လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက အယ်လ်အေဂလက်ဆီကို ပြောင်းချင်ခဲ့တယ် လို့ အီဗရာဟီမိုဗစ် ဖွင့်ဟ

0
173

မတ် ၃၁ ၊ ၂၀၁၈

အသက် ၃၆နှစ်အရွယ်ရှိတဲ့ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ယခု တစ်ပတ် အတွင်းမှာ မန်ယူအသင်းကနေ အမေရိကန်ကလပ် အယ်လ်အေ ဂလက်ဆီအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ (၂)နှစ်ကျော်ကာလ ၊ မန်ယူနဲ့ မပူးပေါင်းခင် အချိန်က တည်း က အယ်လ်အေဂလက်ဆီကို ပြောင်းဖို့ ဆန္ဒရှိခဲ့တယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။

သူဟာ ၂၀၁၆ခုနှစ်မှာ မန်ယူအသင်းကို PSG အသင်းကနေ အလွှတ် ပြောင်းရွှေ့လာခဲ့ပြီး ယခုအခါ မေဂျာလိဂ်မှ အယ်လ်အေ ဂလက်ဆီ အသင်းကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

“ကျွန်တော် ဒီကို လှည့်ကြည့်တယ်။လာချင်ခဲ့တယ်။ ဖြစ်မလာခဲ့ဘူး။အခု အကြောင်းပါလာတဲ့အတွက် တကယ်ရောက်လာခဲ့ရပါပြီ။လော့အိန်ဂျလိက ကျွန်တော့်ကို ခေါ်နေတယ်”ဟု မိုဗစ်က ဆိုပါတယ်။

အီဗရာဟီမိုဗစ်ဟာ အယ်လ်အေဂလက်ဆီအသင်းမှာ မိတ်ဆက်သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး သူရဲ့ ပထမဆုံး လေ့ကျင့်ရေးအစီအဉ်တွေကို စနေ နေ့မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ သူဟာ အမေရိကန်ရဲ့ လူနေမှုဘ၀ကို နှစ်သက်သူဖြစ်သလို သူ့ရဲ့ အားလပ်ရက်ခရီးစဉ်တွေမှာ မကြာခဏ ဆိုသလို အမေရိကန်နိုင်ငံကို အလည်အပတ် သွားရောက်လေ့ရှိခဲ့ပါတယ်။ ယခုအခါမှာတော့ အမေရိကန်မှာ နေထိုင်လိုတဲ့ သူရဲ့ဆန္ဒတစ်ခုလည်း ပြည့်ဝလာခဲ့ပြီ ဖြစ်ပါတယ်။

NN

Leave a Reply