စည်းကမ်းပျက်ယာဉ်နှင့် လိုင်​စင်​မဲ့ဆိုင်​ကယ်​များအား စတင်ဖမ်းဆီးရာ အစီး ၁ဝဝ ​ကျော်​ဖမ်းမိ

0
155

ပဲခူး၊ ဧပြီ ၁၊ ၂ဝ၁၈

ပဲခူးမြို့​ပေါ်ရှိ လမ်းအသုံးပြု​သော စည်းကမ်းပျက်​ယာဉ်​နှင့်​ မှတ်​ပုံတင်​ထားခြင်းမရှိ​သော လိုင်​စင်​မဲ့ယာဉ်​များအား စတင်​အ​ရေးယူရာတွင်​ ဧပြီ ၁ ရက်​​​နေ့၌အစီး​ရေ ၁ဝဝ ​ကျော်​ဖမ်းဆီးထား​ကြောင်း ယာဉ်​စည်းကမ်းထိန်းသိမ်းကြီးကြပ်​​ရေး​ကော်​မတီထံမှ သတင်းရရှိသည်​။

ထိုသို့ဖမ်းဆီးအ​ရေးယူရာတွင်​ လိုင်စင်ရှိ​သော်​လည်း​စည်းကမ်းပျက်​ယာဉ်​ ၅ဝ စီးနှင့်​ မှတ်​ပုံတင်​ထားခြင်းမရှိ​သော လိုင်​စင်​မဲ့ယာဉ်​အစီး ၆ဝ နှင့်​ ဆိုင်​ကယ်​​ဘေးတွဲယာဉ်​တစ်​စီး အသီးသီးတို့ပါဝင်​​ကြောင်း အဆိုပါ​ကော်​မတီထံမှ သိရသည်။

“ကျွန်​​တော်​တို့အ​နေနဲ့ လိုင်​စင်​ရှိပြီး စည်းကမ်းလိုက်​နာမှုမရှိတဲ့ယာဉ်​ပိုင်​ရှင်​​တွေကို​တော့ သတ်​မှတ်​ဒဏ်​​ကြေး​ပေး​ဆောင်​​စေပါတယ်​။ ​နောက်​တစ်​ခုက မှတ်​ပုံတင်​ထားခြင်းမရှိတဲ့ လိုင်​စင်​မဲ့ယာဉ်​​တွေကို​တော့ အချိန်​နှစ်​ပတ်​သတ်​မှတ်​​ပေးပြီး လုပ်​စင်​ဝင်​ခိုင်းမှာဖြစ်​ပါတယ်​”ဟု ယာဉ်​စည်းကမ်းထိန်းသိမ်းကြီးကြပ်​​ရေး​ကော်​မတီမှ ယာဉ်​ထိန်းရဲတပ်​ဖွဲ့မှူးရဲမှူးထိန်​ဝင်းက ​ပြောသည်​။

လက်​ရှိဖမ်းဆီးထား​သောယာဉ်​များမှ မှတ်​ပုံတင်​ထားခြင်းမရှိ​သော လိုင်​စင်​မဲ့ယာဉ်​များအား သတ်​မှတ်​ထား​သောအချိန်​နှစ်​ပတ်​အတွင်း လိုင်​စင်​ဝင်​​ရမည်​ဖြစ်​ကာ ယာဉ်​ပိုင်​ရှင်​များအားဓာတ်​ပုံမှတ်​တမ်းယူထားမည့်​အပြင်​ အချိန်​နှစ်​ပတ်​အတွင်း ယာဉ်​များအား​ခေတ္တထိန်းသိမ်းထားမည်​ဖြစ်​သည်​ဟု ၎င်းက ရှင်းပြသည်​။

“ကျွန်​​တော်​တို့ကိုယ်​တိုင်​လည်း စည်းကမ်းအတိုင်းလိုင်​စင်​လုပ်​ချင်​တယ်​။ ဖမ်းတာဆီးတာ​တော့ ဘယ်​သူမှမခံချင်​ကြဘူး။ ဒါ​ပေမယ့် သတ်​မှတ်​ထားတဲ့လိုင်​စင်​​ကြေး​တွေကအရမ်းများ​နေ​တော့ ဘယ်​လိုမှမတတ်​နိုင်​ဘူး” ဟု ပဲခူးမြို့ ပန်းလှိုင်​ရပ်​ကွက်​တွင်​​နေထိုင်​သူ ကိုသီဟက မှတ်​ချက်​​ပေးသည်​။

ဆိုင်​ကယ်​လိုင်​စင်​များပြုလုပ်​ခြင်းနှင့်​ပတ်​သက်​ပြီး တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ သတ်​မှတ်​ထားရာတွင်​ ၂ဝ၁ဝ ခုနှစ်​​အောက်​​မော်​ဒယ်​များအား ကျပ်​တစ်​သိန်းဝန်းကျင်​၊ ၂ဝ၁၅/၁၆ ​မော်​ဒယ်​များမှာ ကျပ်​တစ်သိန်းခွဲဝန်းကျင်​နှင့်​ ၂ဝ၁၇ ​မော်​ဒယ်​ဆိုလျှင်​ ကျပ်​နှစ်​သိန်းခွဲဝန်းကျင်​ အသီးသီးသတ်​မှတ်​ထား​ကြောင်း ယာဉ်​စည်းကမ်းထိန်းသိမ်းကြီးကြပ်​​ရေး​ကော်​မတီထံမှ သိရသည်​။

ယခုကဲ့သို့ စည်းကမ်းပျက်​ယာဉ်​နှင့်​ လိုင်​စင်​မဲ့ယာဉ်​များအားဖမ်းဆီးအ​ရေးယူမှုကို ပဲခူးမြို့​ပေါ်ရှိ ပြင်​စည်​​ဈေး​ရှေ့၊ ပဲခူး​ဈေးကြီး​ရှေ့၊ လွှတ်​​တော်​ရုံးအနီးနှင့်​ ​ရွှေ​မော်​​ဓောဘုရားကြီးအနီးတို့တွင်​ ​ရွေ့လျားပုံစံဖြင့်​ ​ဖမ်းဆီးစစ်​​ဆေးမှုများပြုလုပ်​ရန်​ ​ကြေငြာထားသည်​။

မိုး​မြေ

Leave a Reply