YBS ခရီးစဉ်​လမ်း​ကြောင်းသစ်​ ၃ ခု ထပ်​မံ​ပြေးဆွဲမည်

0
171

ရန်ကုန်၊ မတ်လ ၊၃၀ ၊ ၂၀၁၈

ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်​(YBPC)မှ YBSခရီးစဉ်လမ်းကြောင်းအသစ်၃ခုကိုထပ်မံပြေးဆွဲသွားရန်စီစဉ်​​နေ
ကြောင်း ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ ​ဒေါက်​တာ​မောင်​​အောင်​က​ပြောသည်​။

“အခု ကျွန်​​တော်​တို့ ကုမ္ပဏီမှာ အစီး​ပေါင်း ၆၀၀ ​ကျော်​ရှိတယ်​။ အခု​ပြေး​နေ တာကလိုင်းခွဲ၁၀လိုင်းပြေးနေတာရှိပါတယ်။ဒါ့ပြင်မကြာခင်လိုင်း၃လိုင်း
လောက်​လဲ ထပ်​တိုးဖို့ရှိ​တော့ အစီး ၆၀၀​ကျော်​ မကြာခင်​​ပြေးဖို့ရှိတယ်​။
လိုင်း ၁၀ လိုင်းမှာလည်း တကယ်တမ်းပြောရရင် အချို့ကောင်းတဲ့ လိုင်း ၅ လိုင်းလောက်ပါသလိုပဲ။ သင့်တင့်တဲ့ လိုင်း ၃ လိုင်းလောက်ပါတယ်။ ကျန်တဲ့ ၂ လိုင်းက နည်းနည်းလေး ဝင်ငွေ နိမ့်တဲ့ သဘောရှိတော့ အခုကား အစီးရေ ၁၀၀ လောက်ကျန်ပါသေးတယ်။” ဟု ၎င်းက​ပြောသည်​။

လက်​ရှိ​ပြေးဆွဲ​နေသည့်​လိုင်းများမှာ ဒဂုံတက္ကသိုလ်​၊ သာ​ကေတနှင့်​ ထောက်​ကြန့်​သို့ အ​ခြေခံ ​ပြေးဆွဲ​နေပြီး အသစ်​​ပြေးဆွဲမည့်​ လိုင်း ၃လိုင်းအတွက်​ ကိုလည်း အစိုးရရုံးသို့တင်​ပြထား​ပြီးဖြစ်​ရာ ဧပြီလအတွင်း ​ပြေးဆွဲသွားနိုင်​မည်​ဟု ​ခန့်​မှန်းထား​ကြောင်း သိရသည်​။

မကြာမီကာလအတွင်း ဥက္ကံ​ဘက်​သို့ ၁လိုင်း၊ လှော်​ကားဘက်​ သို့၁လိုင်းနှင့်
သာ​ကေတဘက်​သို့ ၁လိုင်းဟူ၍ လိုင်းအသစ်​ ၃လိုင်းကို ကျန်​ရှိ​နေ​​သေး သည့်​ ယာဉ်​အစီး​ရေ ၁၀၀​ ကျော်​ဖြင့်​ ယင်း​နေရာများအား အ​ခြေပြု ​ ပြေးဆွဲသွားမည်​ဖြစ်​​ကြောင်း ၎င်းက​ပြောသည်​။

“အခုကျွန်တော်တို့ နောက်ထပ်တိုးချဲ့ပြေးဆွဲမယ့်​ ယာဉ်လိုင်းတွေအတွက် အစိုးရရုံးကိုတင်ထားပါတယ်။ အဲ့ဒါကတော့ ဒီလထဲမှာဖြစ်ဖို့များပါတယ်။ ဥက္ကံ ဘက်က ထွက်မဲ့ယာဉ်လိုင်း တစ်လိုင်း ရှိတယ်။ အဲ့ကပြည်သူတွေ ကလည်း ပြောတယ်။ ကား​တွေက စုတ်နေလို့အဆင်မပြေဘူးပေါ့။ လိုင်းကောင်းလေးတစ်ခုလောက်ထည့်ပေးပါဆိုလို့ အဲ့ဘက် လိုင်း တစ်လိုင်းထည့်မယ်။ နောက်ပြီးတော့ လှော်ကားကို အခြေပြုတဲ့ လိုင်း တစ်လိုင်း မကြာခင်မှာ ပြေးဖို့ရှိပါတယ်။ နောက်တစ်ခုကတော့ သာကေတ ဘက် က တောင်းဆိုတာ အများကြီးရှိတယ်။ ဒါကြောင့် သာကေတဘက်ကို ပြေးဆွဲဖို့ ​လေ့လာနေပါတယ်။”ဟု ဒေါက်တာ မောင်အောင်က ပြောသည်။

YBPC မှာ ဘတ်စ်ကားလုပ်ငန်းလောကတွင်​ ပထမဦးဆုံးပေါ်ပေါက်လာ သည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိဘတ်စ်ကား အများပိုင်ကုမ္ပဏီ များ အနက် အစုရှယ်ယာရောင်းချခွင့်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင် သော ကုမ္ပဏီ စတင် တည်ထောင် ချိန်၌BRT ယာဉ်လိုင်းအဖြစ် ပြေးဆွဲလျက်ရှိ ရာမှ ယင်းစနစ်ကို ခရီးသည် ပြည်သူများ ကြိုက်နှစ်သက်သဖြင့် မ.ထ.သ ခရီး သည်တင်ယာဉ်လိုင်း များကို အများပိုင် ကုမ္ပဏီတည်ထောင်၍ YBS စနစ်အဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်​သည်​။

ဝေ​ဝေဖြိုး

ဓာတ်ပုံ – Yangon Bus Public Company Limited

Leave a Reply