အင်္ဂလန်အသင်းမှာ လူစားဝင်ကစားသမားအဖြစ် ပါချင်တယ်ဆိုတဲ့ ဒီဖိုး

0
197

ဧပြီ ၂ ၊ ၂၀၁၈

အသက် ၃၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူး ဂျာမိန်းဒီဖိုးဟာ ဒဏ်ရာတွေကြောင့် အနားယူနေရတာကြာခဲ့ပါပြီ။ သို့သော်လည်း ယခုတစ်ပတ် ကစားခဲ့တဲ့ ၀က်စ်ဖို့စ် နဲ့ ဘုန်းမောက်စ်ပွဲစဉ်မှာ ဘုန်းမောက်စ် အသင်းအတွက် သရေကျစေမယ့် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဘုန်းမောက်စ်အသင်းအတွက် ဂိုးသွင်းပြီးချိန်မှာ ဒီဖိုးက အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ လူစားဝင် ကစားသမားအဖြစ် လိုက်ပါချင်တယ်လို့ တောင်းဆို လိုက်ပါ တယ်။

“ကျွန်တော် ဘုန်းမောက်စ်မှာ အင်္ဂလန်ကစားသမားတစ်ယောက်အဖြစ်နဲ့ ပြန်လာခဲ့ပါပြီ”လို့ ဒီဖိုးက ဆိုပါတယ်။

သူဟာ ဒဏ်ရာကြောင့် ဘုန်းမောက်စ်အသင်းမှာရော အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာပါ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။သို့သော်လည်း ဒဏ်ရာပြဿနာ ကနေ ခက်ခဲစွာ ကြိုးစားခဲ့ပြီး သွင်းဂိုးတွေ ပြန်လည်သွင်းယူလာခဲ့ပြီ ဖြစ်ပါတယ်။

“အချိန် ၂ မိနစ်ပဲ ကျွန်တော်ဝင်ကစားပြီး အသင်းကို ကူညီနိုင်ခဲ့ပါတယ်။ အချိန်တိုလေးအတွင်းမှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို အားလုံး မြင်ကြပါလိမ့်မယ်။ ဆုံးဖြတ်ရမှာကတော့ အသင်းမန်နေဂျာရဲ့ အလုပ်ပါ။ ကျွန်တော်ဟာ အသင်းကို အကောင်းဆုံးကူညီနိုင်တယ်ဆိုတာတော့ သက်သေပြနိုင်ပါတယ်”လို့ ဒီဖိုးက ပြောပါတယ်။

NN

Leave a Reply