ကားမီးလောင်မှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာအလုပ်သမားများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ထောက်ပံ့မှုများလုပ်ဆောင်မည်

0
157

နေပြည်တော်၊ ဧပြီ ၃ ၊ ၂၀၁၈

မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ၀န်ကြီး ဌာနတို့မှ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် မော်တော်ယာဉ် သည် ထိုင်းနိုင်ငံမဲဆောက်မြို့အလွန်တွင် မီးလောင်ခဲ့မှုကြောင့် သေဆုံး သွား သည့်မြန်မာအလုပ်သမားများကို ထောက်ပံ့မှုများ လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ သိရှိရသည်။

“ဥပဒေပိုင်းဆိုင်ရာဆိုရင်တော့ ထိုင်းအစိုးရကလည်း ဒီဖြစ်စဉ်ကို သတင်း စာ မျက်နှာဖုံးမှာ ဒီသတင်းပါတယ်။ သူတို့ တော်တော်လေး အလေးထား ဆောင်ရွက်ပါတယ်။ အလုပ်သမားတွေက အလုပ်ခွင်တော့မရောက်သေး ဘူးပေါ့။ သူတို့ရသင့်ရထိုက်တဲ့နစ်နာကြေးတွေ၊ အသက်အာမခံကြေးတွေ ၊ နောက်ပြီးမြူနီစပယ်ကပေးကိုပေးရမဲ့နစ်နာကြေးတွေရဖို့ သူတို့ဖက်က လည်း တာဝန်ယူပါတယ်။ မြန်မာနိုင်ငံဖက်ကလည်း လူမှုဝန်ထမ်း ၀န်ကြီး ဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနကလည်း ထောက်ပံ့မှုတွေ လုပ်ထားတယ်။ ကရုဏာကြေးပေါ့ပံ့ပိုးကူညီနေပါတယ်”ဟုအလုပ်သမား၊လူဝင်မှုကြီးကြပ်
ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကပြောသည်။

ဧပြီလ ၃ ရက်နေ့က နေပြည်တော်ရှိ Grand Amara Hotel တွင်ကျင်းပ ပြုလုပ် သည့် ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား ဘေးအန္တရာယ်များသိရှိနားလည်၍ ကာကွယ်တားဆီးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် သတင်း ထောက် များ၏မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ကားမီးလောင်မှုတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရောက် အလုပ် လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၄၇ ဦး လိုက်ပါလာခဲ့ရာမှ ၂၀ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါသေဆုံးခဲ့သည့် ၂၀ ဦးတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး၁၈ ဦးတို့ပါဝင်ပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် ထိုင်းနိုင်ငံ တာ့ခ်မြို့ရှိဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျှက် ရှိကြောင်း မြန်မာ နိုင်ငံအလုပ်သမားသံအရာရှိရုံး၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြ ထားကြောင်းသိရှိရသည်။

ကားမှောက်မှုဖြစ်စဉ်ဖြစ်ပွားချိန်တွင် ၀န်ကြီး ဦးသိန်းဆွေအနေဖြင့် ထိုင်းအလုပ်သမားဝန်ကြီးနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ ဖြစ်ပွားသည့်နေရာသို့သွားရောက်၍ ထိုင်းနိုင်ငံမှ သံအရာရှိများနှင့် တဖက်နိုင်ငံရှိဝန်ကြီးဌာနများနှင့် ပူးပေါင်းဆက်ဆွယ်ဆောင်ရွက်ခဲ့ကြောင်း ဦးသိန်းဆွေကပြောသည်။

“ပူးပေါင်းပြီးအဲ့ဒီနေရာကို ရောက်အောင်သွားတယ်။ ဆေးရုံတက် လူနာတွေကို ကြည့်ရှုစောင့်ရှောက်ပေးတယ်။ သေဆုံးသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းခွဲခြားပေးတယ်။ ပြီးတော့မှ မိသားစုကို အကြောင်းကြားပေးတယ်” ဟု ဦးသိန်းဆွေကပြောသည်။

အလုပ်သမားသံအရာရှိရုံးများအနေဖြင့် သေဆုံးခဲ့သည့်အလုပ်သမားများ အား နာရေးကိစ္စများ၊ ခံစားခွင့်များရရှိနိုင်ရေးအတွက် ညှိုနှိုင်းဆောင်ရွက် မှုများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) အနေဖြင့်လည်း လိုအပ် သည့် ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိရုံး၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာအေဂျင်စီ Stars Pioneer Co:Ltd မှ တဆင့် ပို့ဆောင်ပေးခြင်းဖြစ်ရာ ဘန်ကောက် မရောက်မီ မဲဆောက်မြို့အလွန်တွင် ကားမီးလောင်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ယဉ်ကေနွယ်

Leave a Reply