ဆိပ်​ကမ်းတွင်​ ကားထုတ်​မရသည့်​ ကိစ္စများကို  အ​ကောက်​အခွန်​ဦးစီးဌာနနှင့်​​ ​တွေ့ဆုံ​​ဆွေး​နွေးမည်

0
167

ရန်​ကုန်​၊ မတ်​လ ၃၁၊ ၂၀၁၈

ရန်​ကုန်​ဆိပ်ကမ်းတွင်​ လတ်​တ​လောကားထုတ်​ယူ
သည့်​​နေရာ၌ အခက်​အခဲများရှိ​နေသောကြောင့် ယင်းကိစ္စရပ်များနှင့်ပတ်သက်​၍ ရန်​ကုန်​တိုင်း​ဒေသကြီး 
မော်​​တော်​ယာဉ်​ထုတ်​လုပ်​​ရေးနှင့်​ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အ​ကောက်​အခွန်​ဦးစီးဌာနနှင့်​ ​​တွေ့ဆုံ​ဆွေး​နွေးသွားမည်​ဖြစ်​​ကြောင်း အသင်း၏ ဥက္ကဋ္ဌ ဦးမင်းမင်း​မောင်​က ​ပြောသည်​။

ယ​နေ့(မတ်​ ၃၁)တွင် သင်္ကန်းကျွန်းမြို့နယ်​၊ မလိခဥယျာဉ်​အိမ်​ရာအနီးရှိ မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းထုတ်
လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း၌ပြုလုပ်​သည့်
အသင်း၏ ဗဟိုအလုပ်​အမှု​ဆောင်​နှင့်​ အလုပ်အမှုဆောင်များအစည်းအဝေးတွင်​ ၎င်းက ​ပြောကြားခဲ့ခြင်း ဖြစ်သည်​။

“ကားထုတ်​တဲ့​သူ​တွေအခက်​အခဲဖြစ်​​နေတာက ဆိပ်​ကမ်းမှာကားက ပါမစ်လိုင်​စင်​သက်​တမ်းရှိတဲ့အချိန်​အတွင်းမှာ​ ရောက်​ထားတယ်​။ သွားထုတ်​တဲ့အချိန်​မှာ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ သွားမထုတ်ဖြစ်ခဲ့တော့ ပါမစ်​သက်​တမ်းကုန်​​နေတဲ့အချိန်​မှ ထုတ်​ဖြစ်တယ်​။ အရင်​ကဆို ထုတ်​ခွင့်​​ပေးတယ်​။ အခု ထုတ်မရတဲ့ ပြဿနာလေး​တွေနဲ့ ရင်​ဆိုင်​​နေရတယ်​။ အဲ့ဒါကို
အ​ကောက်​အခွန်​ဦးစီးဌာနက တာဝန်​ရှိသူ​တွေနဲ့​ ​တွေ့ပြီး ဘာ​ကြောင့်​ ကြန့်​ကြာ​နေတာလဲဆိုတာကို ပူး​ပေါင်း​ဖြေရှင်း​ပေးဖို့​ ​ဆွေး​နွေးမှာပါ”ဟု ​၎င်းက ​ပြောသည်​။

လိုင်​စင်​သက်​တမ်းကုန်​ ဒဏ်​​ကြေးကိစ္စနှင့်​ပတ်​သက်​၍ အ​ကောက်​အခွန်​ဦးစီးဌာနသို့ တင်​ပြရန်​နှင့်​ လက်​ရှိကားထုတ်​ယူရာတွင်​ ကြုံတွေ့နေရသည့်​ အခက်​အခဲများကို လာမည့်​သတင်းပတ်​အတွင်း ယင်းဌာနနှင့်​ ​တွေ့ဆုံ​၍ နှစ်​ဦးနှစ်​ဖက်​ အခက်​အခဲများကို ​ဆွေး​နွေးညှိနှိုင်း၍ ​ဖြေရှင်းသွားမည်​ဖြစ်​​ကြောင်း သိရသည်​။

ယခင်​က သက်​တမ်းရှိသည့့်ကားများ ဆိပ်​ကမ်းသို့​ရောက်​ရှိလျှင်​ သတ်​မှတ်​ထားသည့်​ ဆိပ်​ကမ်းဒဏ်​​ကြေးများ​​ပေး​ဆောင်​ပါက ထုတ်​ယူ၍ရ​သော်​လည်း လက်​ရှိတွင်​ ဆိပ်​ကမ်း၌ ကားထုတ်​ယူရာတွင်​ မည်သည့်အတွက်​​ကြောင့်​ ထုတ်​ယူ၍မရခြင်းကို ​ဆွေး​နွေးညှိနှိုင်း​သွားမည်​ဖြစ်​​ကြောင်း ၎င်းက ​ပြောသည်​။

ဝေ​ဝေဖြိုး

ရန်​ကုန်​၊ မတ်​လ ၃၁၊ ၂၀၁၈

Leave a Reply