သူ့အနာဂတ်အတွက် စိုးရိမ်မှုမရှိဟု ချယ်လ်ဆီး နည်းပြဆို

0
187

ဧပြီ ၂ ၊ ၂၀၁၈

ချယ်လ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ် လက်ကျန် ၇ ပွဲ ကစားပြီးချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင် နည်းပြကွန်တီကို ရာထူးကနေ ထုတ်ပယ်မယ့် သတင်းတွေ ထွက်ပေါ်နေပါတယ်။
“မဟုတ်ပါဘူး။ ကျွန်တော့်အနာဂတ်အတွက် ဘာမှ မစိုးရိမ်ဘူး”လို့ ကွန်တီက ဆိုပါတယ်။

ချယ်လ်ဆီး အသင်းအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ကွန်တီက ဆိုခဲ့ပြီး သူ့အပေါ်မှာ ချယ်လ်ဆီးအသင်းက လေးစားယုံကြည်မှု အပြည့်ရှိနေတဲ့အတွက် ထွက်ပေါ်နေတဲ့ ကောလာဟလတွေအတွက် စိုးရိမ်စိတ် မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီး အသင်းဟာ အပြောင်းအရွှေ့ ကာလမှာ လိုအပ်နေတဲ့ နောက်တန်းကစားသမားတွေကို ဝယ်ယူနိုင်ခဲ့ခြင်းမရှိသလို ရလဒ်တွေ ဆိုးရွားနေမှုကြောင့် လာမယ့်နှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာ ရရှိဖို့ ခက်ခဲစွာ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

“ဒီကိစ္စက အမှန်တော့ လုံးဝမလွယ်ပါဘူး။ ဒါပေမယ့် လုပ်နိုင်လိမ့်မယ်ထင်ပါတယ်။”ဟု ကွန်တီက ဆက်ပြောပါတယ်။

ချယ်လ်ဆီး အသင်းဟာ ယခုတစ်ပတ်မှာ ကစားခဲ့တဲ့ စပါးနဲ့ ပွဲစဉ်မှာ ၁ – ၃ ရလဒ်နဲ့ ရှုံးခဲ့ပါတယ်။ အဆိုပါအရှုံးအတွက် အမှတ်ပေးဇယား မှာ အဆင့်၅နဲ့ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးအသင်းနဲ့ ရမှတ် ၈မှတ် ကွာဟနေပြီ ဖြစ်ပါတယ်။

NN

Leave a Reply