တပ်​မ​တော်​​လေ့ကျင့်​​ရေး​လေယာဉ်​ပျက်​ကျမှု လေ​ယာဉ်​​မောင်းသေဆုံး

0
198

ပဲခူး၊ ဧပြီ ၃၊ ၂ဝ၁၈

တောင်​ငူမြို့နယ်​ကျွန်းကုန်း​ကျေးရွာအနီးတပ်မ​တော်​​လေ့ကျင့်​​ရေး​လေယာဉ်​ တစ်​စီးသည် ယ​နေနံနက်​ ၁ဝ နာရီခွဲအချိန်​ခန့်​က ပျက်​ကျခဲ့ရာတွင်​ ​လေ ယာဉ်​​မောင်းသူ ​သေဆုံးသွားခဲ့​ကြောင်း ကျွန်းကုန်​နယ်​​မြေရဲစခန်းမှ အတည်​ပြု​ပြောကြားသည်​။

အဆိုပါ​လေ့ကျင့်​​ရေး​လေယာဉ်​သည်​ ကျွန်းကုန်း​ကျေးရွာနှင့်​​လေးဖာလုံ
ခန့်​​ဝေးသည့်​ လယ်​ကွင်းအတွင်းသို့ပျက်​ကျခဲ့ခြင်းဖြစ်​ကာ အခင်းဖြစ်​​နေရာမှ လေယာဉ်​​မောင်းဖြစ်​သူအား အ​ရေး​ပေါ်လူနာတင်​ယာဉ်​ဖြင့်​ အမှတ်​(၃)စစ်​​မြေပြင်​​ဆေးတပ်​ရင်းရှိ စစ်​​ဆေးရုံသို့ပို့​ဆောင်​စဉ်​ ​ဆေးရုံအ​ရောက်​တွင်​ ​လေယာဉ်​​မောင်းသူ​သေဆုံးသွားခဲ့ခြင်းဖြစ်​​ကြောင်း အဆိုပါစခန်းမှ သိရသည်​။

“ကျွန်​​တော်​တို့ဒီကိစ္စနဲ့ပတ်​သက်​ပြီး အထက်​အဖွဲ့အစည်းအဆင့်​ဆင့်​ ထံ ​ကြေးနန်း​ပေးပို့နိုင်​ဖို့အတွက်​ စစ်​​ဆေးမှု​တွေ လုပ်​​ဆောင်​​နေပါတယ်​။ အကြမ်းဖျဉ်း​တော့ စက်​ချို့ယွင်းမှု​ကြောင့်​ဖြစ်​တာလို့ပဲ သုံးသပ်​ပါတယ်​။ အ​သေးစိတ်​အ​ခြေအ​နေ​တွေကို​တော့ ထုတ်​ပြန်​နိုင်​ခြင်းမရှိ​သေးပါဘူး” ဟု ကျွန်းကုန်းနယ်​​မြေရဲစခန်းမှူးက ​ပြောသည်​။

အထက်​ပါ​လေယာဉ်​သည်​ မြန်​မာ့တပ်​မ​တော်​(​လေ) မှ F 7 ​လေယာဉ်​အမျိုးအစားဖြစ်​ပြီး တိုက်​ခိုက်​​ရေး​လေယာဉ်​တစ်​စီးဖြစ်​နိုင်​​ကြောင်း အဆိုပါနယ်​​မြေစခန်းမှူးက မှတ်​ချက်​​ပေးသည်​။

အခင်းဖြစ်​ပွားသည့်​ ကျွန်းကုန်း​ကျေးရွာအနီးသို့ တပ်​မ​တော်​အရာရှိအချို့နှင့်​ မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့ဝင်​များ၊ မီးသတ်​တပ်​ဖွဲ့ဝင်​များနှင့်​ နယ်​​မြေအတွင်းရှိအုပ်​ချုပ်​​ရေးအဖွဲ့များမှ သွား​ရောက်​စစ်​​ဆေးခဲ့ပြီး မည်​သည့်​အတွက်​​ကြောင့်​ ပျက်​ကျခဲ့သည်​ကို ထုတ်​ပြန်​ခြင်းမရှိ​သေး​ပေ။

မိုး​မြေ

ဓာတ်ပုံ – Facebook

Leave a Reply