UWSA ဥက္ကဋ္ဌက သမ္မတဦးဝင်းမြင့်ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့

0
149

ရန်ကုန် ၊ မတ် ၃၁ ၊ ၂၀၁၈

နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ်တင်မြှောက် ခဲ့သည့် ဦးဝင်းမြင့်ထံသို့ ၀ ပြည်သွေးစည်းညီ ညွတ်ရေးပါတီဥက္ကဋ္ဌ ဦးပေါက်ယူချန်းက ဂုဏ်ယူဝမ်းမြောက်ကြောင်းသ၀ဏ်လွှာပေးပို့ခဲ့သည်။

လေးစားအပ်ပါသောအဆွေတော်သမ္မတကြီးဦးဝင်းမြင့်ခင်ဗျားဟု အစချီထားသည့် အဆိုပါသ၀ဏ်လွှာတွင် “သမ္မတရွေးကောက်ပွဲတွင် အဆွေတော်သည် မဲအရေအတွက်အများဆုံးဖြင့် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံ ရသည်ကို ကြားသိရသဖြင့် များစွာဂုဏ်ယူ ၀မ်းမြောက် မိပါကြောင်းကို အထူးဒေသ(၂) ၊ ၀ ပြည်နယ်အစိုးရနှင့် တိုင်းရင်းသား ပေါင်းစုံတို့ကိုယ်စား မိမိအနေဖြင့်လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ် ပါသည်”ဟုပါရှိသည်။

သမ္မတတာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ငြိမ်းချမ်းရေး ၊စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေး ၊ အမျိုးသားပြန် လည်သင့်မြတ်ရေး ၊ တိုင်းရင်း သားအားလုံးစည်းလုံးညီညွှတ်စွာနေထိုင်နိုင်ရေး ၊ စီးပွားရေး သာယာ ဖွံ့ဖြိုး တိုးတက်ရေး ၊ ပြည်သူပြည်သားများအားလုံး ဘေးကင်း တည်ငြိမ်အေးချမ်း စွာနေထိုင်နိုင်ရေး တို့ကို စွမ်းဆောင်မှုအသစ်များဖြင့် သယ်ပိုးဆောင် ရွက်နိုင်စေရန် ဆုမွန်ကောင်းတောင်းဆိုကြောင်း သ၀ဏ်လွှာတွင်ပါရှိသည်။

သမ္မတအသစ်အဖြစ်ရွေးချယ်ခံရအပြီးတွင် မတ်လ ၂၈ရက်နေ့ရက်စွဲဖြင့် UWSA နိုင်ငံရေးအရဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCCက ကြိုဆိုကြောင်း သဘောထား ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၁ရာစုပင်လုံညီလာခံ တတိယအကြိမ် ကျင်းပ ပါက အစိုးရအနေဖြင့်တရားဝင်ဖိတ်ကြားမည် ဆိုလျင် FPNCCအနေဖြင့် အဖွဲ့ဝင်စုံညီစွာတက်ရောက်မည်ဖြစ်ပြီး အစည်းအဝေး တက်ရောက် သည့် အခါ လုံခြုံရေးအာ မခံချက်ရရှိရန်အတွက် တရုတ်နိုင်ငံမှ ခရီးစဉ်အတွက် ကူညီထောက်ပံ့ရန် မေတ္တာရပ်ခံကြောင်း သဘောထားထုတ်ပြန် ထား သည်။

ကိုဥာဏ်

ဓာတ်ပုံ – နိုင်ငံတော်သမ္မတရုံး

Leave a Reply