တရားမဝင္သယ္ေဆာင္လာသည့္ ႏြားအေကာင္ေရ ၁၀၀ ေက်ာ္ ဖမ္းဆီးရမိ

0
189

မႏၱေလး ။ဒီဇင္ဘာ ။၉ ။၂၀၁၇။

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္ ျပင္စာေက်းရြာအုပ္စု မႏၲေလး – ျပင္ဦးလြင္ ကားလမ္း က်န္းမာေရးေဆးေပးခန္းအနီးတြင္ ဒီဇင္ဘာလ ၇ ရက္ေန႔က တရားမဝင္ႏြားေမွာင္ခိုကားမ်ား သြားလာေနေၾကာင္း သတင္းရသည့္အတြက္ သက္ဆိုင္ရာရဲတပ္ဖြဲ႕ႏွင့္ သက္ေသမ်ားက သြားေရာက္စစ္ေဆးရာ တရားမဝင္သယ္ေဆာင္လာသည့္ ႏြားအေကာင္ေရ ၁၀၀ ေက်ာ္ ဖမ္းစီးရမိ ခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုးက သိရသည္ ။

ႏြားမ်ားကို ၁၂ ဘီးယာဥ္မ်ားျဖင့္ သယ္ေဆာင္လာျခင္းျဖစ္ၿပီး ၁၂ ဘီးယာဥ္ ၅ စီးဖမ္းစီးရမိခဲ့ကာ ႏြားအေကာင္ေရ စုစုေပါင္း ၁၁၁ ေကာင္ရွိေၾကာင္း သိရသည္ ။

တရားမဝင္ႏြားမ်ား သယ္ေဆာင္လာသည့္ ယာဥ္ေမာင္း ၅ ဦး အျပင္ ႏြားမ်ားကို ထိန္းေက်ာင္းရန္ ႏြားထိန္း ၁၃ ဦးလည္းပါဝင္ၿပီး ၎တို႔ကို ျပင္စာရဲကင္းတြင္ (ပ)၁၄၃/၂၀၁၇ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈအက္ဥပေဒပုဒ္မ (၅) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုးက သိရသည္ ။

အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈအက္ဥပေဒမွ ႏြားကို ထုတ္ပယ္ေပးရန္ ေမြးျမဴေရးလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္က ေတာင္းဆိုထားေသာ္လည္း ယခုအခ်ိန္အထိ တရားဝင္ပယ္ဖ်က္ေပးျခင္း မရွိေသးေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒါက္တာေက်ာ္ထင္ က ေျပာသည္ ။

“တကယ္က အေရးႀကီးကုန္စည္ကေန ႏြားကို ထုတ္ပယ္ေပးမွ အဆင္ေျပမွာ။ ေမြးျမဴသူေရာ ၊ ကုန္သြယ္သူေရာ ခုဟာက ဘာမွ တိတိက်က် မထုတ္ျပန္ေပးေသးဘူး ။” ဟု မႏၲေလးတိုင္းေဒသႀကီး ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒါက္တာေက်ာ္ထင္ က ဆက္လက္ ေျပာသည္ ။

ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံျခားသို ့ႏြားမ်ားတရားဝင္တင္ပို႔ရန္ေဆာင္ရြက္ေနေသာ္လည္း အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈအက္ဥပေဒမွ ႏြားကို ထုတ္ပယ္ေပးျခင္းမရွိေသးေသာေၾကာင့္ ရဲအေရးပိုင္အမႈျဖစ္ကာ ဖမ္းစီးခံေနရေၾကာင္း သိရသည္ ။

ႏိုင္လင္းဦး

မန္တလေး ။ဒီဇင်ဘာ ။၉ ။၂၀၁၇။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအုပ်စု မန္တလေး – ပြင်ဦးလွင် ကားလမ်း ကျန်းမာရေးဆေးပေးခန်းအနီးတွင် ဒီဇင်ဘာလ ရ ရက်နေ့က တရားမဝင်နွားမှောင်ခိုကားများ သွားလာနေကြောင်း သတင်းရသည့်အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် သက်သေများက သွားရောက်စစ်ဆေးရာ တရားမဝင်သယ်ဆောင်လာသည့် နွားအကောင်ရေ ၁၀၀ ကျော် ဖမ်းစီးရမိ ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည် ။

နွားများကို ၁၂ ဘီးယာဉ်များဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ၁၂ ဘီးယာဉ် ၅ စီးဖမ်းစီးရမိခဲ့ကာ နွားအကောင်ရေ စုစုပေါင်း ၁၁၁ ကောင်ရှိကြောင်း သိရသည် ။

တရားမဝင်နွားများ သယ်ဆောင်လာသည့် ယာဉ်မောင်း ၅ ဦး အပြင် နွားများကို ထိန်းကျောင်းရန် နွားထိန်း ၁၃ ဦးလည်းပါဝင်ပြီး ၎င်းတို့ကို ပြင်စာရဲကင်းတွင် (ပ)၁၄၃/၂၀၁၇ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအက်ဥပဒေပုဒ်မ (၅) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည် ။

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအက်ဥပဒေမှ နွားကို ထုတ်ပယ်ပေးရန် မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်က တောင်းဆိုထားသော်လည်း ယခုအချိန်အထိ တရားဝင်ပယ်ဖျက်ပေးခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာကျော်ထင် က ပြောသည် ။

“တကယ်က အရေးကြီးကုန်စည်ကနေ နွားကို ထုတ်ပယ်ပေးမှ အဆင်ပြေမှာ။ မွေးမြူသူရော ၊ ကုန်သွယ်သူရော ခုဟာက ဘာမှ တိတိကျကျ မထုတ်ပြန်ပေးသေးဘူး ။” ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာကျော်ထင် က ဆက်လက် ပြောသည် ။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားသို ့နွားများတရားဝင်တင်ပို့ရန်ဆောင်ရွက်နေသော်လည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအက်ဥပဒေမှ နွားကို ထုတ်ပယ်ပေးခြင်းမရှိသေးသောကြောင့် ရဲအရေးပိုင်အမှုဖြစ်ကာ ဖမ်းစီးခံနေရကြောင်း သိရသည် ။

နိုင်လင်းဦး

 

Leave a Reply