ေျမာက္ကိုရီးယားမူဝါဒဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ ဂ်ပန္ႏွင့္ ထုိင္းသို႔သြားေရာက္မည္။

0
212

ဝါရွင္တန္ ဒီဇင္ဘာ ၉

ေျမာက္ကိုရီးယားအား ပိုမိုဖိအားေပးရန္အတြက္ ေဆြးေႏြးရန္ ေျမာက္ကုိရီးယားဆုိင္ရာ အေမရိကန္အထူးကိုယ္စားလွယ္သည္ ဂ်ပန္ႏွင့္ ထုိင္းႏုိင္ငံတုိ႔သို႔ လာမည့္ရက္သတၱပတ္တြင္ သြားေရာက္မည္ျဖစ္ေၾကာင္း အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ဒီဇင္ဘာ ၈ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

လြန္ခဲ့ေသာအပတ္တြင္ ေျမာက္ကိုရီးယားသည္ စမ္းသပ္ဖူးသမွ်ထဲတြင္ အင္အားအျပင္းဆံုး တုိက္ခ်င္းပစ္ဒံုးက်ည္တစ္စင္းကို စမ္းသပ္ ပစ္လႊတ္ ခဲ့သည္။ ယင္းဒံုးက်ည္သည္ အေမရိကန္ကုန္းမႀကီးအထိပင္ ေရာက္ရွိႏုိင္ေၾကာင္း ေျမာက္ကိုရီးယားကေျပာဆုိခဲ့သည္။ ေျမာက္ကိုရီးယား၏ေနာက္ဆံုးဒံုးက်ည္စမ္းသပ္မႈျပဳလုပ္ၿပီးေနာက္ ယင္းႏုိင္ငံကို ပိုမိုဖိအားေပးႏုိင္ေရး နည္းလမ္းမ်ားကို ေဆြးေႏြးရန္ ေျမာက္ကိုရီးယားမူဝါဒေရးရာ အေမရိကန္အထူးကို္ယ္စားလွယ္ ဂ်ိဳးဆက္ ယန္သည္ ဒီဇင္ဘာ ၁၁ မွ ၁၅ ရက္အထိ ဂ်ပန္ႏွင့္ ထိုင္းႏုိင္ငံတို႔သို႔ သြားေရာက္မည္ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ေျမာက္ကိုရီးယားသည္ ႏ်ဴလက္နက္ဖ်က္သိမ္းေရး ေဆြးေႏြးလာေရး အတြက္ အေမရိကန္ျပည္ေထာင္စုသည္ ယင္းႏွစ္ႏုိင္ငံႏွင္ ေဆြးေႏြး မႈမ်ားျပဳလုပ္ကာ နည္းလမ္းရွာေဖြမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ေျမာက္ကိုရီးယားသည္ ကုလသမဂၢ၏ အေရးယူ ပိတ္ဆုိ႔မႈမ်ားကို ဆန္႔က်င္ၿပီး ဒံုးက်ည္ႏွင့္ ႏ်ဴလက္နက္စမ္းသပ္မႈမ်ားကို အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ၿပီးျဖစ္သည္။

လြန္ခဲ့ေသာအပတ္တြင္ ေျမာက္ကိုရီးယားက ဒံုးက်ည္ပစ္လႊတ္ခဲ့ၿပီးေနာက္ အေမရိကန္အစိုးရသည္ စစ္ျဖစ္ပါက ေျမာက္ကိုရီးယားေခါင္းေဆာင္ပိုင္းကုိ အျမစ္ျပတ္သုတ္သင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ေျပာဆုိခဲ့သည္။ ယင္းေနာက္တြင္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားသည္ စစ္သည္ႏွင့္ လက္နက္အင္အားအမ်ားဆံုးပါဝင္သည့္ စစ္ေရးေလ့က်င့္မႈကိုျပဳလုပ္ ခဲ့သည္။

အေမရိကန္အစိုးရသည္ နယူးေယာက္ရွိ ေျမာက္ကိုရီးယားသံတမန္မ်ားႏွင့္ တိုက္႐ိုက္ဆက္သြယ္ၿပီး ေဆြးေႏြးမႈမ်ားကုိျပဳလုပ္ေနေၾကာင္း အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး ရက္စ္တီလာဆန္က ေျပာဆုိခဲ့ၿပီးျဖစ္ သည္။ သို႔ေသာ္ ေျမာက္ကိုရီးယားႏွင့္ ေဆြးေႏြးျခင္းသည္ အခ်ိန္ျဖဳန္းေနျခင္းသာ ျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာဆုိခဲ့သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ ေျမာက္ကိုရီးယားမူဝါဒဆုိင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ ဂ်ိဳးဆက္ယန္။

 

ဝါရှင်တန် ဒီဇင်ဘာ ၉

မြောက်ကိုရီးယားအား ပိုမိုဖိအားပေးရန်အတွက် ဆွေးနွေးရန် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်သည် ဂျပန်နှင့် ထိုင်းနိုင်ငံတို့သို့ လာမည့်ရက်သတ္တပတ်တွင် သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သောအပတ်တွင် မြောက်ကိုရီးယားသည် စမ်းသပ်ဖူးသမျှထဲတွင် အင်အားအပြင်းဆုံး တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်လွှတ် ခဲ့သည်။ ယင်းဒုံးကျည်သည် အမေရိကန်ကုန်းမကြီးအထိပင် ရောက်ရှိနိုင်ကြောင်း မြောက်ကိုရီးယားကပြောဆိုခဲ့သည်။ မြောက်ကိုရီးယား၏နောက်ဆုံးဒုံးကျည်စမ်းသပ်မှုပြုလုပ်ပြီးနောက် ယင်းနိုင်ငံကို ပိုမိုဖိအားပေးနိုင်ရေး နည်းလမ်းများကို ဆွေးနွေးရန် မြောက်ကိုရီးယားမူဝါဒရေးရာ အမေရိကန်အထူးကို်ယ်စားလှယ် ဂျိုးဆက် ယန်သည် ဒီဇင်ဘာ ၁၁ မှ ၁၅ ရက်အထိ ဂျပန်နှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် နျူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးလာရေး အတွက် အမေရိကန်ပြည်ထောင်စုသည် ယင်းနှစ်နိုင်ငံနှင် ဆွေးနွေး မှုများပြုလုပ်ကာ နည်းလမ်းရှာဖွေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကို ဆန့်ကျင်ပြီး ဒုံးကျည်နှင့် နျူလက်နက်စမ်းသပ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

လွန်ခဲ့သောအပတ်တွင် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်အစိုးရသည် စစ်ဖြစ်ပါက မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းကို အမြစ်ပြတ်သုတ်သင်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ ယင်းနောက်တွင် အမေရိကန်နှင့် တောင်ကိုရီးယားသည် စစ်သည်နှင့် လက်နက်အင်အားအများဆုံးပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကိုပြုလုပ် ခဲ့သည်။

အမေရိကန်အစိုးရသည် နယူးယောက်ရှိ မြောက်ကိုရီးယားသံတမန်များနှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဆွေးနွေးမှုများကိုပြုလုပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ပြောဆိုခဲ့ပြီးဖြစ် သည်။ သို့သော် မြောက်ကိုရီးယားနှင့် ဆွေးနွေးခြင်းသည် အချိန်ဖြုန်းနေခြင်းသာ ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ မြောက်ကိုရီးယားမူဝါဒဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဂျိုးဆက်ယန်။

Leave a Reply