M-150 Cup ၿပိဳင္ပဲြသည္ ျမန္မာကစားသမားအတြက္ ထိုင္းကလပ္အသင္းမ်ားတြင္ကစားခြင့္ရႏိုင္မည့္အခြင့္အလမ္းဟု နည္းျပခ်ဳပ္ေျပာ

0
202

ရန္ကုန္ ၊ ဒီဇင္ဘာ ၉ ။၂၀၁၇။

ထိုင္းႏိုင္ငံတြင္ M-150 Cup ဖိတ္ေခၚၿပိဳင္ပဲြက်င္းပမည္ျဖစ္ၿပီး ယင္းၿပိဳင္ပဲြသည္ ျမန္မာကစားသမားမ်ားအတြက္ ထိုင္းကလပ္ အသင္းမ်ားတြင္ကစားခြင့္ရႏိုင္မည့္အခြင့္အလမ္းေပၚေပါက္လာႏိုင္ေၾကာင္း ျမန္မာယူ-၂၃နည္းျပခ်ဳပ္ ဂတ္ဖ႐ိုင္းဒရစ္က ဒီဇင္ဘာ၈ရက္ေန႔တြင္ ဘူရီယမ္ၿမိဳ႕၌ ျပဳလုပ္သည့္ ပဲြႀကိဳ သတင္းစာရွင္းလင္းပဲြ တြင္ပာေျပာၾကားသည္။

“ထိုင္းလိဂ္က အာဆီယံကစားသမားေခၚယူခြင့္ျပဳခဲ့တာေၾကာင့္ ဒီၿပိဳင္ပဲြမွာေျခစြမ္းျပႏိုင္တဲ့ျမန္မာကစားသမားေတြအေန နဲ႔ ထိုင္းကလပ္ေတြမွာကစားဖို႔အခြင့္အလမ္းေပၚေပါက္လာႏိုင္ပါတယ္။ ဒါဟာသူတို႔အတြက္ ေကာင္းမြန္တဲ့လံႈေဆာ္မႈ တစ္ခုပါ။ ကၽြန္ေတာ္တို႔ အသင္းရဲ႕ အားထားရတဲ့ကစားသမားတစ္ေယာက္ျဖစ္တဲ့ ေအာင္သူဟာလည္းအခုဆိုရင္ ထိုင္းလိဂ္မွာအေျခခ်ကစားေတာ့မွာပါ။ ေအာင္သူလိုပဲျမန္မာကစားသမားေတြအေနနဲ႕ ျမန္မာကလပ္ အသင္းေတြမွာ သာမက ႏိုင္ငံတကာအဆင့္ထိထိုးေဖာက္ႏိုင္မယ္ဆိုရင္ သူတို႔တစ္ဦးခ်င္းစီအတြက္သာမက ႏိုင္ငံလက္ေရြးစင္အသင္း ႀကီးအတြက္ပါ အက်ိဳးရွိေစမွာပါ”ဟု ဂတ္ဖ႐ိုင္းဒရစ္ကေျပာသည္။

ထိုင္းပရီးမီးယားလိဂ္ကလပ္အသင္း Police Tero အသင္းက ျမန္မာလက္ေရြးစင္တိုက္စစ္မွဴးေအာင္သူကို အျခားခံစား ခြင့္မ်ားအပါအ၀င္လစာအေမရိကန္ေဒၚလာ ၇၀၀၀ျဖင့္ တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ကာေခၚယူခဲ့သည္။

M-150 Cup ယူ-၂၃ဖိတ္ေခၚၿပိဳင္ပဲြကို ဒီဇင္ဘာ ၉ရက္ေန႔မွ ၁၅ရက္ေန႔အထိက်င္းပမည္ျဖစ္ၿပီး ျမန္မာယူ-၂၃အသင္း သည္ ဗီယမ္နမ္ ၊ ဥဇဘက္ကစၥတန္အသင္းတို႔ႏွင့္အုပ္စုပဲြယွဥ္ၿပိဳင္ရမည္ျဖစ္ကာ တစ္ဖက္အုပ္စုတြင္ ထိုင္း ၊ ဂ်ပန္ႏွင့္ ေျမာက္ကိုရီးယား ယူ-၂၃ အသင္းမ်ားပါ၀င္သည္။

ယခုၿပိဳင္ပြဲယွဥ္ၿပိဳင္ကစားရန္အတြက္ လူငယ္ကစားသမား အသစ္မ်ားေရြးခ်ယ္လာခဲ့ၿပီး ယူ-၁၈အသင္းမွကစားသမား ၆ဦးကို ထည့္သြင္းထားကာ အဆိုပါလူငယ္ကစားသမားမ်ားသည္ အနာဂတ္လက္ေရြးစင္အသင္းအတြက္ အားထားရ မည့္ကစားသမားမ်ားျဖစ္လာမည္ဟု နည္းျပခ်ဳပ္ကဆိုသည္။

ျမန္မာယူ-၂၃အသင္းသည္ ယခုၿပိဳင္ပဲြမတိုင္မီ ျမန္မာေနရွင္နယ္လိဂ္ All Stars အသင္းႏွင့္ ဒီဇင္ဘာ ၄ရက္ကယွဥ္ၿပိဳင္ ခဲ့ၿပီး ၁ဂိုးစီသေရက်ခဲ့သည္။
ျမန္မာအသင္းသည္ ယေန႔ညေနတြင္ဗီယမ္နမ္အသင္းႏွင့္ အဖြင့္ပဲြစဥ္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး ဒီဇင္ဘာ ၁၁ရက္ေန႕ တြင္ ဥဇဘက္ကစၥတန္အသင္းႏွင့္ယွဥ္ၿပိဴင္ရမည္ျဖစ္သည္။

ျမန္မာအသင္းကစားမည့္ပဲြစဥ္မ်ားကို ျမန္မာ့႐ုပ္ျမင္သံၾကားမွ တိုက္႐ိုက္ ထုတ္လႊင့္ျပသသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ ငံေဘာလံုး အဖဲြ႕ခ်ဳပ္ ကေၾကညာထားသည္။

ကိုဥာဏ္

ဓာတ္ပံု- Myanmar Football Federation

 

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။၂၀၁၇။

ထိုင်းနိုင်ငံတွင် M-150 Cup ဖိတ်ခေါ်ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲသည် မြန်မာကစားသမားများအတွက် ထိုင်းကလပ် အသင်းများတွင်ကစားခွင့်ရနိုင်မည့်အခွင့်အလမ်းပေါ်ပေါက်လာနိုင်ကြောင်း မြန်မာယူ-၂၃နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ဒီဇင်ဘာ၈ရက်နေ့တွင် ဘူရီယမ်မြို့၌ ပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲ တွင်ပာပြောကြားသည်။

“ထိုင်းလိဂ်က အာဆီယံကစားသမားခေါ်ယူခွင့်ပြုခဲ့တာကြောင့် ဒီပြိုင်ပွဲမှာခြေစွမ်းပြနိုင်တဲ့မြန်မာကစားသမားတွေအနေ နဲ့ ထိုင်းကလပ်တွေမှာကစားဖို့အခွင့်အလမ်းပေါ်ပေါက်လာနိုင်ပါတယ်။ ဒါဟာသူတို့အတွက် ကောင်းမွန်တဲ့လှုံဆော်မှု တစ်ခုပါ။ ကျွန်တော်တို့ အသင်းရဲ့ အားထားရတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်သူဟာလည်းအခုဆိုရင် ထိုင်းလိဂ်မှာအခြေချကစားတော့မှာပါ။ အောင်သူလိုပဲမြန်မာကစားသမားတွေအနေနဲ့ မြန်မာကလပ် အသင်းတွေမှာ သာမက နိုင်ငံတကာအဆင့်ထိထိုးဖောက်နိုင်မယ်ဆိုရင် သူတို့တစ်ဦးချင်းစီအတွက်သာမက နိုင်ငံလက်ရွေးစင်အသင်း ကြီးအတွက်ပါ အကျိုးရှိစေမှာပါ”ဟု ဂတ်ဖရိုင်းဒရစ်ကပြောသည်။

ထိုင်းပရီးမီးယားလိဂ်ကလပ်အသင်း Police Tero အသင်းက မြန်မာလက်ရွေးစင်တိုက်စစ်မှူးအောင်သူကို အခြားခံစား ခွင့်များအပါအဝင်လစာအမေရိကန်ဒေါ်လာ ရ၀၀၀ဖြင့် တစ်နှစ်စာချုပ်ချုပ်ကာခေါ်ယူခဲ့သည်။

M-150 Cup ယူ-၂၃ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၉ရက်နေ့မှ ၁၅ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး မြန်မာယူ-၂၃အသင်း သည် ဗီယမ်နမ် ၊ ဥဇဘက်ကစ္စတန်အသင်းတို့နှင့်အုပ်စုပွဲယှဉ်ပြိုင်ရမည်ဖြစ်ကာ တစ်ဖက်အုပ်စုတွင် ထိုင်း ၊ ဂျပန်နှင့် မြောက်ကိုရီးယား ယူ-၂၃ အသင်းများပါ၀င်သည်။

ယခုပြိုင်ပွဲယှဉ်ပြိုင်ကစားရန်အတွက် လူငယ်ကစားသမား အသစ်များရွေးချယ်လာခဲ့ပြီး ယူ-၁၈အသင်းမှကစားသမား ၆ဦးကို ထည့်သွင်းထားကာ အဆိုပါလူငယ်ကစားသမားများသည် အနာဂတ်လက်ရွေးစင်အသင်းအတွက် အားထားရ မည့်ကစားသမားများဖြစ်လာမည်ဟု နည်းပြချုပ်ကဆိုသည်။

မြန်မာယူ-၂၃အသင်းသည် ယခုပြိုင်ပွဲမတိုင်မီ မြန်မာနေရှင်နယ်လိဂ် All Stars အသင်းနှင့် ဒီဇင်ဘာ ၄ရက်ကယှဉ်ပြိုင် ခဲ့ပြီး ၁ဂိုးစီသရေကျခဲ့သည်။
မြန်မာအသင်းသည် ယနေ့ညနေတွင်ဗီယမ်နမ်အသင်းနှင့် အဖွင့်ပွဲစဉ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၁ရက်နေ့ တွင် ဥဇဘက်ကစ္စတန်အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းကစားမည့်ပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင် ငံဘောလုံး အဖွဲ့ချုပ် ကကြေညာထားသည်။

ကိုဉာဏ်

ဓာတ်ပုံ- Myanmar Football Federation

Leave a Reply