10000Steps Challenge ကျင်းပမည်

0
143

မန္တ​လေး၊ ဧပြီ ၂၊ ၂၀၁၈

မြန်​မာနိုင်​ငံတွင်​ ပထမဆုံး​​သော ​ခြေလှမ်းတစ်​​သောင်းလမ်း​လျှောက်​ခြင်း စိန်​​ခေါ်ပွဲကို မန္တ​လေးမြို့တွင်​ ယခုလမကုန်​ခင်​မှာ စတင်​ကျင်းပသွား မည်​ဖြစ်​​ကြောင်း ပွဲစီစဉ်​သည့်​ GELIGA အ​​ကြော​ပြေဒဏ်​​ကြေလိမ်း​ဆေး ကုမ္ပဏီမှသိရသည်​။

ယင်းခြေလှမ်းတစ်​​သောင်းလမ်း​လျှောက်​ခြင်း စိန်​​ခေါ်ပွဲကို ဧပြီလ ၂၈ရက်​ ၊ မေလ ၂၆ရက်​ နှင့် ဇွန်​လ ၂၃ရက်​နေ့တို့တွင် သုံးကြိမ်တိုင်တိုင် ကျင်းပ ပြုလုပ် ​မည်​ဖြစ်​ပြီး မနက်​ ၅နာရီ ၃၀ မိနစ်အချိန် မှ ၇ နာရီ ၃၀ မိနစ် အချိန်​ အတွင်း ​ခြေလှမ်း​ပေါင်းတစ်​​သောင်း ပြည့်​​အောင်​ ​လျှောက်​ရမည်​ဖြစ်​သည်​။

မန္တလေးမြို့တွင် ဆိုင်ကယ်အသုံးပြုမှုများသည့်အတွက် အများပြည်သူများ ကျန်းမာရေးလိုက်စားမှုရှိစေရန်နှင့် လမ်းလျှောက်ခြင်းကို ပြုလုပ်ဖြစ်စေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပွဲစီစဉ်​သူ မသက်​စုမွန်​က​ ပြောသည်​။

ပြိုင်​ပွဲကို မန္တ​လေးမြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီ​ရှေ့မှ လမ်း ၈၀ × ၁၂လမ်းထောင့်သို့ ၊ ထို့နောက် ၆၆ လမ်း ၁၉ လမ်း​ထောင့်​ တွင်​ ​ခြေလှမ်း တစ်​​သောင်းပြည့်​မည်​ဖြစ်​ပြီး ပြိုင်​ပွဲဝင် ၁၅၀၀ အနက်​ ပထမဆုံး ပန်းဝင်​သည့်​ ၈၀၀ အား GELIGA ကုမ္ပဏီ ၏အမှတ်​တရ လက်​​ဆောင်​များ နှင့်​ 10000 Steps Challenge ပြိုင်​ပွဲတံဆိပ်​ပြားကို ​ပေးအပ်​သွားမည်​ဖြစ်​သည်​။

ပြိုင်​ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် Form (ပုံစံ) ကို ၅၀၀၀ ကျပ်​ဖြင့်​​ရောင်းချ​ပေးထားပြီး ဝန်​​ဆောင်​မှုအ​နေဖြင့်​ ပြိုင်​ပွဲဝင်​ချိန်​အတွင်း ယာဉ်​မ​တော်​တဆမှုများမရှိ​စေရန်​ ယာဉ်​ထိန်းရဲဌာနအကူအညီများစီစဉ်​ထားခြင်း ၊ ကျန်းမာ​ရေးဝန်​​ဆောင်​မှုများစီစဉ်​ထား​ခြင်း တို့ရှိကြောင်း သိရသည်​။

10000 Steps Challenge ပွဲများကို အင်​ဒိုနီးရှား၊ မ​လေးရှား၊စင်္ကာပူ စသည့်​ ပြည်​ပနိုင်​ငံများတွင်​ Weekly ကမ်းပိန်းအ​နေဖြင့်​ပြုလုပ်​​လေ့ရှိပြီး မြန်​မာနိုင်​ငံတွင်​ ပထမဆုံးအကြိမ်​ ကျင်းပခြင်းဖြစ်​ကာ ၂၀၁၈ခုနှစ်​ ဒီဇင်​ဘာလ တွင်​ ရန်​ကုန်​မြို့ ကန်​​တော်​ကြီး တွင်​ပြုလုပ်​သွားမည်​ဖြစ်​​သည် ။

နိုင်လင်းဦး

Leave a Reply