင်​မလာပါနဲ့။ ​ရေတိုလုပ်​ချင်​ရင်​​တော့ အပွင့်​လင်းဆုံး​ပြောတာ ဖဲရိုက်​ပါ။မြတ်​မယ်​ ရှုံးမယ်​​တော့မသိဘူး။ မြတ်​ရင်​​တော့ မတရားမြတ်​မယ်​။ရှုံးလည်း ခွက်​ခွက်လန်​​အောင်​ ရှုံး
မယ်​။ စီးပွား​ရေးလုပ်​ငန်းဆိုတာ အနိမ့်​အမြင့်​နဲ့သွားရပါလိမ့်​မယ်​။ကျွန်​​တော်​တို့ဆီမှာ လွယ်​လွယ်​နဲ့ ဆူလွယ်​ နပ်​လွယ်​တဲ့ လုပ်​ငန်း​တွေကို သိပ်​လုပ်​ကြတယ်​။ အဲ့တာစီးပွား​ရေးသမားမဟုတ်​ဘူး။ တစ်​နပ်​စား​ပဲ။တချိန်​တုန်းက လူ​တော်​​တော်​များများကလည်း ဒီတစ်​နပ်​စားတဲ့​ အောက်​ထဲမှာပဲ​နေပြီး တစ်​နပ်​စားဘဝနဲ့ကြီးပြင်းလာတဲ့အတွက်​​ကြောင့်​ တစ်​နပ်​စား​ပေါ်တာလဲ မဆန်းပါဘူး။ ဒါသူသူ ကိုယ်​ကိုယ်​ပါ ကိုယ်​ချင်းလဲစာပါတယ်​။”ဟု ၎င်းက​ပြောသည်​။

လက်​ရှိအချိန်​သည်​ ​ခေတ်​ကာလ​ပြောင်း​သွားပြီဖြစ်​​ပြီး စီးပွား​ရေးနှင့်​ နို​င်​ငံ​ရေးကလည်းပြောင်းလဲသွားပြီဖြစ်​​ကြောင်း ၎င်းက​ပြောသည်​။

နိုင်​ငံ​ရေးတွင်​ လူထုဗဟိုပြုသည့်​နို​င်​ငံ​ရေးရှိသကဲ့သို့ စီးပွား​ရေးသည်​လည်း အမှန်​တကယ်​ကို အရည်​အ​သွေးရှိပြီးယှဉ်​ပြိုင်​မှုရှိသည့်စီးပွား​ရေးစနစ်​ဖြစ်​ရန်​အတွက်​စီးပွား​ရေးဆန်​သည့်​လုပ်​ငန်း​များတွင်​သာရင်းနှီးမြှုပ်​နှံ​စေချင်​​ကြောင်း ဦး​မောင်​​မောင်​စိုးက​အကြံပြုပြောဆိုသည်​။

“ရေ​ရှည်​မှာ အမြတ်​ရှိပြီး တည်​ငြိမ်​တဲ့လုပ်​ငန်း​တွေထဲမှာ ဒီလုပ်​ငန်းလဲပါတဲ့အတွက်​ပါ။Risk နည်း​စေချင်​ရင်​​တော့ တည်​ငြိမ်​တဲ့စီးပွား​ရေးနဲ့ မှန်​မှန်​ကန်​ကန်​ပြန်​ရတဲ့စီးပွား​ရေး ၊​သေချာ​ပေါက်​မြတ်​တဲ့ စီးပွား​ရေးပဲ။ ဒါ​ပေမယ့်​မ​လောပါနဲ့။စီးပွား​ရေးက ကျကျ တက်​တက်​ တည်​တည်​ငြိမ်​ငြိမ်​ရှိတာအ​ကောင်းဆုံးပဲ။”ဟု ၎င်းကဆက်​လက်​​ပြောဆိုသည်​။

ကုမ္ပဏီများအ​နေဖြင့်​ ​နောင်​​ရေးစိတ်​​အေးချင်ပါက ဘတ်​စ်​ကားလုပ်​ငန်းတွင်​သာ ရင်းနှီးမြှုပ်​နှံခြင်းသည်
အ​ကောင်းဆုံးဖြစ်​​ကြောင်း၎င်းက​ပြောသည်​။

အစိုးရအ​နေဖြင့်​ ကုမ္ပဏီတိုင်းကို ပြုစုပျိုး​ထောင်​​ပေးရမည်​ဖြစ်​ပြီး လွန်လာသည့်ကုမ္ပဏီများကို အနည်းငယ်​ထိန်း​ကျောင်း​ပေးရမည်​ဖြစ်​သကဲ့သို့ အလားအလာ​ကောင်းသည့်​ကုမ္ပဏီများကိုလည်း ​ထောက်​ပံ့​ပေးရမည်​ဖြစ်​​ကြောင်း မြို့​တော်​ဝန်​က ​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply