မြောင်းမြကြိုးတံတား ကုန်ကားဖြတ်မောင်းစဉ် ပျက်ကျ

0
155

ရန်ကုန်၊ ဧပြီ ၁၊ ၂၀၁၈

ဧပြီလ ၁ရက်နေ့ နံနက်တွင် ရန်ကုန်မှ မြောင်းမြသို့ မောင်းနှင်လာသော Nissan UD အဖြူရောင်(၆)ဘီးကုန်တင်ယာဉ်တစ်စီးသည် မြောင်းမြမြို့အဝင်ကြိုးတံတားကို ဖြတ်မောင်းစဉ် တံတားပျက်ကျမှု ဖြစ်ပွားခဲ့သည်။

၁.၄.၂၀၁၈ ရက်နေ့၊ ၀၁း၄၅ အချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အနီး၊ လပ္ပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် ကားလမ်းမပေါ်ရှိ ရွေးမြစ်အားဖြတ်ကူးတည်ဆောက်ထားသည့် မြောင်းမြမြို့အ၀င် ကြိုးတံတားသည် ရန်ကုန်မှ မြောင်းမြသို့ မောင်းနှင်လာသော Nissan UD အဖြူရောင်(၆)ဘီးကုန်တင်ယာဉ် ဖြတ်သန်းမောင်းနှင်စဉ် တံတားပျက်ကျ၍ အဆိုပါကုန်တင်ယာဉ်သည် ရွေးမြစ်အတွင်းသို့ ပြုတ်ကျသွားပြီး ယာဉ်မောင်းပါ (၂) ဦးပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိသဖြင့် မြောင်းမြခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်အမြန်ရေယာဉ် (၁)စီး ၊ စက်လှေ (၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

MM

Leave a Reply