လူမှုကူညီရေးကား ချောက်ထဲထိုးကျ (၄) ဦးသေဆုံး

0
124

မန္တလေး၊ မတ် ၃၁၊ ၂၀၁၈

မန္တ​လေးပြည်​သူ့​ဆေးရုံကြီး ကင်​ဆာဌာန​တွင်​ တက်​​ရောက် ကုသ ၍ ​သေဆုံးသွား​သော ​ဒေါ်လီလီ(၄၁)နှစ်​အား မဏီစလ လူမှုကူညီရေး အသင်းမှ ချင်းပြည်​နယ်​ ၊ အိုက်​ကား​ကျေးရွာသို့ ကားဖြင့်ပို့ပြီးအပြန်တွင် အဆိုပါ မော်တော်ယာဉ်မှာ ချောက်ထဲထိုးကျခဲ့၍ ယာဉ်ပေါ်တွင် ပါသူ (၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ချင်းပြည်​နယ်​ လုံဒေါရွာအနီး​တွင်​ အနက်​​ပေ (၈၀၀) ခန့်​ရှိ​သော ​ချောက်​ထဲသို့ မတ်လ (၂၈) ရက်နေ့ညနေပိုင်းက ထိုးကျခဲ့ခြင်းဖြစ်ကာ မဏီစလ လူမှုကူညီရေးအသင်းမှ အဆက်အသွယ်မရသည့်အတွက် ရှာဖွေရာ မတ်လ (၃၀) ရက်နေ့ ညနေပိုင်းက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အသင်းသားနှစ်ယောက်ပါတယ် ။ ဂန့်ဂေါကနေလိုက်လာတဲ့ လူနာရဲ့ ဆွေမျိုး နှစ်ယောက်ပါတယ် ။ သူတို့ကျသွားတာ ခန့်မှန်း (၂၈) ရက်နေ့ ညနေ ငါးနာရီ ခြောက်နာရီလောက်ဖြစ်မယ် ။ ရက်ကြာတော့ အလောင်းတွေက ရုပ်ပျက်ကုန်ပြီ ။ သူတို့နဲ့ နောက်ဆုံး အဆက်အသွယ် ရတုန်းက ပို့ပြီးလို့ ပြန်လာပြီလို့ ပြောသေးတယ် “ဟု မဏီစလ လူမှုကူ ညီရေး အသင်း မှ စာရေးကြီး ကိုကျော်ကြီးက ပြောသည်။

သေဆုံးသူများဖြစ်သည့် ယာဉ်​​မောင်း ဦးသန့်​ နှင့်​ ယာဉ်​​မောင်းအကူ ကိုသက်​နို​င်​ဦး​(ခ)စတီး တို့ပါ (၄) ဦး ကို မတ်လ ၃၁ ရက်နေ့ နေ့လည် (၂) နာရီက ဂန့်ဂေါသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

နိုင်လင်းဦး

ဓာတ်ပုံ – Bo Win

Leave a Reply