ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကုမ္ပဏီထောင်

0
181

ရန်​ကုန်​၊ မတ်​လ ၃၁ ၊ ၂၀၁၈

ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ၁၀၀
ရာခိုင်​နှုန်းအပြည့်​ ပိုင်​ဆိုင်​သည့်​ ရန်​ကုန်​မြို့သစ်
ဖွံ့ဖြိုး​ရေးကုမ္ပဏီလီမိတက်​ (NYDC) ဖွဲ့စည်းထူ​ထောင်​လိုက်​ပြီဖြစ်​​ကြောင်း ရန်​ကုန်​တိုင်းဝန်​ကြီးချုပ်
ဦးဖြိုးမင်းသိန်းက​ပြောသည်​။

ရန်​ကုန်​မြို့သစ်​ စီမံကိန်းဆောင်​ရွက်​ရာတွင်
အစိုးရဘက်​မှ ပါဝင်​​ဆောင်​ရွက်​မည့်
အစီအစဉ်​​များကို လွယ်​ကူ​ချော​မွေ့ပြီး ကြိုးနီစနစ်​​များနည်းပါးနိုင်​​စေရန်​အတွက်​ အစိုးရက​နေ တာဝန်​ယူ​ဆောင်​ရွက်​မည်​ဖြစ်​ပြီး စီမံကိန်း အ​ကောင်​အထည်​​ဖော်​မည့့်​မြေ​များကို စနစ်​တကျ​စီမံခန့်​ခွဲ​ပေးနိုင်​ရန်​အတွက်​ အစိုးရကုမ္ပဏီ
တစ်​ရပ်​ကို ထူ​ထောင်​ခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်​။

” ဒီကုမ္ပဏီဟာ Developer ​နေရာက​နေ ရပ်​တည်​ပြီး ပုဂ္ဂလိကကဏ္ဍ နယ်​ပယ်အသီးသီးကလူ​တွေကိုစနစ်​တကျ ​ပေါင်​စည်း​ဆောင်​ရွက်​​ပေးနိုင်​​ဖို့တွက်​စီမံခန့်​ခွဲ​ပေးသွားမှာဖြစ်​ပါတယ်​။ဒီစီမံခန့့်​ခွဲပေးမှုဟာ ယခင်​ ​ခေတ်​အဆက်​ဆက်​ အစိုးရ
က ​ဆောင်​ရွက်​​ပေးခဲ့တဲ့ ကြိုးနီစနစ်​မျိုး​တွေ မရှိဘဲ အမြန်​ဆုံး​ကောင်​ထည်​​ဖော်​ ​ဆောင်​ရွက်
နိုင်​တဲ့ အခွင့်​အလမ်း​တွေကို ဖန်​တီး​ပေးသွားမှာဖြစ်​ပါတယ်​။ဒီလုပ်​ငန်းဟာ ရန်​ကုန်​မြို့ရဲ့ဖွံ့ဖြိုးတိုးတက်​​ရေးလုပ်​ငန်းမှာ အ​ရေးကြီးတဲ့
အခန်းကဏ္ဍတစ်​ခုမှာရှိပါတယ်​။ရန်​ကုန်​မြစ်​ရဲ့
အ​နောက်ဖက်​ကမ်း တ​စ်​​ကျောလုံးဟာ ဖွံ့ဖြိုးတိုးတက်​မှု ကြိုးပမ်း​ဆောင်​ရွက်​သွား​နောက်​ကျခဲ့ပါတယ်​။ဒါကို ဖွံ့ဖြိုးတိုးတက်​လာ​စေဖို့ ကြိုးပမ်း​ဆောင်​ရွက်​သွားမှာဖြစ်​ပါတယ်​။”ဟု ၎င်းက​ပြောသည်​။

ယင်းကုမ္ပဏီသည်​ အစိုးရက​၁၀၀ ရာခိုင်​နှုန်း ပိုင်​ဆိုင်​သည့်​ကုမ္ပဏီဖြစ်​​သော်​လည်း ကုမ္ပဏီမှ​ဆောင်​ရွက်​မည့့် လုပ်​ငန်းစဉ်​​များအား ဒါရိုက်​တာဘုတ်​အဖွဲ့ဝင်​များကို စနစ်​တကျစီမံခန့်​ခွဲခွင့်​​ပေးသွားမည်​ဖြစ်​​ကြောင်း​သိရသည်​။

“NYDCသည်​ အစိုးရ ရာနှုန်းပြည့်​ ပိုင်​ဆိုင်​​သော်​လည်း ဒီကုမ္ပဏီကို အုပ်​ချုပ်​မှုဆိုင်​ရာ လုပ်​ထုံးလုပ်​နည်း​ဆိုင်ရာ အားလုံးကို ပုဂ္ဂလိက ကဏ္ဍ ကုမ္ပဏီ တခုအ​နေနဲ့​ ဆောင်​ရွက်​သွားဖို့နဲ့ ကြိုးနီစနစ်​​တွေကို ​ကျော်​လွှားနိုင်​ဖို့တည်​​ထောင်​ပါတယ်​။”ဟု
ယင်းကုမ္ပဏီ၏ ဒုတိယဥက္ကဌ ၊ အမှု​ဆောင်​ရာအရှိချုပ်​ဖြစ်​သူဦးသိမ်း​ဝေက​ပြောသည်​။

နို​င်​ငံတကာစံနှုန်းများနှင့်​ ကိုက်​ညီသည့်
ကောင်းမွန်​​သောစီမံအုပ်​ချုပ်​မှုနှင့်​ အ​ကောင်းဆုံး လုပ်​နည်းလုပ်​ဟန်​များ အတိုင်း လိုက်​နာ​ဆောင်​​ရွက်​ရန်​ အစိုးရအဖွဲ့ဝင်​ ဝန်​ကြီးများနှင့်​ နိုင်​ငံတကာမှ ဂုဏ်​သတင်း​ကျော်​ကြားသည့်​ လွတ်​လပ်​​သော ဒါရိုက်​တာများ ပါဝင်​မည်​ဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply