ကိုမာ နဲ့ နှလုံးရောဂါကို အပြင်းအထန်ခံစားနေရတဲ့ အင်္ဂလန်ကစား သမားဟောင်း ရေး ၀ီလ်ကင်

0
185

မတ် ၃၁ ၊ ၂၀၁၈

အသက် ၆၁ နှစ်အရွယ်ရှိတဲ့ အင်္ဂလန်ဘောလုံးသမားဟောင်း ရေး ၀ီလ်ကင်ဟာ သောကြာနေ့ညမှာ ကိုမာနဲ့ နှလုံးရောဂါကြောင့် အရေးပေါ်ဆေးကုသမှုတွေ ခံယူနေရပါတယ်။

ချယ်လ်ဆီးနဲ့ မန်ယူအသင်းတို့ရဲ့ ကစားသမားဟောင်း ၀ီလ်ကင်ဟာ လန်ဒန်က St George’s ဆေးရုံမှာ ဆေးကုသမှုတွေ ခံယူနေပါတယ်။
“သူဟာ နှလုံးရောဂါနဲ့ ကိုမာရောဂါတွေကို ခံစားနေရပါတယ်။ ဒါဟာ အရမ်းဆိုးပါတယ်”လို့ ၀ီလ်ကင်ရဲ့ ဇနီး ဂျက်ကီးက ပြောပါတယ်။

ဝီလ်ကင်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နှလုံးရောဂါအရှိန်နဲ့ ကိုဟမ်းက နေအိမ်မှာ ဖျားနာမှုတွေ ခံစားခဲ့ရပြီး သောကြာနေ့ညမှာတော့ သတိလစ်မေ့မြောမှုတွေ ဖြစ်လာပြီး နောက်ဆုံးမှာ ဆေးရုံကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဝီလ်ကင်ရဲ့ ကျန်းမာရေးသတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာ ချယ်လ်ဆီး အသင်းက အားကစားသမား ဟောင်းများနဲ့ ဘောလုံးလောကမှ အသိ မိတ်ဆွေများက အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ ၄င်းတို့ရဲ့ အွန်လိုင်း အကောင့်တွေကနေ ၀ိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။

ဝီလ်ကင်ဟာ အင်္ဂလန်အသင်းအတွက် ၈၄ ပွဲကစားပေးခဲ့ပြီး အသင်းခေါင်း ဆောင် အဖြစ် ၁၀ ပွဲပါဝင်ပွဲ ထွက်ခဲ့ကာ နိုင်ငံအသင်းအတွက် သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။

ဝီလ်ကင်ရဲ့ ဇနီးဖြစ်သူကတော့ ခင်ပွန်ဖြစ်သူရဲ့ ကျန်းမာရေးဟာ အပေါင်း လက္ခဏာဆောင်တဲ့ အခြေအနေတစ်ခုကို ပြန်လည်ရောက်ရှိ လာနိုင် တယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။

NN

Leave a Reply