သမ္မတဦးဝင်းမြင့်ဦးဆောင်မည့်ကော်မတီကော်မရှင်များ ပြင်ဆင်ဖွဲ့စည်း

0
156

ရန်ကုန် ၊ မတ် ၃၀ ၊ ၂၀၁၈

သမ္မတအဖြစ်မှအနားယူသွားခဲ့ပြီဖြစ်သည့် ဦးထင်ကျော်ဦးဆောင်ခဲ့သည့် ကော်မတီကော်မရှင်များအား သမ္မတအသစ်ဦးဝင်းမြင့်ဦးဆောင်မည့် ဖြစ်ပြီး ယင်းကော်မတီကော်မရှင်များအားသမ္မတအသစ်တာဝန်ထမ်းဆောင်သည့် ယနေ့ရက်စွဲဖြင့်ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှသမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခဲ့သည့် ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့နှင့် အတူ ကျမ်းသစ္စာကြိမ်ဆိုခဲ့ပြီး ယနေ့မှစတင်၍ နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်သည်။

သမ္မတအသစ်စတင်တာဝန်ထမ်းဆောင်သည့်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်း ၊ နိုင်ငံတော်သမ္မတဦးဆောင်သည့် အရေးကြီးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ဘဏ္ဍာရေးကော်မရှင်တို့တို့အားပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ကြေညာခဲ့သည်။

သမ္မတအသစ်အဖြစ်တာဝန်ထမ်းဆောင်မည့် ဦးဝင်းမြင့်အား နိုင်ငံတော် သမ္မတအိမ်တော်၌ ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ဒုတိယသမ္မတနှစ်ဦးနှင့် အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့်အတူ နိုင်ငံတော် အကြီးအကဲများက ကြိုဆိုခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ ယုံကြည်စွာနဲ့ ထောက်ခံမှုပေးအပ်ခဲ့ကြတဲ့ နိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေ အားလုံးကို အလေးအမြတ်ပြုလျက် ကျွန်တော့်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေကို တော်တည့်မှန်ကန် လေးနက်တည်ကြည်စွာနဲ့ ထမ်းရွက် သွားမှာ ဖြစ်ပါတယ်။

“ဒီကနေ့ ကျွန်တော်တို့နိုင်ငံဟာ အဖက်ဖက်မှာ လိုအပ်ချက်တွေနဲ့ ဆင်းရဲနွမ်းပါးဆဲဖြစ် တာကြောင့် နေရာ၊ ကဏ္ဍအသီးသီးမှာ အများကြီး ဆက်လက်ရုန်းကန် ကြိုးပမ်းကြရဦးမှာ ဖြစ်ပါ တယ်။ နိုင်ငံတကာ မျက်နှာ စာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင်လွဲမှားနေတာ တွေလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူတွေ ဒီကနေ့တွေ့ကြုံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေ ကလည်း မနည်းလှပါဘူး။ အရာရာတိုင်းကို လွယ်လင့် တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့်လည်း ကျွန်တော်အနေနဲ့ အစွမ်းကုန်ကြိုးပမ်း အားထုတ်ပြီး ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်” ဦးဝင်းမြင့်က ယနေ့နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော် တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတအသစ်အဖြစ်တာဝန်ထမ်းဆောင်မည့် ဦးဝင်းမြင့်သည် ၁၀ ဦးမြောက် သမ္မတဖြစ်သည်။

ကိုဥာဏ်

ဓာတ်ပုံ – နိုင်ငံတော် သမ္မတရုံး

Leave a Reply