အဲဗာတန်ကို ဂိုးပြတ်ရှုံးတဲ့ပွဲမှာ ရာထူးကနေ အထုတ်ခံရဖို့ နီးစပ်ခဲ့ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာ ပြောကြား

0
148

မတ် ၃၁ ၊ ၂၀၁၈

ယမန်နှစ် ဘောလုံးရာသီမှာ မန်စီးတီးအသင်းအနေနဲ့ အဲဗာတန်အသင်းကို ၄-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့နောက် ရာထူးကနေ ဖယ်ရှားခံရဖို့ အနီးစပ်ဆုံး အခြေ အနေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ယခုတစ်ပတ်မှာ အဲဗာတန်အသင်းနဲ့ အမှတ်ပေး ပြိုင်ပွဲကို ကစားရမှာဖြစ်ပြီး ဂွာဒီယိုလာက ယမန်နှစ်က အခြေအနေကို ပြန်လည်ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားကို ရမှတ်အသာဖြင့် ဦးဆောင်နေတဲ့အတွက် ယခုတွေ့ဆုံမှုဟာ မန်စီးတီးအတွက် ရင်ခုန်စရာအခြေအနေမှာတော့ မရှိတော့ပါဘူး။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလက ကစားလခဲ့တဲ့ အဲဗာတန် – မန်စီးတီးပွဲစဉ်မှာ အဲဗာတန်က ၄-၀ ရလဒ်နဲ့ အနိုင်ရရှိ ခဲ့ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ သူရဲ့ရာထူးနေရာအတွက် စိုးရိမ်စရာတွေ ကြုံခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်နဲ့ ဆုဖလားတွေ ရရှိခဲ့ပြီး သူ့ရဲ့ ဘောလုံးဒသနတွေနဲ့ ကစားဟန်တွေဟာ မန်စီးတီးရဲ့ ပွဲဦးထွက် ရာသီမှာ အဆင်မချောခဲ့ပါဘူး။နောက်ဆုံးမှာတော့ သူ့ရဲ့ ဒသနတွေနဲ့ အယူအဆတွေကို ပြောင်းလဲခဲ့တဲ့အတွက် မန်စီးတီးဟာ ယခုနှစ်မှာ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အင်္ဂလန်လိဂ်ဖလားတစ်လုံးကို ယခုနှစ်မှာ စတင် ပိုင်ဆိုင်ထားပြီး အမှတ်ပေးချန်ပီယံဖြစ်ဖို့အတွက်လည်း အနီးစပ်ဆုံး အခြေအနေကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ မှာလည်း လီဗာပူးလ်အသင်းကို ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင် ဆုဖလား ရရှိနိုင်ဖို့ အကောင်းဆုံး အခြေအနေတစ်ရပ်ကို ရောက်ရှိလာနိုင်ပါတယ်။

NN

Leave a Reply