ေကာ္မတီ အႀကံေပးအဖဲြ႕ဖဲြ႕စည္းရာတြင္ ရခိုင္ျပည္နယ္၏ေျမျပင္အေျခအေနကို နားလည္သူမ်ားပါေစလို

0
198

ရန္ကုန္ ၊ ဒီဇင္ဘာ ၉ -၂၀၁၇

ရခိုင္ျပည္နယ္ဆိုင္ရာအႀကံျပဳခ်က္မ်ားအေပၚအေကာင္ အထည္ေဖာ္ေဆာင္ရြက္ေရးေကာ္မတီအႀကံေပးအဖဲြ႕တြင္ ရခိုင္ေဒသေျမာက္ပိုင္းရွိေျမျပင္အေျခအေနႏွင့္ ရခိုင္သမိုင္း ေၾကာင္းကိုေကာင္းစြာနားလည္သူမ်ားပါ၀င္ေစလိုေၾကာင္း ရေသ့ေတာင္ၿမိဳ႕နယ္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေ၀ကေျပာသည္။

ရခိုင္ျပည္နယ္ဆိုင္ရာအႀကံျပဳခ်က္မ်ားအေပၚအေကာင္ အထည္ေဖာ္ေဆာင္ရြက္ေရးေကာ္မတီအႀကံေပးအဖဲြ႕ကို ထိုင္း၀န္ႀကီးခ်ဳပ္ေဟာင္းႏွင့္ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္း Dr. Surakiart Sathirathai အပါအ၀င္ျပည္တြင္းျပည္ပပညာရွင္မ်ားျဖင့္ ဖဲြ႕စည္းခဲ့ၿပီး ဒီဇင္ဘာ ၈ရက္ေန႔က ႏိုင္ငံေတာ္သမၼ တဦးထင္ေက်ာ္က လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့သည္။

“ရခိုင္ျပည္နယ္ကိုယ္စားျပဳေပါ့ေနာ္။ရခိုင္ျပည္နယ္ဆိုတာကေျမျပင္အေျခအေနကိုသိဖို႔လိုအပ္တယ္။ ေနာက္တစ္ခါသ မိုင္းေတြလည္းရွိတယ္ ရခိုင္သမိုင္းေတြ ဒီမြတ္စလင္ေတြနယ္ေျမေတာင္းတဲ့ ကိစၥေတြေပၚမွာ သိဖို႔လိုအပ္တယ္။ ေျမျပင္ အေျခအေနမွာ တိုင္းရင္းသားေတြရဲ႕ ခံစားခ်က္ေတြကို ေျပာျပႏိုင္ဖို႔လိုတယ္ လို႔ျမင္တယ္”ဟုေဒၚခင္ေစာေ၀ ကေျပာ သည္။

ရခိုင္ေဒသအေၾကာင္းကိုေကာင္းစြာနားလည္သည့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၏ အႀကံျပဳခ်က္ကုိနားေထာင္ေပးရန္ လိုအပ္ေၾကာင္းေဒၚခင္ေစာေ၀က ဆက္လက္ေျပာသည္။

ယခုဖဲြ႕စည္းလိုက္သည့္အဖဲြ႕သည္ ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴး ခ်ဳပ္ေဟာင္းကိုဖီအာနန္ဦးေဆာင္သည့္အႀကံ ေပးေကာ္မရွင္၏ အႀကံျပဳခ်က္ မ်ားကိုအေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္ဖဲြ႕စည္းထားသည့္ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္ အထည္ေဖာ္ေဆာင္ရြက္ေရးေကာ္မတီ၏ လုပ္ငန္းတာ၀န္မ်ားႏွင့္ အညီ အႀကံဥာဏ္ မ်ားေပးႏိုင္ေရးေဆာင္ရြက္ရန္ျဖစ္ေၾကာင္းသိရသည္။

အႀကံေပးအဖဲြ႕တြင္ပါ၀င္ေဆာင္ရြက္ရမည္ကို ၾကားသိရေသာ္လည္း စတင္လုပ္ေဆာင္ရမည့္အပိုင္းကို ညႊန္ၾကားထား ျခင္းမရွိေသးေၾကာင္း အႀကံေပးအဖြဲ႕တြင္ ပါ၀င္လာသည့္ အဖဲြ႕၀င္ေဒးဒရဲၿမိဳ႕နယ္ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚခင္ညိဳကေျပာသည္။

