ရန်​ကုန်​မြို့သစ်​စီမံကိန်းတွင်​ အလုပ်​အကိုင်​သစ်​ ၂ သန်း​ ဖော်​ထုတ်​နိုင်​မည်​ဟု ရန်​ကုန်​တိုင်း​ဝန်ကြီးချုပ်​​ပြော

0
257

ရန်​ကုန်​ ၊ မတ်​လ ၃၁ ၊ ၂၀၁၈

ရန်​ကုန်​မြို့သစ်​စီမံကိန်းကို ရန်​ကုန်​မြစ်​အ​နောက်ဖက် ​ကမ်းရှိ မြေ​ပေါ်တွင်​ တည်​​ဆောက်​မည်​ဖြစ်​ပြီး ယင်းစီမံကိန်းမှ အလုပ်​အကိုင်​သစ်​ ၂ သန်း​​ဖော်​ထုတ်​နိုင်​မည်​ဖြစ်​​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းက​ပြောသည်​။

ယ​နေ့ ရန်​ကုန်​မြို့ရှိ Lotte Hotel တွင်​ ပြုလုပ်​သည့်​ ရန်​ကုန်​မြို့သစ် ​ဖွံ့ဖြိုး​ရေး ကုမ္ပဏီလီမိတက်​ဖွဲ့စည်းထူ​ထောင်​ခြင်း အထိမ်းအမှတ်​ အခမ်းအနားတွင်​၎င်းက​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

“ရန်​ကုန်​မြို့​ဟောင်းဟာ ​ရှေး​ဟောင်းအ​မွေနှစ်​​တွေနဲ့ စိမ်းလန်းပြီး​နေချင်​စဖွယ်​စီးပွား​ရေးမြို့အဖြစ်​ ဒီဘက်​အခြမ်းမှာတည်​ရှိပြီး တဖက်​က​တော့ တကယ့်​ကို Smart City တစ်ခုလို ဖွံ့ဖြိုးတိုးတက်​နိုင်​တဲ့ နယ်​​မြေတစ်ခုဖြစ်​ချင်​ပါတယ်​။ဒီနယ်​​မြေမှာ စက်​မှုလုပ်​ငန်းတိုးတက်​ပြီး အလုပ်​အကိုင်​အခွင့်​လမ်း​ပေးနိုင်​တဲ့ အ​ခြေ​နေတစ်ခုရချင်​ပါတယ်​။ဒီကုမ္ပဏီရဲ့ ရည်​မှန်းချက်​ထဲမှာ အဓိက​​တော့အလုပ်​သမား ၂ သန်း​လောက်​ အလုပ်​အကိုင်​​ပေးနိုင်​ဖို့​မျှော်​မှန်းပါတယ်​။နိုင်​ငံတကာရဲ့ ရင်းနှီးမြှုပ်​နှံတဲ့​ငွေ​တွေ ရန်​ကုန်မြို့ကို လာဖို့အတွက်​ ​မျှော်​မှန်းပါတယ်​။”ဟု ၎င်းက​ပြောသည်​။

အဆိုပါ စီမံကိန်း ရန်​ကုန်​မြို့သစ်​စီမံကိန်း ဖွံ့ဖြိုး​ရေးကုမ္ပဏီလီမိတက်​ (NYDC) မှ ​ဆောင်​ရွက်​သွားမည်​ဖြစ်​ပြီး မြို့သစ်​တည်​​ဆောက်​​ရေးလုပ်​ငန်း ပထမအဆင့်​ကို ရန်​ကုန်​မြို့ ကြည့်​မြင်​တိုင်​အ​နောက်​ဖက်​ ကမ်းရှိ​ ​မြေဧက ၂​သောင်းခန့်​ ​တွင်​တည်​​ဆောက်​မည်​ဖြစ်​ရာ ကနဦးအ​ခြေခံအ​ဆောက်​အအုံ​ဆောက်​လုပ်​ခြင်းအတွက်​ အ​မေရိကန်​​ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ​​ကျော်​ ကုန်​ကျမည်​ဟု ခန့်​မှန်း​ထား​ကြောင်းသိရသည်​။

ယင်းလုပ်​ငန်းများတွင်​ ရွာမြို့နယ်​ ၅ ခု ၊ တံတား ၂ စင်း၊ ၂၆ ကီလိုမီတာ အရှည်​ ပင်​မလမ်း​ကြောင်းများ ၊ ၁၀ စတုရန်း ကီလိုမီတာရှိ စက်​မှုဇုန်​၊ လျှပ်​စစ်​ဓာတ်​အားထုတ်​လုပ်​မှု စက်​ရုံ၊ လျှပ်​စစ်​ဓာတ်​အား ဖြန့်​ဖြူး​ရေးအ​ဆောက်​အအုံများ၊ ​ရေသန့်​နှင့်​​ရေဆိုးထုတ်​စက်​ရုံများ ပါဝင်​မည်​ဖြစ်​ပြီး တည်​​ဆောက်​ပြီးစီးပါက စင်​ကာပူနို​င်​ငံ အရွယ်​အစားထက်​ နှစ်​ဆ ကျယ်​ဝန်း မည်​ဖြစ်​​ကြောင်း သိရသည်​။

“အ​ခြေခံအ​ဆောက်​အအုံဆိုတာ ဘယ်​နိုင်​ငံမှာပဲဖြစ်​ဖြစ်​ မြို့သစ်​လုပ်​တာပဲဖြစ်​ဖြစ်​၊ ဖွံ့ဖြိုး​ရေးလုပ်​ငန်း​တွေ​ဆောင်​ရွက်​တာပဲ ဖြစ်​ဖြစ်​ အ​ခြေခံ အ​ဆောက်​အအုံကို အရင်​​ဆောင်​ရွက်​ကြပါတယ်​။ ​ရေရရှိ​ရေး အတွက်​ဆိုလဲ ​ရေစီမံခန့့်​ခွဲ​ရေး ​ကော်​မတီရှိတယ်​။ လျှပ်​စစ်​ဆိုရင်​လဲ လျှပ်​စစ်​ဝန်​ကြီးနဲ့ ​ဆွေး​နွေးပြီး​တော့ မြို့သစ်​အတွက်​လျှပ်​စစ်​ကို လုံလုံ​လောက်​​လောက်​အပြင်​ တည်​ငြိမ်​​ကောင်းမွန်​တဲ့ လျှပ်​စစ်​ဓာတ်​အား အပြည့်​အဝ ရရှိ​ရေး အတွက်​ကိုလည်း အစီအစဉ်​​တွေ​ရေးဆွဲ​ဆောင်​ရွက်​​နေပါတယ်​။ တိတိ ကျကျဖြစ်လာပြီဆိုသတင်း​တွေထုတ်​ပြန်​​ပေးမှာပါ။”ဟုရန်ကုန်တိုင်း ​ဒေသ
ကြီး အစိုးရအဖွဲ့ လျှပ်​စစ်​၊စက်​မှုလက်​မှုနှင့်​လမ်းပန်းဆက်​သွယ်​​​​ရေးဝန်​ကြီး နှင့်​ NYDC ၏ ဥက္ကဋ္ဌဖြစ်​သူ ​ဒေါ်နီလာ​ကျော်​က​ပြောသည်​။

ရန်​ကုန်​မြို့သစ်​ကို စွမ်း​ဆောင်​ရည်​ရှိခြင်း၊ ဂုဏ်​သိက္ခာရှိခြင်း၊တာဝန်​ခံမှုရှိခြင်း စသည့်​ စံနမူနာအချက်​များကို ​ဖော်​​ဆောင်​နိုင်​ရန်​နှင့်​သန့် ရှင်း​သောမြို့တစ်​မြို့ဖြစ်​လာ​စေရန်​ ​မျှော်​မှန်းထား ပြီး မြို့သစ်​တည်​​ဆောက်​ရာတွင်​ Public Private Partnership (PPP)ပုံစံအဖြစ်​ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply