ချန်ပီယံလိဂ်မှာ မန်စီးတီးကို အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပြီဟု ကလော့ ဆို

0
170

ဧပြီ ၂ ၊ ၂၀၁၈

လီဗာပူးလ်နည်းပြ ဂျာဂျန်ကလော့က လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနဲ့ ပွဲအတွက် အနိုင်ယူဖို့ အဆင်သင့်ဖြစ် နေပြီလို့ ဆိုပါတယ်။

လီဗာပူးလ်အသင်းဟာ မန်စီးတီးနဲ့ ယခုနှစ် အမှတ်ပေးပြိုင်ပွဲ ထိပ်တိုက် တွေ့ဆုံ မှုအရ ပထမ အကျော့မှာ ၅-၀ နဲ့ ရှုံးခဲ့ပြီး ဒုတိယအကျော့မှာ ၄-၃ နဲ့ ပြန်လည်အနိုင်ရရှိ ခဲ့ပါတယ်။

“ခင်ဗျား အခုပွဲကို လာကြည့်လိုက်ပါ။ ပထမအကျော့လို ၅-၀ နဲ့ ရှုံးလိမ့်မယ် လို့တွေးမလား။ ဒါမှမဟုတ် ဒုတိယအကျော့လို ၄-၃ နဲ့ နိုင်လိမ့်မယ်လို့ တွေး မလား။ တစ်ခုမှ မဟုတ်ဘူး။ကျွန်တော်တို့ အများကြီး ပြောင်းလဲ သွားကြ ပါပြီ။ သူတို့ဟာ ဒီပြိုင်ပွဲမှာ ရေပန်းစားနေတဲ့ အသင်းပါ။သို့သော်လည်း ကျွန်တော်တို့နဲ့ အဆင့်အတန်းအတူတူပါပဲ။သူတို့အသင်းက အမှတ်ပေးမှာ ထိပ်ကနေ ဦးဆောင်နေလို့ လေးစားရပါမယ်။ဒါပေမယ့် ကျွန်တော့်အသင်း အတွက် ဘာမှ ပြသနာမရှိဘူး”လို့ ကလော့က ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို အဆင့် တစ်နေရာကနေ ဦးဆောင်ထားပြီး လီဗာပူးလ်အသင်းကလည်း ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဖလားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ အဆိုပါနှစ်သင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်ပါတယ်။

NN

Leave a Reply