အႀကံေပးအဖဲြ႕တြင္ ထိုင္းဒုတိယ၀န္ႀကီးခ်ဳပ္ေဟာင္း အပါ အ၀င္ ဆီြဒင္ပါလီမန္အဖဲြ႕၀င္ Mr. Urban Ahlin ၊ အေမရိကန္ နယူး မကၠဆီကိုျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေဟာင္း Bill Richardson ၊ ၿဗိတိန္ဘုရင့္ေကာင္စီအဖဲြ႕၀င္ေဟာင္း Professor Lord Derzi ၊ ေတာင္အာဖရိကကာကြယ္ေရး၀န္ႀကီးေဟာင္း Mr.Roelof Petrus ၊ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္ဥကၠ႒ ဦး၀င္းျမ ၊ ကုလသမဂၢလက္ေထာက္အ တြင္းေရးမွဴးခ်ဳပ္ေဟာင္း ဦးထြန္းျမတ္ ၊ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္အဖဲြ႕၀င္ ဦးခင္ေမာင္ေလး ၊ အာဆီယံအစိုးရျခင္းဆိုင္ရာ လူ႕အခြင့္အေရးေကာ္မရွင္အဖဲြ႕၀င္ အၿငိမ္းစားသံအမတ္ႀကီး ဦးလွျမင့္ ၊ ျပည္သူ႕လႊတ္ ေတာ္က်န္းမာေရးႏွင့္ အားကစားဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ၀င္ေဒါက္တာေဒၚခင္ညိဳတို႔ႏွင့္ဖဲြ႕စည္းထားသည္။

ကိုဥာဏ္

ရန်ကုန် ၊ ဒီဇင်ဘာ ၉ -၂၀၁၇

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့တွင် ရခိုင်ဒေသမြောက်ပိုင်းရှိမြေပြင်အခြေအနေနှင့် ရခိုင်သမိုင်း ကြောင်းကိုကောင်းစွာနားလည်သူများပါ၀င်စေလိုကြောင်း ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့ကို ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့်နိုင်ငံခြားရေးဝန်ကြီးဟောင်း Dr. Surakiart Sathirathai အပါအဝင်ပြည်တွင်းပြည်ပပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ပြီး ဒီဇင်ဘာ ၈ရက်နေ့က နိုင်ငံတော်သမ္မ တဦးထင်ကျော်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

“ရခိုင်ပြည်နယ်ကိုယ်စားပြုပေါ့နော်။ရခိုင်ပြည်နယ်ဆိုတာကမြေပြင်အခြေအနေကိုသိဖို့လိုအပ်တယ်။ နောက်တစ်ခါသ မိုင်းတွေလည်းရှိတယ် ရခိုင်သမိုင်းတွေ ဒီမွတ်စလင်တွေနယ်မြေတောင်းတဲ့ ကိစ္စတွေပေါ်မှာ သိဖို့လိုအပ်တယ်။ မြေပြင် အခြေအနေမှာ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို ပြောပြနိုင်ဖို့လိုတယ် လို့မြင်တယ်”ဟုဒေါ်ခင်စောဝေ ကပြော သည်။

ရခိုင်ဒေသအကြောင်းကိုကောင်းစွာနားလည်သည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုချက်ကိုနားထောင်ပေးရန် လိုအပ်ကြောင်းဒေါ်ခင်စောဝေက ဆက်လက်ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့်အဖွဲ့သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်သည့်အကြံ ပေးကော်မရှင်၏ အကြံပြုချက် များကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အညီ အကြံဉာဏ် များပေးနိုင်ရေးဆောင်ရွက်ရန်ဖြစ်ကြောင်းသိရသည်။

အကြံပေးအဖွဲ့တွင်ပါ၀င်ဆောင်ရွက်ရမည်ကို ကြားသိရသော်လည်း စတင်လုပ်ဆောင်ရမည့်အပိုင်းကို ညွှန်ကြားထား ခြင်းမရှိသေးကြောင်း အကြံပေးအဖွဲ့တွင် ပါ၀င်လာသည့် အဖွဲ့ဝင်ဒေးဒရဲမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုကပြောသည်။

အကြံပေးအဖွဲ့တွင် ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း အပါ အဝင် ဆွီဒင်ပါလီမန်အဖွဲ့ဝင် Mr. Urban Ahlin ၊ အမေရိကန် နယူး မက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson ၊ ဗြိတိန်ဘုရင့်ကောင်စီအဖွဲ့ဝင်ဟောင်း Professor Lord Derzi ၊ တောင်အာဖရိကကာကွယ်ရေးဝန်ကြီးဟောင်း Mr.Roelof Petrus ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ ၊ ကုလသမဂ္ဂလက်ထောက်အ တွင်းရေးမှူးချုပ်ဟောင်း ဦးထွန်းမြတ် ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး ၊ အာဆီယံအစိုးရခြင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အငြိမ်းစားသံအမတ်ကြီး ဦးလှမြင့် ၊ ပြည်သူ့လွှတ် တော်ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်ဒေါက်တာဒေါ်ခင်ညိုတို့နှင့်ဖွဲ့စည်းထားသည်။

ကိုဉာဏ်

 

Leave a Reply