တိုင်းနှင့်​ပြည်​နယ်​ ၄ ခုမှအပ ကျန်​​နေရာ​ဒေသများတွင်​ စပါးသို​လှောင်​ရုံများ တည်​​ဆောက်​မည်

0
140

ရန်ကုန်၊ ဧပြီ ၃ ၊၂၀၁၈

ချင်းပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊နေပြည်တော်ကောင်စီနှင့်ကယား
ပြည်နယ်တို့မှ အပ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်သိုလှောင်ရုံများ ကို တစ်ပြိုင်နက်တည်းတည်ဆောက်သွားမည်ဖြစ်​​ကြောင်းမြန်​မာနိုင်​ငံ
ဆန်​စပါး အသင်းချုပ်​မှ အတွင်း​ရေးမှူး ဦးရဲမင်း​အောင်​က​ပြောသည်​။

ယင်းကဲ့သို့တည်​​ဆောက်​သွားရန်​အတွက်​ ဆန်စပါးကဏ္ဍ၏ SME ချေးငွေ အဖြစ်​လျာထားပေး​​သောကျပ်​ (၆၀)ဘီလီယံထဲမှ ကျပ် (၁၅)ဘီလီယံကို ယခုနှစ်​အတွင်း လျာထားပေးရန် အစိုးရသို့ တင်ပြတောင်းဆို ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

“သိုလှောင်ရုံများများရှိရင် ဈေးကွက်ထဲက တောင်သူလယ်သမားတွေ
များများပိုပြီး ဝယ်နိုင်ရင် ဈေး တွေလည်း မကျဘူး။ အဲ့တော့တောင်သူ လယ်သမားတွေက များများရောင်ချင်တဲ့ အချိန်ကျတော့ သို လှောင်ရုံတွေက အဓိကကျပါတယ်​။ ဒီကိစ္စက တောင်သူလယ်သမားနဲ့ ကုန်သည်တွေ ကြားမှာ တစ်ချို့ကထင်တာကုန်သည်တွေက တောင်သူလယ်သမားတွေကို ဈေးနိမ့်တယ်လို့ ထင်နေတယ်။ အမှန်တကယ်တောင်သူလယ်သမား တွေ မှာ အခက်ခဲရှိသလို ကုန်သည်တွေမှာလည်း အခက်ခဲရှိတယ်။သိုလှောင်ရုံ မရှိရင် ဘာမှမလုပ်နိုင်တဲ့အတွက် ကျွန်တော်တို့သို​လှောင်ကိစ္စကို ဦးစားပေး တာပါ။”ဟု ၎င်းက ပြောသည်။

စပါး​ဈေးကွက်​တွင်​ ကာလရှည်​​ဈေးကွက်​ရရှိ​စေရန်​နှင့်​ မိမိကိုယ်​တိုင်​ ထိန်းချုပ် ​နိုင်​သည့်​စနစ်​ဖြစ်​​စေရန်​မှာ သို​လှောင်​ရုံ​များစွာလိုအပ်​ပြီး ယင်းသို့ လုပ်​​ဆောင်​ရန်​အတွက်​လည်း သက်​ဆိုင်​ရာ လုပ်​ငန်းရှင်​များနှင့်​ ညှိနှိုင်း ထားပြီးဖြစ်​​ကြောင်း​စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းကပြောသည်။

“ကျွန်တော်တို့ရဲ့ ဈေးကွက်ခိုင်မာဖို့ဆိုရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံကို မှီခိုနေရတဲ့ ဈေးကွက်အစား Market တိုးချဲ့ နိုင်အောင်စဉ်းစား ရ မယ်။ အဲ့လိုလုပ်ပေမယ့်​လည်း ကျွန်တော်တို့ ထုတ်လုပ်တဲ့ထုတ်ကုန် တွေက ရောင်းချင်တဲ့အချိန်မှာ ရောင်းလို့ရတယ်။ မရောင်းချင်တဲ့ အချိန်မှာ ထိန်းရောင်းမယ်ဆိုရင် သိုလှောင်တဲ့ စနစ်ကလိုလာနေပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံတခွင်လုံးကို လိုက်ကြည့်ပါ။ ဘယ်မှာမှ ကောင်းမွန်စွာ သိုလှောင်နိုင်တဲ့ အရည်အတွက်များများသိုလှောင်နိုင်တဲ့ သိုလှောင်မှုစနစ် လုံးဝမရှိသေးဘူး။ ဒါကကျွန်တော်တို့အတွက် လိုအပ်ချက်ပဲ။ ဒါကို ကျွန်တော်တို့ဖြည့်ကိုဖြည့်ရမယ်။”ဟု ၎င်းက​ပြောသည်​။

ထို့ပြင်​​ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်မှ လက်ခံသော ရှည်၍သွယ်သည့် (Long & Slender) ရက် (၉၀)၊ ရက် (၁၀၀) စသော ရက်တိုစပါးမျိုးများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ Breeder Seed, Foundation Seed များ တိုးမြှင့် ထုတ်ပေးနိုင်ရန်၊ စပါးမျိုးကောင်း မျိုးသန့်ထုတ်လုပ်ငန်းတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ရန်နှင့်​နွေစပါးပေါ်ချိန်၌ စက်ပိုင်လုပ်ငန်းရှင်များ၊ ဆန်ကုန် သည်များ၊ Exporter များမှ သုံးလတာအတွင်း စပါးဝယ်ယူရန် ကာလတို ချေးငွေ ထုတ်ချေးပေးရန်​တို့ကိုလည်း အစိုးရသို့တင်​ပြထား​ကြောင်း သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply