မင်္ဂလာဈေးသစ်အား ဧပြီ ၁ရက်တွင်စတင်တည်ဆောက်မည်

0
174

ရန်ကုန် ၊ မတ် ၃၁ ၊ ၂၀၁၈

လွန်ခဲ့သည့် ၂နှစ်ကျော်က မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးဟောင်းနေရာ တွင် ဈေးသစ်တည်ဆောက်မှုကို ယခုနှစ်ဧပြီလ ၁ရက်နေ့မှ စတင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဈေးသစ်တည်ဆောက်ရေးအတွက် မင်္ဂလာဈေးမှဈေးသူဈေးသားများအား ယနေ့ နံနက်ပိုင်းက မင်္ဂလာတောင်ညွှန့်လွှတ်တော်ကိုယ်စားလှယ် ဦးလှဋ္ဌေး ၊ ဈေးများဌာနဌာနမှူး နှင့် တင်ဒါအောင်မြင်ခဲ့သည့် ဆန်းမြတ် ထွန်း ကုမ္ပဏီမှ တာဝန်ရှိသူများကလာရောက် ရှင်းလင်းပြောကြားခဲ့ကြောင်း ဈေးသူဈေးသားတစ်ဦးဖြစ်သူ ဦးသန်းချိုကပြောသည်။

“ အခု ဗီနိုင်းတွေစကပ်နေပြီ နက်ဖြန်ကနေစပြီး လုပ်ငန်းခွင်စ မယ် လို့ပြောသွားတယ်။ ရေ၀ပ်တာတွေ စုပ်ထုတ်တာတွေ အရင်စလုပ်မှာပေါ့ တည်ဆောက်ရေးအကြိုလုပ်ငန်းတွေစတင်မယ်လို့ပြောသွားခဲ့တယ်။ သူတို့ကတော့ ၂၀၂၀ ခုနှစ် ၁၀လပိုင်းလောက်ပြီး မယ်လို့မှန်း ထား တယ်ပြော တယ်” ဟုဦးသန်းချို ကပြောသည်။

၁၅ထပ်အမြင့်ဆောက်လုပ်မည့် မင်္ဂလာဈေးသစ်အား တည်ဆောက်ချိန် ၂နှစ်ခွဲကြာမြင့်မည်ဖြစ်ပြီး မီးဘေးအန္တရယ် ကာကွယ်ရေးအတွက် နိုင်ငံတကာအဆင့်မှီနည်းစနစ်များဖြင့်ငြိမ်းသတ်နိုင်မည့် အဆောက်အဦ ဒီဇိုင်းရေးဆွဲထား ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောဆိုထားသည်။

“ကျွန်တော်တို့ဈေးမီးလောင်တာ ၂နှစ်နဲ့ ၂လရှိပြီ သတ်မှတ်ထားတဲ့ အချိန် အတွင်းမှာဈေးကြီးကိုမြန်မြန်အပြီးသတ်ပြီး မြန်မြန်တက်ချင်တာ ဈေးသူဈေး သားတွေရဲ့ဆန္ဒပါပဲ။တင်ဒါအောင်တဲ့ကုမ္ပဏီကိုလည်း မြန်မြန်ဆန် ဆန်ဆောက်စေချင် တယ်”ဟု ဦးသန်းချိုကပြောသည်။

ဒုတိယအကြိမ်မြောက်မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးတွင် ဆိုင်ခန်းပေါင်း ၄၀၀၀ကျော်ရှိပြီး ဈေးသစ်တည်ဆောက်ပြီး စီးပါက ယခင်ဆိုင်ခန်းနေရာများ အတိုင်း နေရာပြန်လည်ချထားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုဥာဏ်

ဓာတ်ပုံ – သန်းချို

Leave a Reply