မန်းတိုင်းအတွင်း လိုင်စင်မဲ့ ဆေးကုသနေသူများအား ထိရောက်စွာ အရေးယူရန် အဆိုတင်

0
160

မန္တလေး၊ ဧပြီ ၂၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်ဆေးကုသခွင့်လိုင်စင်မရှိပဲ ဆေး ကုသပေးနေသည့်သူများကို ထိထိရောက်ရောက် အရေးမယူနိုင်သေးသည့် အတွက် ဥပဒေမဲ့ ဆေးကုနေသူများပိုမိုများပြားနေပြီး ထိရောက်စွာ အရေး ယူပေးရန် တိုက်တွန်းကြောင်း အဆိုကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဧပြီလ ၂ ရက်နေ့ကတင်သွင်းခဲ့သည်။

အဆိုပါ အဆိုကို အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန် က တင်သွင်းခဲ့ပြီး ယင်းအဆိုကို ဆွေးနွေးရန်သင့်မသင့် လွှတ်တော်၏ ဆန္ဒ သဘောထားကောက်ခံရာ ဆွေးနွေးသင့်ကြောင်း ထောက်ခံကြသည့် အတွက် ဧပြီလ (၃) ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

“ကျွန်တော့အနေနဲ့ ဒီအဆိုကို တင်သွင်းတဲ့အခါမှာ ဥပဒေမရှိသေးတာကို တင်တာမဟုတ်ပါဘူး ။ ဥပဒေရှိပြီးတော့ ဥပဒေပါအတိုင်း အကောင် အထည် ဖော်နိုင်မှု အားနည်းမေတဲ့အတွက်ကြောင့် အဆိုကို တင်သွင်း ရခြင်းဖြစ်ပါတယ် ။ ဒါ့ကြောင့် သက်ဆိုင်ရာအစိုးရအနေနဲ့လည်း ဥပဒေပါ အတိုင်းလုပ်ဆောင်နေတယ်ဆိုပြီး ဖြေကြားရုံနဲ့ ပြည်တွေ အခက်အခဲ ပြေလည်သွားမှာမဟုတ်ပါဘူး ။ လူနာတစ်ယောက်ကို ရမ်းကုက ကုလိုက် လို့ အသက်သေဆုံးသွားမှ အရေးယူတာထက် တရားမဝင် ဆေးကု သနေကြောင်း ကြားသိရုံနဲ့ ထိရောက်စွာအရေးယူသင့်တယ် ။´´ ဟု အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်က ပြောသည်။

အဆိုတင်သွင်းရာတွင် ပါဝါပွိုင့်ဖြင့်ထိုးပြ၍ နားနောက်ခွဲကာ သွေးတိုး ကုသနေမှု၊ ဒူးနာလျှင် ဒူးတွင် ဆေးအများအပြားထိုးမှု ၊ ခါးနာလျှင် ဒါးတွင် ဆေးအများအပြားထိုးမှု ၊ ခေါင်းကိုက်၍ ရင်သားခွဲစိတ်မှု ၊ လေဖြတ်နေသူ အား ရဲဒင်းအနောင့်ဖြင့် ထုထောင်းနေမှု စသည်တို့ကို ဓာတ်ပုံ ဗွီဒီယိုများဖြင့်ရှင်းလင်းပြသခဲ့သည်။

ထို့အပြင် မည်သည့်ရောဖြစ်ဖြစ် ဆေးတစ်မျိုးတည်းပေးခြင်း၊ ဒဏ်ရာများအား အပူဆေးဖြင့် အုံ၍ ကုသပေးခြင်းတို့ကြောင့် ဒဏ်ရာပိုမိုဖြစ်လာခြင်း စသည်တို့ကိုလည်း ရှင်းလင်းပြသခဲ့သည်။

ထိုသို့ နည်းလမ်းမကျသည့် ဆေးကုသမှုများကြောင့် လူနာများအနေဖြင့် ငွေကြေးကုန်ကျခြင်း ၊ ဆေးမမီတော့သည့်အချိန်မှ ဆေးရုံ ဆေးခန်းသို့ လွှဲသည့်အတွက် လူနာအသက်အန္တရာယ် ဆုံးရှုံးရခြင်းတို့ဖြစ်ပေါ်ကြောင်း ဒေါက်တာညီမင်းဟန်က ပြောသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း ပြည်ထောင်စု နယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၌ ဆေးကောင်စီဥပဒေဖြင့် အရေးယူမှုမှာ (၇) မှုသာရှိသည့်အတွက် အရေးယူမှုမှာ အလွန်နည်းသည့် အနေအထားတွင်ရှိနေသည်။

နိုင်လင်းဦး

Leave a Reply