The Rave Color & Foam festival 2018 ကျင်းပမည်

0
184

မန္တလေး၊ မတ် ၃၁၊ ၂၀၁၈

မန္တလေးမြို့ ၇၈လမ်း Golden City Event Park ၌ The Rave Entertainment မှ ကြီးမှုးကျင်းပ ပြုလုပ်မည့် The Rave Color & Foam festival 2018 ကို ဧပြီလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

The Rave မှ Color & Foam Festival ကိုပထမဆုံးအကြိမ် ကျင်းပပြု လုပ်ခြင်းဖြစ်ပြီး Don’t Stop the Happiness and madness project ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ (၃၁) ရက်နေ့က သတင်းစာ ရှင်းလင်းပွဲလုပ်၍ ပြောကြားခဲ့သည်။

ယင်းပွဲတွင် နိုင်ငံတကာနှင့် ပြည်တွင်းက DJ သမား (၁၆) ဦး ဝင်ရောက် တီးခတ်ဖျော်ဖြေမှာဖြစ်ပြီး သင်္ကြန်ကာလ၌လည်း The Rave မဏ္ဍာပ်ကို လည်း ကျုံးအရှေ့ဘက် (၆၆) လမ်း (၁၇) လမ်း နှင့် (၁၈) လမ်း ကြားတွင်ဆောက်လုပ်ထားကာ ယခုနှစ်တွင် Mister & Miss The Rave 2018 ကိုလည်း ရွေးချယ်မည်ဖြစ်ကြောင်း The Rave Entertainment မှ တာဝန်ရှိသူ ကိုစိုးလပြည့်အောင် က ပြောသည်။

The Rave Color & Foam festival 2018 ကို ညနေ ၃နာရီမှ စတင်ကာ ည၁၁နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ၃သိန်း(5 person) , Vip 30000, GA 15000 ကျပ်နှုန်းဖြင့် GN’Y 27 Cafe & Restaurant , I love it Fashion , အေးကိုအေးချိုဆေးဆိုင်၊ ရွှေနဂါးဖိနပ်၊ အေးမေတ္တာမျက်မှန်ဆိုင်တို့တွင်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

နိုင်လင်းဦး

Leave a Reply